အမ်းမြို့နယ် တလိုင်းတောင်လမ်းသို့ ထိုးစစ်ဆင်သည့် စစ်အုပ်စုတပ်နှင့် AA တို့ တိုက်ပွဲပြင်းထန်

အမ်းမြို့နယ် တလိုင်းတောင်လမ်းသို့ ထိုးစစ်ဆင်သည့် စစ်အုပ်စုတပ်နှင့် AA တို့ တိုက်ပွဲပြင်းထန်
ဓါတ်ပုံ - ULA/AA
ဓါတ်ပုံ - ULA/AA

ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် သဖန်ရောင်ဒေသတို့ကို ဆက်သွယ် ဖောက် လုပ်ထားသည့် ရိုးတောင်ကျော်လမ်း (တလိုင်းတောင်-သဖန်ရောင်လမ်း) တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ် တော် (AA) တို့အကြား နှစ်ဖက်တိုက်ပွဲများ ပြန်လည် ပြင်းထန်လျက်ရှိသည်။

အဆိုပါ တိုက်ပွဲသည် ဩဂုတ်လ ၃၀ ရက်နေ့ကတည်းက စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်အုပ်စုတပ်က လူအင်အား အလုံးအရင်းဖြင့် ထိုးဖောက်ဝင်ရောက်ရန် ကြိုးပမ်းနေကြောင်း ဒေသခံ သတင်းရင်းမြစ်တစ်ခုက နိရဉ္စရာ သတင်းဌာနသို့ ပြောဆိုသည်။

“အကြမ်းဖက်စစ်တပ်က စစ်ကြောင်းခွဲပြီး ရခိုင်ရိုးမပေါ်ကို တက်လာတာပါ။ AA ဘက်ကလည်း အဲဒီလို ခွဲတက်လာတဲ့ စစ်ကြောင်းတွေကို ဖြတ်တိုက်နေတာဖြစ်ပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲများ ပြင်းထန်နေသည့် တလိုင်းတောင်-သဖန်ရောင် လမ်းပိုင်းတစ်လျှောက်ကို စစ်အုပ်စုတပ်ဘက်မှ ဂျက်တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။

စစ်ရေးအကဲခတ်တစ်ဦးကလည်း “ဒီလမ်းက ရိုးမကို ကျော်လာရင် မအီကိုလည်း ရောက်တယ်၊ အမ်းကိုလည်း ရောက်တဲ့အတွက် စစ်ရေးအရ အလွန်အရေးပါတဲ့ လမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။ လက်ရှိမှာ ရခိုင်ကနေ ရန်ကုန်ကိုသွားမယ့် ခရီးသည်တွေအနေနဲ့ ဒီလမ်းပိုင်းကနေ သွားလာတာမျိုး လုံးဝမလုပ်ဖို့ အရေးကြီးပါတယ်။ စစ်ကောင်စီစစ်ကြောင်းတွေနဲ့ တိုးရင် ဖမ်းဆီးသတ်ဖြတ်ခံရနိုင်ခြေ ရှိပါတယ်” ဟု သတိပေးပြောဆိုထားသည်။

လက်ရှိတွင် ရခိုင်ရိုးမပေါ်၌ တိုက်ပွဲများ ဆက်တိုက်ပြင်းထန်နေသဖြင့် ခရီးသွားပြည်သူများ အနေဖြင့် သွားလာမှု ကို အထူးဆင်ခြင်ကြရန် ၎င်းက တိုက်တွန်းထားသည်။

ရခိုင်ရိုးမတစ်ကြောရှိ နတ်ရေကန်ဗျူဟာ၊ သဖန်ရောင်ကျော်လမ်း၊ ဆောမြို့နယ်နှင့် ညောင်ကျိုး အစရှိသည့် နေရာများတွင် အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား နေ့စဉ်နှင့်အမျှ တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်အုပ်စုတပ်ဘက်ကလည်း ရခိုင်ရိုးမအတွင်းသို့ အင်အားထောင်ချီ အသုံးပြုကာ ထိုးစစ်ဆင်လျက်ရှိသည်။

Most read this week

ဓာတ်ပုံ - (မောင်တောတွင် ကင်းလှည့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း တွေ့ရစဉ် / Arakan Princess Media)
August 31, 2026
ရခိုင်/အာရက္ခပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တောင်ပိုင်းတွင် အာရက္ခတပ်တော် (AA) နှင့် ARSA...
ဓာတ်ပုံ - (ငါးဖမ်းလှေများ - ပုံဟောင်း / Crd)
August 31, 2026
ဩဂုတ်လ နောက်ဆုံးအပတ်အတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် စစ်အုပ်စုတပ် ရေတပ်၏ စစ်သင်္ဘော (နေဗီ...
ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...