မင်းတပ်မြို့နယ်မှာ စစ်ရှောင်ဦးရေ ၂ သောင်းနီးပါးခန့် ရှိလာ

မင်းတပ်မြို့နယ်မှာ စစ်ရှောင်ဦးရေ ၂ သောင်းနီးပါးခန့် ရှိလာ

စစ်ကောင်စီက စစ်ကြောင်းပြန်ထိုးပြီး တိုက်ပွဲဖြစ်နေတာကြောင့် မင်းတပ်မြို့နယ်မှာ စစ်ဘေးရှောင် လူဦးရေဟာ  ၁၇,၀၀၀ ဝန်းကျင် ခန့်ရှိနိင်ပြီး  တိုက်ပွဲတွေလည်း မြို့နဲ့ ဆယ်မိုင်ခန့်အကွာမှာ ဖြစ်ပွားနေတာဖြစ်လို့  ရေရှည်ထပ်မံ စစ်ဘေးရှောင်ရမယ့် အနေအထားမှာ အကူအညီအထောက်ပံ့တွေ လိုအပ်နေတယ်လို့    မင်းတပ်မြို့နယ် IDPs Committee က ဇွန်လ ၂ ရက်နေ့ ကထုတ်ပြန်ထားပါတယ်။

လက်ရှိ စစ်ကောင်စီတပ်ဖွဲ့ဟာ အင်အားထောင်ကျော်နဲ့ မင်းတပ်မြို့နယ်ကို ထိုးစစ်ဆင်လာနေပြီး မြို့နဲ့  (၁၀) မိုင်ခန့်အကွာမှာ တိုက်ပွဲတွေလည်း ဖြစ်ပွားနေတာဖြစ်လို့ ရေရှည်ထပ်မံ စစ်ဘေးရှောင်ရမယ့် အနေအထားဆိုတာ မြင်သာနေတယ်လို့ ဆိုပါတယ်။

နှစ်ရှည်လများ အကြိမ်ကြိမ် စစ်ဘေးရှောင်ခဲ့ကြရတဲ့ မင်းတပ်မြို့နယ်မှာ စစ်အာဏာသိမ်းပြီး  အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့ရတဲ့  အရပ်သားပြည်သူဟာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလကနေ  ၂၀၂၄ ဒီဇင်ဘာလ အထိ (၄၈ လအတွင်း ) သေဆုံးသူ ဦးရေစုစုပေါင်းဟာ ၇၆၆ ဦးရှိခဲ့ပြီး အဆိုပါ သေဆုံးသူတွေထဲမှ သေဆုံးခဲ့ရသူ အများစုဟာ ဆေးဝါးပြတ်လပ်ခြင်းနဲ့ နာတာရှည်ရောဂါတွေကြောင့် ဖြစ်တယ်လို့ မင်းတပ်မြို့နယ် IDPs Committee က ဆိုပါတယ်။

“အခုဒုတိယအကြိမ် ဖြတ်လေးဖြတ်နဲ့ ထပ်မံရင်ဆိုင်နေရပြီး တိုက်ပွဲလည်း ပြင်းထန်စွာဖြစ်နေတာကြောင့် ရေရှည်ထပ်မံ စစ်ဘေးရှောင်ရမယ့် အနေအထားမှာ ကျနော်တို့ ဘယ်လောက်ထိ တောင့်ခံသွားနိုင်မလဲဆိုတာ အကူအညီတွေအပေါ် အများကြီး မူတည်နေပါတယ်” လို့ မင်းတပ်မြို့နယ် IDPs Committee က ဆိုပါတယ်။

မင်းတပ်မြို့နယ် IDPs Committee အနေဖြင့် လက်ရှိအချိန်အထိ စစ်ဘေးရှေင်စာရင်းတွေကို ကောက်ယူနေဆဲဖြစ်ပြီး ၊ ခန့်မှန်းခြေ စစ်ဘေးရှောင်လူဦးရေဟာ ၁၇,၀၀၀ ဝန်းကျင်ခန့် ရှိနိုင်တယ်လို့ ဆိုထားပါတယ်။

July 14, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ် အထက်ပိုင်းရှိ ကျေးရွာ ၆ ရွာခန့်တွင် မြစ်ရေကြီးမှုကြောင့်...
July 9, 2026
အိန္ဒိယ - မြန်မာ နယ်စပ်ကုန်သွယ်ရေး အတွက် အသက်သွေးကြောဖြစ်သည့် ကလေး - တမူး လမ်းမကြီးပေါ်ရှိ...
July 4, 2026
မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးနှင့် တရားမျှတမှုအတွက် ကြိုးပမ်းခဲ့သည့် ချင်းတိုင်းရင်းသူ တရား...
July 2, 2026
ကုန်ဈေးနှုန်းကြီးမြင့်နေတဲ့ ကာလမှာ  စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်ကို စစ်ဘေးရှောင်နေကြရတဲ့...