စည်းစနစ်ကျသော အမှိုက်သိမ်းစနစ် ဒီးမောဆိုမြို့တွင်း ပြုလုပ်ရန်ရှိ

စည်းစနစ်ကျသော အမှိုက်သိမ်းစနစ် ဒီးမောဆိုမြို့တွင်း ပြုလုပ်ရန်ရှိ
by -
ကန္တာရဝတီတိုင်း(မ်)

အမှိုက်ကားများဖြင့် စနစ်တကျ လိုက်လံ အမှိုက်စုသိမ်းမည့်စနစ်ကို မကြာမီ ဒီမောဆိုမြို့အတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးအရာရှိ ဦးကျော်စိုး က ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့မှာ ကန္တာရဝတီတိုင်း(မ်) သို့ဆိုသည်။

“ကျွန်တော်တို့ အများသုံးအမှိုက်ကန် လုပ်မပေးတော့ဘူး။ အမှိုက်ကားနဲ့ ခေါင်းလောင်တီးစနစ်နဲ့ပဲ ကျင့်သုံးတော့မယ်။ အမှိုက်ကားနဲ့ ခေါင်းလောင်းတီစနစ်နဲ့ လှည့်လည်ပြီး သိမ်းပေးဖို့ပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ မလိုလားအပ်တဲ့ ပြသာနာတွေ မဖြစ်ဖို့ပဲ” ဟု ဦးကျော်စိုးကပြောသည်။

ကယားပြည်နယ်၏ ဒုတိယမြို့တော်ဟု တင်စားခေါ်ဝေါ်ခြင်းခံရသော ဒီးမော့ဆိုမြို့တွင် မြို့တွင်း အင်္ဂါရပ်နှင့် ကိုက်ညီရန်အတွက် မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ အမှိုက်ကားဖြင့် အမှိုက်သိမ်းစနစ်ကို စည်ပင်သာယာရေး နယ်နိမိတ််အတွင်းတွင်သာ လိုက်လံ သိမ်းဆည်း သွားမည်ဖြစ်သည်။

ဒီးမော့ဆိုမြို့တွင်း မြို့မရပ်ကွက်၊ ဒီကျေး ကျေးရွာနျင့် ငွေတောင် ရွာများတွင် တပတ်လျှင် ၂ ရက်တာ အမှိုက်များ လိုက်လံစုသိမ်းမည်ဖြစ်ပြီး လှည့်ပတ်ရမည့် လမ်းကြောင်းကိုမူ မညှိနိုင်းရသေးကြောင်း ဆိုသည်။

အမှိုက်များထဲတွင် လူသုံး၊ အိမ်သုံး နောက်ဆုံးမီးဖိုချောင်ထွက် စွန့်ပစ်ပစ္စည်းများ၊ ပြာများ၊ ကျွတ်ကျွတ်အိတ်များ စသည်များကိုသာ သိမ်းသွားမည်ဖြစ်ကြောင်း ခြံအတွင်းမှ ဆူး၊ ချံု၊၊ နွယ် မြက် တိရိစ္ဆာန် အသေကောင်စသည်တို့ကို စုသိမ်းမည်မဟုတ်ကြောင်း ဆက်လက် ပြောကြားခဲ့သည်။

ယခုတွင် ငွေတောင် ရွာအထွက် နှင့်သဲတောင်သို့ သွားရာ လမ်းတလျောက်တွင် စည်းကမ်းမဲ့ အမှိုက်များစွန့်ပစ်ထားမှုများတွေ့ရှိနေရပြီး ထိုသို့ ဖြစ်ရခြင်းမှာ စည်ပင်မှ အမှိုက်များစွန့်ပစ်ရန်နေရာ ရှာမရသေးသည့်အတွက် ဖြစ်ရခြင်းဖြစ်ကြောင်း ဦးကျော်စိုးကဆိုသည်။

“… ထော်လာဂျီ တွေနဲ့ အမှိုက်တွေ တင်ပြီး လာစွန့်ကြတယ်။ အဆိုးဆိုးကဆံပင်ညှပ်ဆိုင်ကပေါ့၊ BLADE ဓားပါးတွေ ကော၊ ဆေးထိုးအပ်တွေကော အကုန်လာပစ်ကြတယ်။ ပွစိတက်နေတာပဲ ကြက်နာသေ ကောင်တွေကော ပုပ်စော်နံနေတာပဲ” ဟု ဆည်မြောင်းရပ်ကွက်မှ ဒေါ်သြကြည်က ပြောသည်။

စည်ပင်မှ လိုက်လံသိမ်းဆည်းလာသော အမှိုက်များကို မြို့ပြင်၊သို့မဟုတ် မြို့နှင့်၃ မိုင် ၄မိုင်ခန့် ကွာဝေးသော မြေလွတ်တွင် စက်ယန္တာရားနှင့် တူးဖော်ပြီး ထိုအမှိုက်ကျင်းအတွင်းသို့ စုပေါင်းထည့်ကာ တစ်နှစ် နှစ်ကြိမ်ခန့်သာ မီးရှို့သွားမည်ဖြစ်ကြောင်း သိရသည်။

“သူတို့ လုပ်ပေးနိုင်ရင် တော့ ပိုကောင်းတာပေါ့ အဲလိုလုပ်ပေး တာတောင်မှ ထပ်စွန့်ရင် ထိထိရောက်ရောက် အရေးယူခိုင်းစေချင်တယ်လို့” ဟု ဆည်မြောင်းရပ်ကွက်မှ ဒေါ်သြကြည်ကဆက်ပြောသည်။

အမှိုက်များကို လိုက်လံစုသိမ်းသည့်အချိန်မှစ၍ အမှိုက်ခွန်များကို စတင်ပေးဆောင်ရမှာဖြစ်ပြီး လူနေမှုအဆင့်အတန်းအရ အမှိုက်ခွန်ကို သတ်မှတ် သွားမည်ဖြစ်ကြောင်း သိရသည်။

Most read this week