သိမ်းထားသောမြေယာများကို ပိုင်ဆိုင်မှု အထောက်အထားများ စိစစ်ပြီးမှ ပြန်လည်အပ်နှင်းမည်

သိမ်းထားသောမြေယာများကို ပိုင်ဆိုင်မှု အထောက်အထားများ စိစစ်ပြီးမှ ပြန်လည်အပ်နှင်းမည်
by -
ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ်အတွင်း အစိုးရစစ်တပ်မှ သိမ်းယူထားခဲ့ပြီး ပြန်လည်စွန့်လွှတ်လိုက်သော မြေယာများကို တောင်သူများထံမှပြန်ပေးရန် ပိုင်ဆိုင်မှု အထောက်အထားများ သေချာစိစစ်ပြီးမှ မြေယာအပ်နှင်းပွဲလုပ်နိုင် မည်ဟု ပြည်နယ်မြေ အသုံးချမှု စီမံခန် ့ခွဲရေးကော်မတီရုံးမှ စီမံ (၁) ဦးစိုင်းဇေဇေဦးက မေလ ၉ ရက်နေက ကန္တာရဝတီတိုင်း (မ်) သို့ ပြောသည်။

“အပ်နှင်းပွဲတွေလုပ်မယ်၊ လုပ်ဖို့လည်းရှိတယ်။ လုပ်ဖို ့ရှိတယ်ဆိုတော ဥပမာ ဧက ၁၀၀၀ပေါ။ ဧက ၁၀၀၀ ကို သိမ်းထားတယ်။ ပြန်လည်းပေးမယ်။ ဒါပေမဲ့လွယ်လွယ်နဲ ့ပေးလို့မရဘူး။ အဲဒီသူတို ့ ပိုင်ဆိုင်မှု အထောက် အထားလေးတွေ စုံအောင်လို ့ ပြန်ပြီးတော့ လယ်ယာမြေ မှတ်ပုံတင်တွေ ပြန်လုပ်ရမယ်” ဟုဆိုသည်။

မိမိတို့ပိုင် လယ်ယာမြေများကို ပြန်လည်လျှောက်ထားကြသည့် တောင်သူများတွင် မူလပိုင်ဆိုင်ခဲ့သည့် မြေဧကထက်ပို၍ တင်ပြမှုများကြောင့် အမှန်နစ်နာနေသည့် တောင်သူများအတွက်မဆုံးရှုံးစေရန် မြေယာ ပိုင်ဆိုင်မှုများကို သေချာစိစစ်နေရခြင်းဖြစ်သည်ဟု ဦးစိုင်းဇေဇေဦးက ဆက်ပြောသည်။

“တောင်သူတွေတချို ့ကျတော့ သူလည်းမနေဘူး။ အဲနေရာမှာသူလည်းမနေပဲနဲ ့ မနေ ့တနေ ့မှ ရောက်လာပြီး သူ့ဘိုးဘွားပိုင်မြေဘာညာ ဆိုပြီးတော သူတို ့ကလုပ်တော့့ မူရင်းဧက ထက် ပြန်ကျော်တယ်။ တချို့လူတွေက ၁၀ ဧက လောက်ရှိပြီးတော့ တကယ်လည်းပြန်ရမယ် သိရော ဧက ၂၀ တွေဘာတွေ ဖြစ်ကုန်တယ်။ အဲဒီအတွက်ကြောင့် အမှန်နှစ်နာတဲ့ တောင်သူတွေရဖို့ အတွက်ကို ဒီမြို ့နယ် လယ်ယာစီမံခန် ့ခွဲ ့ရေးအဖွဲ ့တို့ မြို့နယ်မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီ တို့ ကနေပြီးတော့ သေချာစီစစ်တယ်။ စိစစ်ပြီးမှ အပ်နှင်းပွဲ လုပ်မယ်” ဟု ဦးစိုင်းဇေဇေဦးက ဆက်ပြောသည်။

လယ်ယာမြေအပ်နှင်းပွဲကို ပြီးခဲ့သည့် ဧပြီလအတွင်းပြုလုပ်မည်ဟု ပြောဆိုခဲ့သော်လည်း အဆိုပါ ပိုင်ဆိုင်မှု အထောက်အထားများ သေချာစိစစ်နေရသည့်အတွက် မေလ ကုန်ခန့်မှသာ အပြီးသတ်ဆောင်ရွက်နိုင်ဖွယ် ရှိသည်ဟု ဦးစိုင်းဇေဇေဦးက ဆိုသည်။

“ကျနော်ရဲ့လယ်က ၁၀ ဧက ပါတယ်။ အထွေထွေအုပ်ချုပ်ရေးရုံးမှာ သွားမေးတော့ ပြန်ပေးမယ်ပြောတယ်။ ခုထိတောဘာမှ မကြားသေးဘူး။ မနေ ့ကဘဲ စိုက်ပျိုးရေးကိုမေးကြည့်တော့ လကုန်လောက်မှာ ပြန်ပေးမယ် ပြောတယ်။ ဒါပေမဲ့လို့ မီးလိုင်းအောက်က ပြဿနာ ရှိသေးတယ်တဲ့။ မီးလမ်းအောက်မှာလည်းလယ်၊ မြေတွေလုပ်နေကြတာလေ။ အဲမှာ နည်နည်းလေး ပြဿနာရှင်းပြီးရင် အားလုံးကို မြို ့တော်ခန်းမမှာ အပ်နှင်းပွဲ လုပ်ပေးမယ်ပြောတယ်” ဟု ငွေတောင်ရွာမှ ဦးမြင့်ဆွေက ပြောသည်။

တပ်မှ ပြန်လည်စွန့်လွတ်ထားသော လယ်ယာမြေပြန်ပေးရန် တောင်သူများ၏ ပိုင်ဆိုင်မှု အထောက်အထား များစိစစ် မှုကို ယခု မေလကုန် တွင် အပြီးသတ် ဆောက်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ မြေယာပြန် လည် လျှောက်ထားရာတွင် အချို့သောတောင်သူများအနေဖြင့် မည်သည့်သက်သေ အထောက်အထားမှ တင်ပြနိုင်ခြင်းမရှိကြောင်းပြောသည်။

ကယားပြည်နယ်အတွင်းတွင် တပ်မှစွန့်လွတ်လိုက်သည့် မြေများမှာ အမှတ် ၃၆၂ မထောကူးရွာ ၄၂၇ ဧက နှင့် ၁၆၃၇ ဧက၊ ခလရ ၁၀၂ ငွေတောင်မှ ၈၇ ဧက၊ ခလရ ၁၀၂ ဒေါငံခါး ၄၄.၁၁ဧက၊ ခလရ ၂၆၁ လွယ်တမူ ၁၀ ဧက၊ ခလရ ၄၂၇ ငွေတောင် ၁၀၀ ဧက၊ ဖရူဆို ၁၉၉.၈၆ ဧက စုစုပေါင်း ၂၅၀၅ ဧကကျော် စသည်တို့ဖြစ် ကြောင်း သိရသည်။

Most read this week