၂၀၂၆ တက္ကသိုလ်ဝင်စာမေးပွဲ၏ တစ်နိုင်ငံလုံးပထမကို ရခိုင်ကျောင်းသူ မသီရိစိုးရရှိ

၂၀၂၆ တက္ကသိုလ်ဝင်စာမေးပွဲ၏ တစ်နိုင်ငံလုံးပထမကို ရခိုင်ကျောင်းသူ မသီရိစိုးရရှိ

၂၀၂၆ တက္ကသိုလ်ဝင် စာမေးပွဲ၏ တစ်နိုင်ငံလုံးပထမနေရာကို ရခိုင်သူမသီရိစိုး(မနတ-၆၇၀)က ၆ ဘာသာဂုဏ်ထူး (ရမှတ်စုစုပေါင်း ၅၆၂ မှတ်)ဖြင့်ရရှိအောင်မြင်ခဲ့ကြောင်း သတင်းရရှိသည်။

စစ်တွေမြို့မှ ဦးအောင်တင်ဝင်း နှင့် ဒေါ်ဦးခင်ကျော့တို့၏ သမီးမသီရိစိုးသည် စစ်ရေးအခြေအနေများကြောင့် မန္တလေးသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် CAE ကိုယ်ပိုင် အထက်တန်းကျောင်းမှာ တက်ရောက်သင်ကြားခဲ့ကာ မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲကို ထူးချွန်စွာ ဖြေဆိုအောင်မြင်ခဲ့ခြင်း ဖြစ်သည်။

 ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို  ဇွန်လ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းသား/သူ၂၅၅,၂၂၈ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး အောင်မြင်သူ ၁၃၃,၆၇၃ ဦးရှိခဲ့သည်။

 ယင်းကြောင့် ယခုနှစ်၏ အောင်မြင်မှုရာခိုင်နှုန်းမှာ ၅၂ ဒသမ ၃၇ ဖြစ်ကြောင်းသိရသည်။

 မန္တလေးတိုင်းက အောင်မြင်သူ ၂၈,၃၉၃ ဦးဖြင့် အောင်ချက်အများဆုံးဖြစ်ခဲ့ပြီး ရန်ကုန်တိုင်းက အောင်မြင်သူ  ၂၃,၂၀၃ ဦးဖြင့် ဒုတိယ၊ ဧရာဝတီတိုင်းက အောင်မြင်သူ ၁၆,၅၀၇ ဦးဖြင့် တတိယအောင်ချက်အများဆုံးဖြစ်သည်။

ရခိုင်ပြည်မှာ ဝင်ရောက်ဖြေဆိုသူ ၁,၆၉၂ ဦးရှိခဲ့ပြီး ၈၂၀ ဦးအောင်မြင်ကာ အောင်ချက် ၄၈ ဒသမ ၄၆ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

Most read this week

September 19, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ် ညောင်ကျိုးရိုးပေါ်တိုက်ပွဲတွင် စစ်အုပ်စုတပ်မှ...
September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...