ရွှေကူ-ဗန်းမော်ရေကြောင်းလမ်းက စစ်တပ်ရဲ့ရေယာဉ်အနည်းဆုံး ၁၈ စီးကို KIA နဲ့ PDF က ပစ်ခတ်ဖျက်ဆီး

ရွှေကူ-ဗန်းမော်ရေကြောင်းလမ်းက စစ်တပ်ရဲ့ရေယာဉ်အနည်းဆုံး ၁၈ စီးကို KIA နဲ့ PDF က ပစ်ခတ်ဖျက်ဆီး

- ကချင်ပြည်နယ် ရွှေကူ-ဗန်းမော်ရေကြောင်းလမ်းမှာ စုန်ဆင်း၊ ဆန်တက်နေတဲ့ စစ်တပ်ရဲ့စစ်သင်္ဘောအပါအဝင် ရေယာဉ်အနည်းဆုံး ၁၈ စီးလောက်ကို KIA နဲ့ PDF တပ်ဖွဲ့တွေ ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ပြီး မြေပြင်မှာ စစ်ရေးပြင်းထန်နေဆဲဖြစ်တယ်လို့ KIO က ပြောပါတယ်။ 

- ဟူးကောင်းဒေသ လီဒိုလမ်းမပေါ်ရှိ တနိုင်းမြို့အဝင်နားက နောင်းလုံ ကောင်ရာကျေးရွာမှာ KIO အရာရှိတချို့အပါအဝင် ရပ်မိရပ်ဖတွေ အစည်းအဝေးပြုလုပ်နေချိန် ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီး အိမ်ရှင်ကိုပစ်သတ်ကာ KIO အရာရှိတစ်ယောက်ကို ဖမ်းဆီးသွားတယ်လို့ ကောင်ရာဒေသခံတွေက ပြောပါတယ်။

- နမ္မတီးမြို့ပေါ်မှာ ဝက်နာကျတာကြောင့် ဝက်အကောင်ရေအမြောက်အများသေဆုံးနေပြီး ဝက်သေတွေကို စစ်ဘေးရှောင်စခန်းအနီး ချောင်းထဲလာပစ်ချသူတွေရှိနေတာကြောင့် ဝက်သေတွေကို စည်းကမ်းမဲ့ မစွန့်ပစ်ဖို့ စစ်ဘေးရှောင်တွေက တောင်းဆိုနေကြပါတယ်။ 

September 19, 2026
- မွန်မှာ ထိုင်းကုန်ပစ္စည်းတွေ ပြတ်လပ်လာမှုနဲ့အတူ မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းကြောင့် ပြည်သူတွေ...
September 18, 2026
- ချင်းလဲန်းကောင်စီအဖွဲ့ဝင် ချင်းတော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ ချင်းအမျိုးသားတပ်မတော် (CNA)နဲ့...
September 17, 2026
- ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ခုမှာ ကျောင်းလခတိုးမြင့်ကောက်ခံလာမှုကြောင့်...
September 16, 2026
- နန့်ယား-ဖားကန့်ကားလမ်းတစ်လျှောက်မှာ မိုးရွာသွန်းမှုများတာကြောင့် လမ်းပျက်စီးမှုတွေ...