ကရင်နီပြည် ဘိလပ်မြေစက်ရုံ တည်ဆောက်ရေး စီမံကိန်းကို အကောင်ထည် ဖော်ဆောင်နိုင်ရေးအတွက် ဒေသခံ လူထုတွေ ပိုင်ဆိုင်တဲ့ ခြံမြေများအား ခွင့်ပြုချက်မရယူပဲ မြေကွက်များတိုင်းတာနေတဲ့အပေါ်ဒေသခံ တို့ အနေနဲ့ စိုးရိမ်ပူပန်မှုတွေဖြစ်နေကြရတယ်လို့ ဆိုပါတယ်။

"ကျနော်တို့ကို နှစ်ခေါက်လောက် လာခေါ်တွေ့ပြီးပါပြီ ဒါပေမယ့် ကျနော်တို့ ဒေသခံလူထုတွေက လုံးဝသ ဘောမတူ ပေးနိုင်တဲ့အတွက်ကြောင့် စကားအပြီးအပြတ် ပြောဆိုထားခဲ့ကြတာတွေလည်း မရှိသေးတဲ့ အတွက်ကြောင့် အခုလို သူတို့လာပြီးတော့ မလုပ်သင့်သေဘူးလို့"လို့ဒေသခံတဦးဖြစ်တဲ့ ပကျဲရွာမှဦးညေး ရယ်က ပြောပါတယ်။
ဘိလပ်မြေ စက်ရုံ တည်ဆောက်မည့် နေရာမှာ ဒေသခံ လူထုတွေ မိမိတို့ နေ့စဉ် နှစ်တိုင်း အသက်မွေးဝမ်း ကျောင်း ပြုနေကြရတဲ့ လယ်ယာမြေကွက်တွေ ပျက်စီးဆုံးရှုံးမသွားဖို့ ယခုလိုကန့်ကွက်မှုတွေ လုပ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ယခုလို မြေတိုင်းတာရခြင်းအကြောင်းနဲ့ ပတ်သက်လို့ မြေတိုင်းဌာနမှ ဘိလပ်မြေစက်ရုံအတင်းအဓမ္မ လာရောက်ဆောက်လုပ်ရန် တိုင်းတာခြင်းမဟုတ်ကြောင်းနဲ့ ဒေသခံတွေရဲ့ လုပ်ကိုင်စားသောက်နေကြရတဲ့ လယ်ယာမြေများ မြေဂရမ်ရရှိနိုင်ရေးအတွက် ဦးစွာတိုင်းတာထားရတာဖြစ်တယ်လို့ ကရင်နီ(ကယား)ပြည်နယ်အစိုးရ အတွင်းရေးမှူး ဦးဇော်ဝင်းက ပြောပါတယ်။
“လယ်ယာမြေဥပဒေအသစ်က ဂရမ်ကဲ့သို့မြို့နယ်က ထုတ်ပေးမှာ ဂရမ်ရပြီဆိုရင် တရားဝင်ဖြစ်သွားပြီ ဘဏ်မှာသွားပေါင်လို့ရတယ်။ တရားဝင်လည်း ရောင်းလို့ရတယ်။ ဒီလိုတိုင်းခြင်းအားဖြင့် တဦးတ ယောက်ချင်းရဲ့ ဦးပိုင်ပေါ်သွားတယ်။ ပုန်းလျှိုးကွယ်လျှိုး ရောင်းနေစရာလည်း မလိုတော့ဘူး။”
ဇွန်လ (၁၀)ရက်နေ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီနဲ့ ပြည်နယ်အစိုးရတွေ့ဆုံစဉ် ဘိလပ်မြေစက်ရုံ တည်ဆောက်မည့် စီမံကိန်းနဲ့ပတ်သက်ပြီး ဆွေးနွေးချိန် ပြောဆိုသွားခဲ့ခြင်းဖြစ်ပါတယ်။
ဘိလပ်မြေတည်ဆောက်မည့် ဒေသခံလယ်ယာမြေပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး စက်ရုံကို အတင်းတည် လို့မရကြောင်းနဲ့ အစိုးရဘက်ကနေပြီး တွန်းအားပေးပေမယ့်လည်း ဒေသခံသဘောတူမှသာလျှင် စက်ရုံတည်လို့ရမှာဖြစ်တယ်လို့ ဦးဇော်ဝင်းက ဆက်ပြောပါတယ်။ 
Square Power Lt.Co ကုမ္ပဏီ ဘီးလပ်မြေစက်ရုံတည်ဆောက်ဖို့ လွိုင်ကော်မြို့နယ် ချစ်ကယ်ကျေးရွာ အုပ်စုအတွင်းရှိ ဒေါမူးကလတ်၊ ဒေါတချနဲ့ ဒေါစော်ဘီး ကျေးရွာအနီးမှာ ကယားပြည်နယ်အစိုးရတို့က ရွှေးချယ်တားပါတယ်။
"ဘိလပ်မြေ စက်ရုံကို ဆောက်မယ် ပြီးတော့ ကုန်ကြမ်းတွေကိုလည်း ဒီမှာပဲ ထုတ်မယ်ဆိုတော့ ကျနော်တို့ ဒေါမူးကလတ် တရွာလုံးရဲ ခြံမြေတွေကိုတော့ ထိနေမှာပဲ ကျနော်တို့ ရွာနဲ့ ထိစပ်နေတဲ့ ကျေးရွာတွေဆိုလည်း အကုန်ထိမှာပဲလေး ကျနော်တို့ ရွာသားတွေက နှစ်တိုင်း ဒီမြေကွက်တွေနဲ့ပဲ လုပ်ကိုင် စားသောက် နေရတယ် ဆိုတော့လေး ကျနော်တို့သား/ မီးတွေ ကျောင်းစရိတ်၊ ဖျားနားတာကအစပေါ့ ဒီမြေကွက်က ထွက်တဲ့ သီးနှံတွေကိုရောင်းပြီး ရတဲ့ငွေနဲ့ပဲ အသုံးပြုနေရတဲ့အတွက် ရွာသာတွေက သဘောမတူနိုင်ကြတာပါ လို့ ဒေါမူးကလတ် ကျေးရွာမှ ဦးဖရေးရယ် ကပြောပါတယ်။
ဘိလပ်မြေ စက်ရုံ တည်ဆောက်နိုင်ရေး အတွက် ဒေခံကျေးရွာ လူထုများကို စည်းရုံးရေးဆင်းရာမှာ မီး၊ရေ၊ လမ်း များကိုလည်ဖောက်လုပ်ပေးမယ်လို့ အမျိုးမျိုး စည်းရုံးလုပ်ဆောက်နေပြီး တကယ်လို့ ဘိလပ်မြေစက် ရုံကြီး ဖြစ်မြောက်လာပါက ဒေသဖွံ့ဖြိုးရေးအတွက် များစွာ အကျိုးရှိစေမှာ ဖြစ်ကြောင့် ဒေသခံ လုထူများ ပြောဆိုနေသည်ဟု ဒေသခံများက ပြောပါတယ်။
"ဝန်ကြီးချုပ်က မီးပေးမယ် ရေပေးမယ် လမ်းဖောက်ပေးမယ် လို့ ပြောတာတွေက သူလူကြီးတယောက် ဖြစ်တယ်ဆိုရင် မီး၊ရေ၊ လမ်းတွေပေးဖိုးဆိုတာက သူလုပ်ပေးဖို့ သူမှာ တာဝန် ရှိနေပြီးသာပဲလေး ဘိလပ်မြေစက်ရုံ မတည်ဆောက်တော့မှ သူတို့ လုပ်ပေးရမှာပဲလေး ကျနော်တို့ ဒေသခံလူထုတွေ သဘောမတူလို့ မလုပ်ပေးတော့ဘူး ဆိုရင် ဒီတာဝန်တွေကို မယူသင့်ပါ အခုက ကျနော်တို့ကို မလုပ်ပေးဘူးဆိုရင် ကျောသားရင်သား ခွဲခြားပြီး လုပ်နေမယ်ဆိုရင် လူကြီးတွေအနေနဲ့ ဒီလို ပြောဆိုဖို့ မလုပ်သင့်ဘူး" လို့ ပကျဲ ဒေသခံ ဦးညေးရယ်က ဆက်ပြောပါတယ်။
ကရင်နီပြည် လွိုင်ကော်မြို့နယ် အရှေ့မြောက်ဘက်မှာရှိတဲ့ ချိကယ်ကျေးရွာအုပ်စုက ပကျဲတောင်ခြေမှာ ပြည်နယ်အစိုးရနဲ့ Square Power Group ကုမ္ပဏီတို့ ပူးပေါင်းပြီး လူထုတွေရဲ့မြေဧက၂၀၀၀ ကျော်ကို အသုံးပြုပြီး ဘိလပ်မြေ စက်ရုံဆောက်လုပ်မယ့်အပေါ် ဒေသခံတွေက ကန့်ကွက်ကြတဲ့အတွက် ယခုနောက် ဆုံးအခြေအနေအရ ဒေါတခြား ဖက်သို့ ပြောင်းရွေ့လိုက်ပြီလို့ သိရှိရပါတယ်။



