ကညားမော်ဖောင်ဒေးရှင်းရဲ့ အခြေခံဘောလုံးသင်တန်း သင်တန်းဆင်းပွဲပြုလုပ်

ကညားမော်ဖောင်ဒေးရှင်းရဲ့ အခြေခံဘောလုံးသင်တန်း သင်တန်းဆင်းပွဲပြုလုပ်

ကရင်နီပြည်တစ်နေရာမှာ ကညားမော်ဖောင်ဒေးရှင်းက ဦးဆောင်ပြုလုပ်ခဲ့တဲ့ တစ်လခွဲကြာ အခြေခံဘောလုံးသင်တန်းဆင်းပွဲကို ဇွန်လ (၁၃)ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

ဘောလုံးသင်တန်းကို ဒေသတွင်း ဘောလုံးဝါသနာရှင် ကလေးသူငယ်တွေကို ပို့ချပေးခဲ့တာပါ။

"ကညားမော် ဖောင်ဒေးရှင်း စတင်တည်တောင်ကတည်းကလည်း ဒီဖက်က လူငယ်တွေစတင် စုဖွဲ့ခဲ့ကြတယ်။ အမတို့မှာ ငွေကြေးနဲ့ ဒီတော်လှန်ရေးမှာ မပါဝင်နိုင်ဘူး။သို့‌သော် ကိုယ့်မှာရှိနေတဲ့ ပင်ကိုယ်အရည်အချင်းနဲ့ကော ကိုယ်တတ်စွမ်းတဲ့အရာနဲ့ ဒီတော်လှန်ရေးမှာ ပါဝင်မယ်ဆိုပြီး စတင်ခဲ့ကြတာပါ့နော်။ အဓိကက‌တော့ လူငယ်တွေကနေ မျိုးဆက်သစ်ကလေးတွေအတွက် အမတို့ ဘာလုပ်ပေးနိုင်မလဲဆိုတာ အမြဲစဉ်းစားဖြစ်တယ်။ဒီအဖွဲ့သား‌တွေထဲမှာမှ ဘောလုံးပိုင်းမှာနားလည်တဲ့သူ ကျွမ်းကျင်တဲ့သူတွေရှိနေတော့ ဒီကလေးတွေကို ဘောလုံးပညာနဲ့ ပြန်ပြီးတော့ မျှဝေပေးမယ်ဆိုပြီး ဒီသင်တန်းတွေ ဆက်တိုက်ဖွင့်ဖြစ်နေ‌‌တယ်ပေါ့" လို့ ကညားမော်ဖောင်ဒေးရှင်း တည်ထောင်သူ မော်ရီးရီက ပြောပါတယ်။

ကယားမော် ဖောင်ဒေးရှင်းမှာ ကညားမော် FC ဆိုတဲ့ ဘောလုံးအသင်းရှိပြီး အသင်းသားတွေဟာလည်း အာဏာမသိမ်းခင်က မြန်မာဘောလုံးကလပ်တွေမှာ ကစားခဲ့ဖူးသူတွေ ၊ ဘောလုံးဝါသနာရှင် လူငယ်တွေဖြစ်ကြပြီး တစ်လခွဲကြာ ဘောလုံးသင်တန်းကိုလည်း ကညားမော် FC က သင်ကြားပေးခဲ့ပါတယ်။

မျိုးဆက်သစ်လူငယ်တွေ ကလေးတွေကို ဆွဲခေါ်ပေးမယ့်အစီအစဉ်တွေကို တခြားသော အဖွဲ့တွေလည်း လုပ်ဆောင်ပေးရင် ပိုကောင်းတယ်လို့ မော်ရီးရီက ဆိုပါတယ်။

ဘောလုံးသင်တန်းပြုလုပ်တဲ့ကာလအတွင်း နေရာသုံးခုက သင်တန်းသား၊ သင်တန်းသူ‌ (၃၁၀)ဦး တက်ရောက်ခဲ့ကြပါတယ်။ ဒါ့အပြင် သင်တန်းပြုလုပ်နေချိန်မှာလည်း လေယာဉ် ၊ လက်နက်ကြီးအန္တရာယ် စတဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး အခက်ခဲ၊ စိန်ခေါ်မှုလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ဘောလုံးသင်တန်းဆင်းပွဲမှာတော့ သင်တန်းသူ၊ သင်တန်းသားတွေကို ချစ်ကြည်ရေးအနေနဲ့ ဘောလုံးပြိုင်ပွဲ ကျင်းပ‌ပေးတာ၊ ထူးချွန်ဆုတွေပေးတာ ၊ အာဟာရ တိုက်ကျွေးတာတွေနဲ့ စားနပ်ရိက္ခာထောက်ပံ့တာ စတဲ့ အစီစဉ်တွေကို ပြုလုပ်ခဲ့ပါတယ်။

Most read this week

September 4, 2026
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်အုပ်စုတပ်၏ တိုက်ခိုက်မှုများကြောင့်...
September 3, 2026
ကရင်နီပြည်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသတို့တွင် လာမည့် စက်တင်ဘာလ ၆ ရက်နှင့် ၇...
လွိုင်ကော်မြို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် လာရောက်လျှောက်ထားသူများကို ၂၀၂၂ ခုနှစ်က တွေ့ရစဉ် / ပုံဟောင်း
September 3, 2026
စစ်အုပ်စုတပ် ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် နိုင်ငံကူးလက်မှတ် (Passport)...
September 2, 2026
စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးကာလတွင် ဖွဲ့စည်းခဲ့သည့် ကရင်နီအမျိုးသား...