ဆက်သွယ်ရေးလိုင်စင်ရ Ooredoo မြန်မာနိုင်ငံအတွက် အမှုဆောင်အရာရှိချုပ်ခန့်အပ်

ဆက်သွယ်ရေးလိုင်စင်ရ Ooredoo မြန်မာနိုင်ငံအတွက် အမှုဆောင်အရာရှိချုပ်ခန့်အပ်
by -
မဇ္ဈိမ

ပြည်တွင်းဆက်သွယ်ရေးလိုင်စင်ရ ကာတာနိုင်ငံအခြေစိုက်  Ooredoo ကုမ္ပဏီက မြန်မာနို်င်ငံအတွက် အမှုဆောင် အရာရှိချုပ်ကို အောက်တိုဘာ ၂၂ ရက်တွင် ခန့်အပ်လိုက်ပြီဖြစ်သည်။

မြန်မာနို်င်ငံအတွက် အမှုဆောင်အရာရှိချုပ် ခန့်အပ်ရာတွင် Mr.Ross Cormack ကို ခန့်အပ်လိုက်ခြင်းဖြစ်ပြီး ၎င်းမှာ ယခင်က အိုမန်နိုင်ငံ Narwas ၏ CEO ဖြစ်သည်။

၎င်း၏ ယခင်နေရာကိုမူ Mr.Greg Young ကို အောက်တိုဘာ ၂၂ ရက်တွင် ခန့်အပ်လိုက်သည်ဟု Ooredoo က သတင်းထုတ်ပြန်သည်။

Ooredoo သည် ၂၀၁၃ ဇွန် ၂၇ ရက်က မြန်မာနိုင်ငံတွင် မိုဘိုင်းလုပ်ကိုင်ခွင့်လိုင်စင်ရရှိရွေးချယ်ခံထားရသော ကုမ္ပဏီနှစ်ခုအနက် တစ်ခုအပါအဝင်ဖြစ်သည်။

Ross Cormack သည် ၂၀၀၄ ခုနှစ်က အိုမန်နိုင်ငံတွင် Telecom လိုင်စင်ရရှိရေးအတွက် ဆောင်ရွက်မှုတွင် အဓိကကျသူတစ်ယောက်ဖြစ်ပြီး ကုမ္ပဏီအား ထိုအချိန်မှစတင်၍ ဦးဆောင်လျက်ရှိသည်။ ၎င်း CEO  အဖြစ်
ဆောင်ရွက်သောကာလအတွင်း Nawras သည် များစွာသောမှတ်တိုင်ကောင်းများကို စိုက်ထူနိုင်ခဲ့သည်။

အူရီးဒူးကုမ္ပဏီသည် ယခုလက်ရှိ ကာတာနိုင်ငံ၊ ကူဝိတ်နိုင်ငံ၊ အိုမန်နိုင်ငံ၊ အယ်လ်ဂျီးယီးယားနိုင်ငံ၊ တူနီးဆီးယားနိုင်ငံ၊ အီရတ်နိုင်ငံ၊ ပါလက်စတိုင်းနိုင်ငံ၊ မော်ဒီး နိုင်ငံနှင့်် အင်ဒိုနီးရှားနိုင်ငံ စသည့်နိုင်ငံများ၏ စျေးကွက်များတွင် ဆက်သွယ်ရေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး ၂၀၀၉ ခုနှစ်တွင် အမေရိကန်ဒေါ် လာ ၉ ဒသမ ၃ ဘီလီယံ ၀င်ငွေရရှိခဲ့သည်။

Most read this week