အသက်မပြည့်သော ကျောင်းသူအား နှစ်ကြိမ် တိုင်တိုင် အဓမ္မ ပြုကျင့်

အသက်မပြည့်သော ကျောင်းသူအား နှစ်ကြိမ် တိုင်တိုင် အဓမ္မ ပြုကျင့်
by -
Citizen Journalist

ဧရာဝတီတိုင်း၊ ဟင်္သာတ ခရိုင်၊ ဟင်္သာတမြို့နယ်၊ လိပ်ချောင်း ကျေးရွာအုပ်စု ချောင်းကလေး ကျေးရွာမှ အသက် မပြည့်သေးသည့် ကျောင်းသူ မစုမေသော်အား နှစ်ကြိမ် တိုင်တိုင် အဓမ္မ ပြုကျင့်ခဲ့ပြီး ကိုဝန်ရှိလာသည့်အခါ ဖျက်ချခြင်း ခံခဲ့ရပါသည်။

ဧရာဝတီတိုင်း၊ ဟင်္သာတ ခရိုင်၊ ဟင်္သာတမြို့နယ်၊ လိပ်ချောင်း ကျေးရွာအုပ်စု ချောင်းကလေး ကျေးရွာမှ အသက် မပြည့်သေးသည့် ကျောင်းသူ မစုမေသော်အား နှစ်ကြိမ် တိုင်တိုင် အဓမ္မ ပြုကျင့်ခဲ့ပြီး ကိုဝန်ရှိ လာသည့်အခါ ဖျက်ချခြင်း ခံခဲ့ရပါသည်။ ထိုအမှုအတွက် တိုင်ချက် ဖွင့်ထားသော်လည်း ရုံးချိန်း (၁၄) ကြိမ် ထက်မနည်း ချိန်းဆိုခဲ့ပြီး ဖြစ်ကာ အမှုအား မစစ်ဆေး ခဲ့သေးကြောင်း ရပ်ရွာ လူကြီးတစ်ဦး ဖြစ်သူ ကိုဘိုဖြူမှ အတည်ပြု ပြောကြား ခဲ့ပါသည်။
ko_bo_phyu
“(၂/၆/၂၀၁၀) မှ ကျွန်တော်တို့ စတင် တိုင်ကြားထားတာပါ။ အခုချိန်ထိ မစစ်ဆေးသေးပါဘူး။ မစုမေသော် (၁၃) နှစ် ပြည့်ဖို့ ငါးရက်အလိုမှာ တစ်ကြိမ်၊ (၁၃) နှစ်နဲ့ (၁၄) ရက်သားမှာ ဒုတိယ အကြိမ် အစော်ကား ခံရတယ်။ အသက် (၁၄) နှစ် (၁၀) လပိုင်း ရက်နှစ်ဆယ်သားမှာ ကိုယ်ဝန်ကို ဖျက်ချခံခဲ့ရ တယ်။ ဒီလိုရက်မပြည့်တဲ့ ကလေးကို စော်ကာားပြီးတော့ ကနေ့အထိ ရုံးချိန်းတွေ ခဏခဏ ချိန်းတယ်၊ ဘာကြောင့်လဲ၊ ဒီအမှုမှန်ကို ပေါ်ပေါက်အောင်အတွက် နိုင်ငံတော် အကြီးအကဲနဲ့များနှင့်တကွဝိုင်းဝန်း ကူညီ ဆောင်ရွက် ပေးစေလိုပါတယ်”ဟု ကိုဘိုဖြူမှ ပြောပါသည်။

မစုမေသော်၏ မွေးသက္ကရာဇ်မှာ ၁၃၅၈ ခု တန်ခူးလဆုတ် ၁၁ ရက် ဖြစ်ပါသည်။ ထိုသို့ဖြစ်ပွားခဲ့ပြီးနောက် မစုမေသော် တက်ရောက် သင်ကြားခဲ့သည့် ကျောင်းမှ ကျောင်းအုပ် ဆရာမကြီးနှင့်တကွ သက်ဆိုင်ရာများ ကို တိုင်တန်း ထားသော်လည်း နောက်ဆုံး ရုံးချိန်း သုံးချိန်း၌ ကျောင်းအုပ် ဆရာမကြီး မလာပါဟု အကြောင်းပြချက်မှတပါး အခြား အကြောင်းပြချက် မရှိပဲ အမှုကို မစစ်ဆေးပဲနှင့် အချိန်ဆွဲ ထားခဲ့ကြောင်း ရပ်မိရပ်ဖ တစ်ဦးမှ ထွက်ဆို ထားပါသည်။
sumaytaw_thumb_medium500_293
တရားလိုဖြစ်သူ မစုမေသော်မှလည်း “သမီးတိုု့ ရုံးကို ဦးတိုက်လျှောက်တာ အခုဆိုရင် လေးငါးလလောက် ရှိပါပြီ၊ သမီးတို့ကို စစ်ဆေးလည်း မစစ်ဆေး သေးပါဘူး၊ ဆရာမကြီးကို ခေါ်စစ်မယ်ဆိုပြီးမခေါ်စစ်ပါ ဘူး။ သမီးတို့ ရုံးချိန်းတက်နေတာ လေးငါးလလောက် ရှိပါပြီ၊ ပထမ အကြိမ် အဓမ္မ ပြုကျင့်ခံရတုန်းက သမီးအသက် (၁၃) နှစ်ပြည့်ဖို့ ငါးရက် လိုပါတယ်၊ အဲဒီလိုဖြစ်ပြီး သမီး ဓမ္မတာ မလာတော့ အမေ့ကို ပြောတယ်၊ အမေက လူလွှတ်ပြီးတော့ သူ့ကို လက်ထပ်ယူဖို့ သွားပြောခိုင်းတယ်၊ သူက မယူနိုင်ဘူးလို့ ပြောတယ်၊ အဲဒီမှာပဲ အမေနဲ့ ရန်ဖြစ် စကားများကြတယ်” ဟု မစုမေသော်မှ ထွက်ဆိုခဲ့ပါသည်။

၁၃၇၁ ခု တန်ခူးလဆုတ် ငါးရက်နေ့၌ တရားခံဖြစ်သူ သိုက်စိုးမှ မစုမေသော်အား ငါးယူရန်ဟု ဆိုကာ ခေါ်ဆို သွားခဲ့ပါသည်။ တရားခံသိုက်စိုးက ရှေ့မှ စောင့်နေခဲ့သည်။ လမ်းဘေးတစ်နေရာ၌ ဖျက်ဆီး ခဲ့ပါသည်။ ရဲစခန်း၍ အမှုဖွင့်ကာ ပုဒ်မ ၄၁၇ နဲ့ အရေးယူ ဆောင်ရွက်ထားပြီး အမှုမှန် ပေါ်ပေါက်အောင် ရှေ့ဆက် လက်ဆက် ဆောင်ရွက် ပေးသေးခြင်း မရှိသေးပေ၊ တရားလို မစုမေသော်၏ အကို ဖြစ်သူ အားလည်း မဟုတ်မမှန် သတင်းပေးမှုဖြင့် ဒုရဲအုပ် စိုးလွင်မှ ပုဒ်မ ၁၈၂/၅၀၀ ဖြင့် မြို့နယ် တရားရုံး၌ ပြည်လည် ပြည်လည် တရားစွဲဆိုထားခြင်း ခံထားရပါသည်။

sumaytaw_bro1_thumb_medium500_321
ထိုဖြစ်ရပ် ဖြစ်ပွားခဲ့သည်မှာ တစ်နှစ်ခန့် ရှိပြီ ဖြစ်ခဲ့သော်လည်း ယနေ့ လက်ရှိအထိ အမှုမှန်မပေါ်ေ သးကြောင်း ထိုဒေသတွင် နေထိုင်သည့် ရန်ကုန်ရောက် အမည်မဖော်လိုသူ ရွာသား တစ်ဦးမှပြောပါ သည်။

လက်ရှိအစိုးရသစ်သည် အစိုးရသက်တမ်း ရှစ်လ ကျော်ကျော်၌ နိုင်ငံတကာ ဆက်ဆံရေး၌ အားပေးအားမြောက်ပြုကာ စွမ်းစွမ်းတမံ စွမ်းဆောင် နေသော်လည်း တရားရေး မဏ္ဍိုင်ကဏ္ဍမှ အားနည်းချက်ကို မဖြည့်ဆည်းနိုင်ခဲ့သေးပေ။

(မှတ်ချက် - အမှုမှန် ပေါ်ပေါက်စေလိုသော ဆန္ဒဖြင့် တင်ပြခြင်းဖြစ်၍ သတင်း အရင်းအမြစ်ကို ထိန်ချန် ထားခဲ့ပါသည်။ သက်ဆိုင်သူများမှ နားလည်ပေးကြပါရန် မေတ္တာရပ်ခံ အပ်ပါသည်။)

Most read this week