ကရင်နီစာပေ ပြန့်ပွားရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းနေသူ ဆရာကြီး တူရယ် ကွယ်လွန်အနိစ္စရောက်

ကရင်နီစာပေ ပြန့်ပွားရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းနေသူ ဆရာကြီး တူရယ် ကွယ်လွန်အနိစ္စရောက်
by -
ကန္တာရဝတီတိုင်း(မ်)

ထိုင်းမြန်မာနယ်စပ်မှ လက်ရှိပြည်တွင်းတွင်ဝင်ရောက်ပြီး ကရင်နီစာပေ ပြန့်ပွားရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်း တာဝန်ယူ ဆောင်ရွက်ပေးနေတဲ့ ဆရာကြီးတူရယ်သည် ယမန်နေ့ နံနက်ပိုင်းကလွိုင်ကော်ပြည်သူ ့ဆေးရုံကြီး၌ ကွယ်လွန် အနိစ္စရောက်သွားခဲ့တယ်လို့ သိရပါတယ်။

မကြာသေးမှီက ဆရာကြီးတူရယ် မကွယ်လွန်မှီ ပြည်တွင်းပြည်ပရှိ ကရင်နီစာပေနှင့်ပတ်သက်ပြီး အစည်းအဝေး တခုတွင်တွေ့ခဲ့ရစဉ် (ဓါတ်ပုံ-ကေတီ)

ဆရာကြီးတူရယ် ဆေးရုံတက်နေစဉ် အနီးကပ်ရှိနေခဲ့ကြတဲ့ ဆရာဖိုးရယ်က "ဓတ်မှန်ရိုက်ကြည့်တော့ အူကပုတ်သွားတယ်လို့ပြောတယ်။ အဲဒါဗိုက်ခွဲသေးတယ်။ ခွဲပြီးတော့ သူ့အူကို ၆ လက်မလောက်ဖြတ်တယ်။ တစ်ထွာလောက်ရှိတယ်။ အဲဒီနောက် ခွဲပြီးတော့ နေကောင်းကျန်းမာပါတယ်။ အဲဒီလောက်လဲမဖြစ်ဘူး။ မနေ့ညကမှ အသက်ရှုကြပ်လာ တယ်လို့ပြောတယ်။ အသက်ရှုမဝတာ တွေဖြစ်လာပြီးတော့ မနက် ၁၀နာရီလောက်မှာ အသက်ထွက်သွားတယ်" လို့ ပြောပါ တယ်။

ဆေးရုံမတက်ခင်က ဝမ်းသွား ချိန်၌ သွေးပါပြီး လွိုင်ကော်စစ်ဆေးရုံတွင် ဦးစွာသွားရောက်ကုသ ခဲ့ပြီးနောက် ဆရာဝန်ကနေပြီး လွိုင်ကော် ပြည်သူ့ဆေးရုံးကြီးဘက်ကို လွှဲလိုက်တယ်လို့ သိရပါတယ်။

ဆရာဖိုးရယ်က "ဒေါက်တာ ခန့်မှန်းတာ က သူ့အသည်းကခြောက်နေတယ်။ သူ့နှလုံးက အလုပ်မလုပ်တော့ ဘူး လို့ပြောတယ်။ ဒါကြောင့် သူ အသည်း ခြောက်ရောဂါနဲ ့ ဆုံးသွားတယ်" လို့ ဆက် ပြောပါတယ်။

ဆရာတူရယ်က ကရင်နီ စာပေနှင့် သာသနာ့ရေးရာ ဌာနမှာ ညွန်ကြား ရေးမှူးအဖြစ်နဲ ့ ကရင်နီစာပေ တိုးတက်ပြန် ့ပွားရေး အတွက် လုပ်ဆောင်ခဲ့သူ တဦးဖြစ်တယ်။

လက်ရှိ နိုင်ငံရေးအသွင် ကူးပြောင်းရေးကာလမှာ ဆရာကြီးတူရယ်အနေနဲ့ နယ်စပ်မှ ပြည်တွင်းသို့ ဝင်ရောက်ကာ စာပေပြန့်ပွားရေးအတွက် ဦးဆောင်နေချိန်အတွင်း ယခုလိုရောဂါဝေဒနာဖြင့် ဆုံးပါးသွားရတာဖြစ်တယ်လို့ သိရပါတယ်။

ဆရာဦးဖိုးရယ်က "ညွန်ကြားရေးမှူးဆိုတော့ သူက တာဝန်ရှိပုဂ္ဂိုလ်တဦးပါ။ အခုလိုနိုင်ငံရေး အခြေအနေ ကောင်းတဲ့ အတောအတွင်းမှာ ကရင်နီပြည်နယ် အတွင်းမှာရှိတဲ့ ကျေးရွာတွေမှာ စာပေသင်ကြားရေး၊ သင်တန်းတွေ လာရောက်ပို ့ချဖွင့်လှစ်ဖို့ တာဝန်ရှိပုဂ္ဂိုလ်တဦး အနေနဲ့တာဝန်ထမ်းဆောင်ဘို ့ သူလာတာဖြစ် ပါတယ်" လို့ ပြောပါတယ်။

ကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာကြီးတူရယ်ရဲ့ အသက်ကတော့ ၆၅ နှစ်ဖြစ်ပါတယ်။ ဆရာကြီးတူရယ်၏ ရုပ်အလောင်းကို သေးဆူလဲရွာမှာ ထားပြီး လာမည့် ရ ရက်နေ့ နံနက် ၉ နာရီလောက်မှာ ခရစ်ယာန်ဘာသာနဲ ့အညီ သင်္ဂြ ိုလ်မှာ ဖြစ်တယ်လို့သိရပါတယ်။

ဆရာကြီးတူရယ်ဟာ ၁၉၉၃-၉၄ ခုနှစ်မတိုင်ခင်က ကရင်နီအမျိုးသားတိုးတက်ရေးပါတီရဲ့ KNPP ဗဟိုကော်မတီမှာ  ဒုဥက္ကဌအဖြစ်နဲ့လည်း တာဝန်ယူဆောင်ရွက်ခဲ့ဘူးသူ တဦးဖြစ်ပါတယ်။