ကယားပြည်တွင်း မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့်ဖမ်းဆီးထားသောသူများကို KNPP အာမခံနှင့် လွတ်မည်

ကယားပြည်တွင်း မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့်ဖမ်းဆီးထားသောသူများကို KNPP အာမခံနှင့် လွတ်မည်
by -
ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ်အတွင်း မူးယစ်ဆေးဝါး(ရာမ) ရောင်းချသူများကိုု ဖမ်ဆီးရမိသော်လည်း ဥပဒေအရ ပစ်ဒဏ်ပေးအရေးယူရန် အခက်အခဲရှိသည့်အတွက် အာမခံချက်ဖြင့် လွှတ်ပေးမည်ဖြစ်ကြောင်း ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP က ပြောသည်။

“ခုကျနော်တို့ ဖမ်းမိထားတဲ့သူတွေက ခုဏကျနော်ပြောသလို တကယ်တမ်းတော့ ဥပဒေလမ်းကြောင်းနဲ့ တဆင့်ပြီးတဆင့် သွားရမှာ။ ဒါပေမယ့် ကျနော်တို့ ကေအဲန်ပီပီထဲက လူတစ်ယောက်ကို ထောင်လေးငါး ဆယ်နှစ် နှစ်ကြာတွေကို ချဖို့ဆိုတာက ကျနော်တို့ ထောင်နေရာအတည်တကျ မလုပ်နိုင်သေးတဲ့အတွက် ခုက အာမခံချက်နဲ့ သူတို့ကို လွတ်ပေးမှာဖြစ်တယ်”ဟု ကရင်နီအမျိုးသား မူးယစ်ဆေးဝါး ကာကွယ်တားဆီးရေးနှင့် ပြန်လည်ထူထောင်ရေး ကော်မတီ တာဝန်ခံ ခူးတော်ရယ်က ပြောသည်။

KNPP တပ်မှ ဖမ်းမိထားသော မူးရစ်ဆေးပြား ရောင်းချသူများထဲမှ ပြစ်မှုဆိုင်ရာ အတိမ်အနက်ပေါ်မူတည်ပြီး ဒဏ်ငွေနှင့် ဂတိဝန်ခံချက်စာချုပ်ဖြင့် မေလ ၁၆ရက်နေ့တွင် အမျိုးသမီးတဦးအား လွတ်ပေးလိုုက်သည်။

“ဒါလုပ်လို့ ပိုက်ဆံရမယ်ဆိုရင်လည်း ငါ့ကိုမိရင် ငါထောင်ကျမယ် ထောင်ထဲမှာပဲသေမယ် ကိုယ့်သားသမီးတွေ လည်း ပြန်ကျွေးမွေးနိုင်မှာမဟုတ်ဘူး ဆိုတာလည်း အမသိထားတယ် ဒါပေမယ့် ကိုယ့်ရဲ့လိုအပ်ချက် တစ်ခုတည်းနဲ့ပဲ ရဲရဲမိုက်မိုက် လုပ်ခဲ့တာပေါ့နော်။ ခု အမလည်း နောင်တရပါပြီ” ဟု အာမခံချက်ဖြင့် လွတ်လာသော အသက် ၃၂နှစ်အရွယ် မချယ်ရီက ပြောသည်။

၂၀၁၄ ခုုနှစ်အတွင်း ရှမ်းပြည်နယ် ပင်လောင်းမြို့နယ် နာမ့်ဖာမူမှ မချရီနှင့်အတူ မိုုးဗြဲမှ အသက် ၅၁ နှစ် အရွယ် ဦးမောင်နှင့် မန္တလေးမြို့မှ အသက် ၄၄နှစ်အရွယ် ဦးလှထွန်း တိုု့ကိုု ကယားပြည်တွင်း ဆေးပြားများ ဖြန့်ချိရောင်းချနေစဉ် KNPP တပ်မှ ဖမ်းဆီးရမိခြင်းဖြစ်ပြီး စုုစုုပေါင်း မူးယစ်ဆေးပြား (WY) အလုံုး နှစ်သောင်းတထောင် (၂၁၀၀၀) ရှိသည်ဟုု သိရသည်။

မချယ်ရီအား ငါးလကြာ KNPP တပ်မှ အချုပ်ကျခံပြီးနောက် ယခုုလိုုမိသားစုုဝင်များ၏ ဂတိ၀န်ခံချက်ဖြင့် လွတ်ပေးခြင်းဖြစ်ပြီး ကျန်နှစ်ဦးအား အချုပ်ထဲတွင်ဆက်လက်ထိမ်းသိမ်းထားကာ မိသားစုုဝင်များမှ KNPP အားဆက်သွယ်၍ အာမခံထုုတ်နိုုင်ကြောင်း သိရသည်။

ကယားပြည်နယ်တွင် ၀ယ်ယူသုံုးစွဲသူများထံ ဖြန့်ချိနေသည့် ဆေးပြားများ ဘယ်ကရသည်ကိုု ထုုတ်ဖေါ်ပြော ကြားခြင်းမရှိကြပဲ မိမိတိုု့မှငွေလိုုအပ်ချက်ပေါ် ပစ္စည်းများ ကယားပြည်တွင်းသို့ပိုု့ပေးခြင်းသာ ဖြစ်ကြောင်း ပြောဆိုုသည်။

KNPP တပ်၏ အချုပ်ခန်းတွင် ဆက်လက်ထိမ်းသိမ်းထားခြင်းခံရသော ဦးလှထွန်းက “ကျနော် သွားယူတာ မဟုတ်ဘူး သူများပို့ခိုင်းလို့။ ယူတဲ့နေရာတော့ ကျနော်တို့ မသိဘူး။ နန်းမယ်ခုံက သာရပ်ရွာမှာ သွားပို့ခိုင်းတာ ပါ။ သူကားနဲ့ လဲမှာပေါ့နော် ပစ္စည်းကိုကားနဲ့ လဲမယ်သွားပို့ပေးပါဆိုလို့ သွားပို့ပေးတာပါ။ သွားပို့တဲ့အတွက် အဲတစ်ထုတ် ရောင်းစားခိုင်းတယ်။ ပို့ခ တစ်ထုတ် ပေးတာပေါ့နော်။ သူတို့ဆီကို သွားပိ့ုပြီးတော့မှ သူတို့ကို အဲတစ်ထုတ်ရောင်းခိုင်းထားတာ။ ဒါလေးရောင်းရင် နှစ်သိန်းလောက်ရမယ်ပေါ့။ ရောင်းခိုင်းပြီး ပိုက်ဆံသွားယူ တဲ့နေ့မှ အဖမ်းခံရတာ”ဟု ပြောသည်။

WY ဆေးပြားများထုုတ်လုုပ်ရန် စက်ရုံုကြီးများ ထူထောင်ရန်မလိုုအပ်ပဲ လိုုအပ်သည့်နေရာတွင် တဲငယ်တလုံုး အောက်မှာ ထုုတ်လုုပ်နိုုင်စွမ်းရှိသည့်အတွက် လိုုက်လှန်ဖမ်းဆီးရန်ခက်ခဲကြောင်း၊ ယခုု ဖမ်ဆီးထိမ်းသိမ်း ထားသော ဆေးပြားများကိုု မီးရှုံ့ဖျက်ဆီးသွားမည်ဟုု ကရင်နီတပ်မတော် ဒုု-စစ်ဦးစီးချုပ် ဗိုုလ်ချုပ်အောင်မြတ် ကဆိုုသည်။

“မူးယစ်ဆေးဝါးနဲ့ ပါတ်သက်ပြီး ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ ကေအဲန်ပီပီဟာ ဒီအတိုင်း လွတ်မထားနိုင်ပါဘူး။ ကျနော်တို့ အမျိုးသား မပျောက်ပျက်သွားအောင် တတ်နိုင်သလောက် ကျနော်တို့ ကာကွယ်တားဆီးမယ် ပညာပေးတို့ ပြန်လည်ထူထောင်ရေးအထိ ကျနော်တို့ နိုင်ငံခြားရပ်ခြားကသူတွေနဲ့ အစိုးရတို့နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ကျနော်တို့ ပြင်ဆင်ထားပါတယ်”ဟု ခူးတော်ရယ်က ပြောဆိုုခဲ့သည်။

Most read this week