မြစ်ခြေရဲစခန်းကို PDF တိုက်ခိုက်သိမ်းပိုက်၊ စစ်အုပ်စုတပ်မှ ၂ ဦး သေဆုံး ၁၄ ဦးအညံ့ခံ

မြစ်ခြေရဲစခန်းကို PDF တိုက်ခိုက်သိမ်းပိုက်၊ စစ်အုပ်စုတပ်မှ ၂ ဦး သေဆုံး ၁၄ ဦးအညံ့ခံ

မကွေးတိုင်း ပခုက္ကူမြို့နယ် မြစ်ခြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)က ယနေ့ (ဇွန်လ ၁၀ ရက်) မနက်ပိုင်းတွင် တနာရီအတွင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၊ PDF စစ်ရုံးချုပ်က ထုတ်ပြန်သည်။

ပခုက္ကူခရိုင်စစ်ဌာန၏ ဦးဆောင်မှုဖြင့် မနက် ၄ နာရီတွင် စတင်ထိုးစစ်ဆင်ခဲ့ပြီး ၅ နာရီအချိန်၌ စခန်းတခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲအတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့ပြီး ၁၄ ဦး လက်နက်ချအညံ့ခံခဲ့၍ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထိန်းသိမ်းထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများကို နိုင်ငံတကာဥပဒေနှင့်အညီ ထိန်းသိမ်းထားပြီး စစ်ရာဇဝတ်မှုကျူးလွန်သူများကို စိစစ်အရေးယူသွားမည်ဟု ဆိုသည်။

စစ်အုပ်စုတပ်ထံမှ G-3 သေနတ် ၁၈ လက်၊ M-79 တလက် ၊ ခြောက်လုံးပြူး နှစ်လက်၊ ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း တလက် ၊ G-3 ကျည်ဘောက် ၂၇ ဘောက် ၊ လက်လုပ်လေသေနတ် တလက် ၊ ကျည်ကာဦးထုပ် ခုနစ်လုံးနှင့် G-3 ကျည် ၁,၉၀၈ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်သည်။

စစ်အုပ်စုတပ်သည် မေလ ၁၀ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့ရှိ ပြည်သူလူထုပိုင် နေအိမ်အဆောက်အအုံပေါင်း ၁,၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ဒေသခံပြည်သူ ၂၄ ဦးကိုလည်း ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုများကျူးလွန်ခဲ့သောကြောင့် ယခုကဲ့သို့ လက်တုံ့ပြန် တိုက်ခိုက်ချေမှုန်းရခြင်းဖြစ်ကြောင်း PDF စစ်ရုံးချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most read this week

ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များအား တွေ့ရစဉ် / MOI)
September 1, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဇင်းဘုံကျေးရွာရှိ စစ်အုပ်စုတပ် စစ်ကြောင်း ခြေကုပ်ယူထားသည့် စခန်းကို...
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများကို လှည်းဖြင့်သယ်ထုတ်နေစဥ် / ဗိဿနိုး ပြည်သူ့ ကာကွယ်ရေးတပ်မတော်
September 1, 2026
မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်း အင်အား ၁၂၀ ခန့် ပါဝင်သည့် စစ်အုပ်စုတပ်စစ်ကြောင်းကို...
ရေကြီးရေလွှမ်းမိုးမှု မြင်ကွင်းတစ်ခု။ / CJ
August 31, 2026
လေဖိအားနည်းရပ်ဝန်း၏ အရှိန်နှင့် မုတ်သုံလေ အားကောင်းနေသည့်အတွက် တိုင်းနှင့် ပြည်နယ် ၇ ခုတွင် နေရာ...
ဓာတ်ပုံ - (ထောပတ်သီးအချို့ / Crd)
August 31, 2026
မြန်မာနိုင်ငံထွက် ထောပတ်သီးများကို ထိုင်းနိုင်ငံသို့ အများဆုံး တင်ပို့လျက်ရှိသော်လည်း...