ဆယ်ဇင်းပြည်သူတွေ ရေဘေးအန္တရာယ် ဆိုးဝါးစွာကြုံတွေ့နေရ

ဆယ်ဇင်းပြည်သူတွေ ရေဘေးအန္တရာယ် ဆိုးဝါးစွာကြုံတွေ့နေရ

ဖားကန့် ၊ ဆယ်ဇင်းကျေးရွာမှာ ဥရုချောင်းရေကြီးရေလျှံဖြစ်ပြီး လူနေအိမ်တွေအပါ ကြိုးတံတားနစ်မြှုပ်သွားတဲ့အထိ ပြည်သူတွေ ရေးဘေးအန္တရာယ်ကြုံတွေ့နေရတယ်ဖြစ်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်လောက်ကနေ မိုးသည်းထန်စွာ ရွာသွန်းပြီး ဥရုချောင်း၊ မန်စိန်းနဲ့ နန့်ပုတ် စတဲ့ ချောင်းကြီး ၃ခု ဆုံစည်းရာကနေ ရွာထဲချောင်းရေဝင်ရောက်မှုကြောင့် ရေကြီးရေလျှံဖြစ်နေတယ်လို့ ဆယ်ဇင်းဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

“မိုးရွာတာက တစ်ပတ်လောက်ရှိလာပြီ။ မနှစ်တုန်းက ရေကြီးတယ်ဆိုပေမယ့် သလောက်ထိမကြီးဘူး တံတားအထိ သုံးဘီး ၊ ဆိုင်ကယ်တွေ သွားလာလို့ရသေးတယ်။ ဒီနှစ်တော်တော်ဆိုးတယ်။ ဆယ်ဇင်းရွာစျေးလမ်းတစ်ကြောလည်းရေပြည့်နေတယ်”လို့ပြောပါတယ်။

ပြည်သူတွေများဆုံးနေထိုင်တဲ့ စျေးတန်းတစ်လျှောက် လူနေအိမ်အများပိုင်း ရေနစ်မြှုပ်သွားတဲ့အတွက် အရေးပေါ် အကူအညီတွေလိုအပ်နေတယ်လို့လည်းဆိုပါတယ်။

အလားတူ ဖားကန့်မြို့နယ်ထဲက မြို့ပေါ်ရပ်တွေဖြစ်တဲ့ မရှီကထောင် ၊ အေးမြသာယာနဲ့ ငှက်ပျောတောရပ်ကွက်တွေမှာ နေထိုင်တဲ့ ဖားကန့်ပြည်သူတွေလည်း ရေဘေးဒဏ်ကို ကြုံတွေ့နေကြတာဖြစ်ပါတယ်။

ကချင်ပြည်နယ်ထဲမှာ ဖားကန့်ဒေသဟာ  ဥရုချောင်းရေကြီးရေလျှံဖြစ်မှုကြောင့် မြေနိမ့်ပိုင်းမှာ နေထိုင်တဲ့ ဖားကန့်ပြည်သူတွေ နှစ်စဉ် ရေဘေးအန္တရာယ်ကို ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။

Crd (ဟုမ္မလင်းမြို့နယ်အတွင်း သွားလာနေသည့် (SNA) တပ်ဖွဲ့ဝင်များ)
July 7, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ပေါ်တွင် စစ်အုပ်စု ပူးပေါင်းတပ်ဖွဲ့များက နေ့ခင်းဘက်၌ပါ...
July 6, 2026
မန္တလေးဘက်မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ကချင်ပြည်သို့ ဆန်တက်လာသည်ဟု သတင်းထွက်ပေါ်ခဲ့သည့် စစ်တပ်၏...
July 4, 2026
ကချင်ပြည်၊ ပူတာအိုမြို့နယ်အတွင်းရှိ မကပ်မုံကျေးရွာ၌ လယ်ပိုင်ရှင်အချို့က ကန့်ကွက်နေသည့်ကြားမှ...
July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...