အစိုးရသစ်ကို အပစ်အခတ်ရပ်ဆဲဖို့ ကေအာန်ယူမှ ကြေညာချက်ထုတ်ပြန်

အစိုးရသစ်ကို အပစ်အခတ်ရပ်ဆဲဖို့ ကေအာန်ယူမှ ကြေညာချက်ထုတ်ပြန်
by -
ကိုသိုက်

ကိုသိုက်(ဧပြီ-၇)။ ။ မြန်မာစစ်အစိုးရနဲ့ လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့ ကရင် လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ ကေအာန် ယူခေါ် ကရင်အမျိုးသားအစည်းအရုံးကနေ အခုတက်လာတဲ့ အစိုးရသစ်ကိုအပစ်အခတ် ရပ်ဆဲဖို့နဲ့ နိုင်ငံရေးပြသနာကို နိုင်ငံရေး နည်းလမ်း အရဖြေရှင်းဖို့ဆိုပြီး ဧပြီလ(၄)ရက်နေ့မှာ ကြေညာချက်တစ်စောင်

ထုတ်ပြန် ထားပါတယ်။ သမ္မတဦးသိန်းစိန်ခေါင်းဆောင်တဲ့ အခုတက်လာတဲ့အစိုးရသစ်ဟာလည်း တပ်မတော်ကသာ လွှမ်းမိုးနေတဲ့ အတွက် နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းနိုင်ခြေရှိမရှိဆိုတဲ့မေးခွန်းအပေါ် ကေအာန်ယူခေါ် ကရင်အမျိုးသား အစည်းအရုံးရဲ့ အေထွေထွေအတွင်းရေးမှူး နော်စီရာဖိုးရာစိန်က ဗွီအိုအေကို အခုလိုပြော ပါတယ်။

" Listen radio voice speed"(Mp3)

“ဒီတက်လာမဲ့အစိုးရကတော့ ဘယ်လိုဘဲဖြစ်ဖြစ် သူတို့ပေါ်လစီကတော့တိုင်းရင်းသားအပေါ်မှာပြောင်းလဲမှာ မဟုတ်ဘူးလို့ တကယ်လို့သူတို့ပြောအကြောင်းထဲမှာဆိုရင် ပထမအဆင့်ကဒီ တစ်နိုင်ငံလုံးမှာအပစ်ခတ်ရပ်ဆဲ ရေးလုပ်ဖို့လိုတယ်။ ပြီးတော့လူထုေတွေအပေါ်ဒီလို လူ့အခွင့်အရေးချိုးဖေါက်တာကိုပြီးတော့လူထု တွေကို စစ်တပ်အတွက်အသုံးပြုပြီးတော့ စစ်တပ်ကိုအကာကွယ်တဲ့အနေသုံးရတဲ့အတွက်ကြောင့် ဒါတွေ ကိုသူတို့က ရပ်ဆဲရမှာဖြစ်တယ်။ ဒီလိုရပ်ဆဲမှဘဲအစိုးရသစ်ကတော့ ပြောပြောင်းလဲနေတာအဲတာကျွန်မတို့ဒီလိုမြင်တာ ပေါ့။ ဒါကိုအကောင်အထည်ဖေါ်ရမယ်။ နိုင်ငံရေးပြသနာကိုနိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့အတွက်ကဒါတွေ့ဆုံ ဆွေးနွေးရေးဘဲ။ အဲတာကျွန်မတို့ဒီလိုဘဲယုံကြည်တယ်။”

ကရင့်အမျိုးသားအစည်းအရုံးကနှေ အခုပေါ်ပေါက်လာတဲ့အစိုးရသစ်ကို ပထမခြေလှမ်းအဖြစ်တနိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲရေးလုပ်ဆောင်ဖို့ တိုင်းရင်းသားဒေသများမှာ တပ်စွဲထားတဲ့စစ်တပ်တွေ ကို ပြန်လည်ရုပ်သိမ်းပေးဖို့၊ စစ်တပ်ကနေအပြစ်မဲ့ပြည်သူတွေကို အဓိကထား ထိုးစစ်ဆင်နေတာကိုရပ်တန့် ပေးဖို့နဲ့ နိုင်ငံရေးပြဿနာကို အဖြေရှာဖို့အတွက် တွေ့ဆုံဆွေးနွေးမှုများကို စတင်ရန် တောင်းဆိုခဲ့တယ် လို့ကြေညာချက်ထဲမှာဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့အဓိကအခြေခံပြသနာဟာ ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားတို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ပြဿနာ ဖြစ်တယ်လို့လဲဆိုပါတယ်။ ဒီပြသနာတွေကို ဖြေရှင်းဖို့လိုအပ်နေတယ်လို့ ကရင်အမျိုးသား အစည်း အရုံးရဲ့အေထွေထွေအတွင်းရေးမှူး နော်စီရာဖိုးရာစိန်ကပြောပါတယ်။

“ဒီမြန်မာပြည်ပြသနာက ဒီမိုကရေစီဆိတ်သုဉ်းမှုပြသနာကရှိတယ်။ ပြီးတော့တိုင်းရင်းသားအခွင့်အရေး တွေလဲမရှိတဲ့အတွက်ကြောင့်ပေါ့နော်။ အဲတာပြသနာတွေဖြစ်နေတယ်။ အဲတာကြောင့်ဒီ နိုင်ငံရေးပြဿနာ ကို အခုဒီလိုဘဲမဆွေးနွေးဘဲ ဒီလိုပုံစံဘဲသွားမယ်ဆိုရင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီပုံစံနဲ့သွားနိုင်မှာ မဟုတ်ဘူးတဲ့ ကျွန်မတို့ဒီလိုယူဆတယ်။

ကေအာန်ယူကနေ အခုလိုကျေညာချက်ထုတ်ပြန်တဲ့အပေါ်မှာ လွတ်မြောက်နယ်မြေမှာရှိတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ ကိုညိုအုန်းမြင့်က အခုလိုသုံးသပ်ထားပါတယ်။

“ကေအာန်ယူကတောင်းဆိုတဲ့အချက်က တရားဝင်မှုရှိတယ်လို့ကျွန်တော်ပြောနိုင်ပါတယ်။ဘာကြောင့် တရားဝင်မှုရှိလဲဆိုတာတော့ ကေအာန်ယူကလက်နက်ကိုင်ပြီးတော့ သူ့ရဲ့တိုင်းရင်းသား တန်းတူရေးအတွက် တိုက်ပွဲဝင်နေရတယ်။ နိုင်ငံရေးအရဖြေရှင်းရမယ်ဆိုတဲ့အချက်ကိုမမေ့တဲ့အတွက် ကြောင့်ဒါကနိုင်ငံရေး အရပိုပြီးတော့အနှစ်သာရရှိမယ်လို့ကျွန်တော်မြင်ပါတယ်။ ဒုတိယအချက်က နအဖဘက်ကနေပြီးတော့ အခုအစိုးရအကုန်လုံးဟာ ဒီအကုန်လုံးအပြောင်းအလဲမှုမရှိပါဘူး။ ဝန်ကြီးချုပ်ဦးသိန်းစိန်နအဖလက်ထက်က ဦးသိန်းစိန်သမ္မတဖြစ်လာတယ်ဆိုတဲ့အချက်ကိုကြည့်ပြီးတော့ ကျွန်တော်တို့ဆုံးဖြတ်ရတာနဲနဲစောမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူရဲ့ မိန့်ခွန်းကိုပြန်ဖတ်ကြည့်မယ်ဆိုရင် သူ့အနေနဲ့ (ရီကန်စလေးရှင်း)ကို သူခေါ်ထားတယ်လို့ ကျွန်တော် တို့မြင်တယ်။ ဒီအချက်အပေါ်မှာကေအာန်ယူအနေနဲ့ ဒီဟာကိုအခွင့်ကောင်းယူပြီးတော့ဆောင်ရွက် တယ်လို့ကျွန်တော်မြင်တယ်။”

ဒါပေမဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၆)ဖွဲ့နဲ့စုဖွဲ့ထားတဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ
ဖက်ဒရယ်ပေါ်ထွန်းရေးကော်မီတီရဲ့ ဆုံးဖြတ်ချက်အရ လာမဲ့အစိုးရအသစ်နဲ့နိုင်ငံရေး ပြသနာဆွေးနွေးဖို့ အတွက်ကတော့ တဖွဲ့ချင်းမဆွေးနွေးဘဲ တပ်ပေါင်းစုနဲ့သာဆွေးနွေးမယ်လို့ ကြေညာချက်ထုတ်ပြန်ထား ပါတယ်။ အခုလိုကေအာန်ယူအနေနဲ့ တဖွဲ့ချင်းပုံစံလိုကျေညာချက်ထုတ်ပြန်တာဟာ ကေအာန်ယူရဲ့ လက်ရှိ အခြေအနေကြောင့်အခုလို ထုတ်ပြန်တာဖြစ်တယ်လို့ အမည်မဖေါ်လိုသူ ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ပေါ်ထွန်းရေးကော်မီတီခေါင်းဆောင်တစ်ဦးကပြောပါတယ်။

အပစ်အခတ်ရပ်ဆဲရေး ပြုလုပ်ဖို့အပြင် တွေ့ဆုံဆွေးနွေးရေးအတွက် အဆင့်ဆင့် လုပ်ဆောင်ဖို့ အတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအနေနဲ့ တိုက်တွန်းဖိအားပေးဖို့ကိုလဲ ကေအာန်ယူကနေတောင်းဆိုထား ပါတယ်။