KPF အမှတ်(၃) တပ်ရင်းမှူး KNU ထံ လက်နက်ချလိုက်ပြီ

KPF အမှတ်(၃) တပ်ရင်းမှူး KNU ထံ လက်နက်ချလိုက်ပြီ
မကြာမီတွင် နယ်ခြားစောင့်တပ်အသွင် ပြောင်းလဲမည့် ကရင်လက်နက်ချအဖွဲ့ တစ်ဖွဲ့ ဖြစ်သည့် ဟောင်သရော ကရင်ငြိမ်းချမ်းရေ းတပ်ဖွဲ့ KPF မှ အမှတ်(၃)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောလေးဝါး(ခ) မန်းလေးဝါးသည် ယမန်နေ့၌ KNU တပ်မဟာ ၆ ထံ ဝင်ရောက် လက်နက်ချ ...

စံခရပူရီ(ဇူလိုင်-၉)။     ။မကြာမီတွင် နယ်ခြားစောင့်တပ်အသွင် ပြောင်းလဲမည့် ကရင်လက်နက်ချအဖွဲ့ တစ်ဖွဲ့ ဖြစ်သည့် ဟောင်သရော ကရင်ငြိမ်းချမ်းရေ းတပ်ဖွဲ့ KPF မှ အမှတ်(၃)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောလေးဝါး(ခ) မန်းလေးဝါးသည် ယမန်နေ့၌ KNU တပ်မဟာ ၆ ထံ ဝင်ရောက် လက်နက်ချလိုက်ပြီ ဖြစ်ကြောင်း KNU, KPF တပ်ဖွဲ့များနှင့် ဆက်သွယ် မေးမြန်းချက်အရ သိရသည်။

KPF တပ်ရင်းမှူး မန်းလေးဝါးနှင့်အတူ တပ်ဖွဲ့ဝင် ၈ ဦး အပြည့်အစုံပါဝင်သည်ဟု ဆိုသည်။ ယ္ခုအခါ KNU တပ်မဟာ ၆ ဗျူဟာမှူး ဗိုလ်မှူးကြီးဂျိုးစွာ(ဗိုလ်ဂျိုး) ထံ ရောက်ရှိနေပြီဟု သိရသည်။

လွန်ခဲ့သည့်လက မန်းလေးဝါးသည် KPF နယ်ခြားစောင့်တပ်ဖွဲ့အသွင် ပြောင်းလဲရေးနှင့် ပတ်သက်ပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ်သို့ သွားရောက်ခဲ့ပြီး ဘုရားသုံးဆူမြို့သို့ ကြာအင်းဆိပ်ကြီးမြို့မှတဆင့် လှေလမ်းကြောင်းကအပြန် KNU ထံပူးပေါင်းလိုက်သည်ဟု သိရသည်။

ဘုရားသုံးဆူမြို့ရှိ မြန်မာအာဏာပိုင်အချို့နှင့် ဆက်သွယ်မေးမြန်းခဲ့ရာတွင် KPF တပ်ရင်းမှူး စောလေးဝါး(ခ) မန်းလေးဝါးအား ကြာအင်းဆိပ်ကြီးမြို့၌ မြန်မာစစ်အာဏာပိုင်များ ဖမ်းဆီးသတ်ဖြတ်လိုက်ပြီဖြစ်ကြောင်း လိမ်ညာပြောဆိုခဲ့သည်။

အခြားသတင်းတစ်ရပ်မှာ အရှေ ့တောင်တိုင်းစစ်ဌာနချုပ်မှ KPF တပ်ဖွဲ့များအား အချက် ၁ဝ ချက်ပါ ညွှန်ကြား ချက်၌ KNU တပ်ဖွဲ့အား အပြတ်သုပ်သင် ရှင်းလင်းရမည်ဆိုသောအချက် တစ်ရပ်ပါရှိသည်ဟု ဆိုသည်။

၁၉၉၇ ခုနှစ်က KNU မှတပ်ရင်မှူးအဆင့်ရှိ စောသမူဟဲက စစ်အစိုးထံလက်နက်ချခဲ့ပြီး KPF တပ်ဖွဲ့ကို တပ်ရင်း (၃)ရင်းဖြင့် ဦးဆောင်ခဲ့သည်။

KPF အမှတ် (၃)တပ်ရင်းမှူး မန်းလေးဝါးမှာ ဘုရားသုံးဆူနယ်စပ်မြို့၌ လူသိများသူတစ်ဦးဖြစ်သဖြင့် ယခုကဲ့သို့
KNU ထံလက်နက်ခဲ့သည့်အတွက် မြို့ခံများ၊ ငြိမ်းချမ်းရေးအပစ်ရပ်အဖွဲ့များကြားတွင် အမြင်အမျိုးမျိုးဖြင့် ဝေဖန်လျှက်ရှိသည်။

KPF, DKBA တပ်ဖွဲ့များတွင် ထိပ်ပိုင်းခေါင်းဆောင်များက နယ်ခြားတပ်အသွင်ပြောင်းလဲရေးကို စစ်အစိုးရအား ခေါင်းညိတ်ပေးခဲ့ရသော်လည်း အလယ်အလတ်တန်းခေါင်းဆောင်များနှင့် အောက်ခြေရဲဘော်များ လက်တွေ့တွင် လက်ခံနိုင်ရန် အခက်အခဲများစွာရှိနေသည်ဟု ကရင်အဖွဲ့အစည်းများကြားတွင် ပြောဆိုထောက်ပြနေကြ၏။

ယမန်နေ့ညတွင်လည်း ဘုရားသုံးဆူဒေသရှိ DKBA အမှတ် ၉ဝ၁ တပ်ရင်း၊ တပ်ခွဲ(၁) ဗိုလ်ကြီးစောအေဝမ်းနှင့် တပ်ဖွဲ့ဝင်များ မဲ့ကသာအနီးရှိ KNU တပ်မဟာ ၆ ဗျူဟာအရာခံဗိုလ်စောအယ်ဂေ နေ့ကင်းစခန်းချရာသို့ RBG တစ်ချက်၊ M-79 နှစ်ချက်နှင့် လက်နက်ငယ်များဖြင့် အဝေးမှလှမ်း၍ ပစ်ခတ်ခဲ့သည်။

Most read this week