ကန်ပက်လက်မှာ လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၅ ဦးသေဆုံး၊ ၁၀ ဦးကျော်ဒဏ်ရာရ

ကန်ပက်လက်မှာ လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၅ ဦးသေဆုံး၊ ၁၀ ဦးကျော်ဒဏ်ရာရ

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ (ရွာဟောင်း)က စစ်ဘေးရှောင်အရပ်သားပြည်သူတွေ နေထိုင်တဲ့ နေရာကို ဇွန်လ ၁၉ ရက်နေ့က စစ်ကောင်စီက အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၅ ဦးသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရခဲ့တယ်လို့ ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ဇွန်လ ၂၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကျင်ဒွေးမြို့ ရွာဟောင်းက စစ်ဘေးရှောင်အရပ်သားတွေ နေထိုင်တဲ့နေရာကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦး သေဆုံးခဲ့ကာ ၁၀ ဦးကျော် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိ စစ်ကောင်စီတပ်ဖွဲ့ဟာ ကန်ပက်လက်မြို့ကို စစ်ကြောင်းထိုးလျက်ရှိနေတာကြောင့် အရပ်သားပစ်မှတ်တွေပါမကျန်အောင် လေကြောင်းတိုက်ခိုက်မှုတွေ အကြီးအကျယ် ပြုလုပ်နေတာကြောင့် မိဘပြည်သူတွေအနေဖြင့် အိမ်တိုင်းတွင် ပုန်းခိုကျင်တွေ တူးထားဖို့နဲ့ လေကြောင်းသတင်းရရင် ပုန်းခိုကျင်းတွေမှာ နေရာယူကြဖို့ကိုလည်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထပ်မံသတိပေးထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ မင်းတပ်မြို့နဲ့ ကန်ပက်လက်မြို့တွေကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးတိုက်ခိုက်နေသလို လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်တာတွေ အရပ်သားပစ်မှတ်တွေပါမကျန် ဗုံးကြဲတိုက်ခိုက်တာတွေ တောက်လျှောက် လုပ်ဆောင်နေတယ်လို့ ဒေသတွင်း နေထိုင်သူတွေက ပြောပါတယ်။

July 14, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ် အထက်ပိုင်းရှိ ကျေးရွာ ၆ ရွာခန့်တွင် မြစ်ရေကြီးမှုကြောင့်...
July 9, 2026
အိန္ဒိယ - မြန်မာ နယ်စပ်ကုန်သွယ်ရေး အတွက် အသက်သွေးကြောဖြစ်သည့် ကလေး - တမူး လမ်းမကြီးပေါ်ရှိ...
July 4, 2026
မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးနှင့် တရားမျှတမှုအတွက် ကြိုးပမ်းခဲ့သည့် ချင်းတိုင်းရင်းသူ တရား...
July 2, 2026
ကုန်ဈေးနှုန်းကြီးမြင့်နေတဲ့ ကာလမှာ  စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်ကို စစ်ဘေးရှောင်နေကြရတဲ့...