ရိဒ်ခေါ်ဒါရ် - လိုင်တွီးရွာကြားလမ်းမကြီးကို ပုံမှန်အတိုင်း ဖြတ်သန်းလို့ရပြီ

ရိဒ်ခေါ်ဒါရ် - လိုင်တွီးရွာကြားလမ်းမကြီးကို ပုံမှန်အတိုင်း ဖြတ်သန်းလို့ရပြီ

လုံခြုံရေးဆောင်ရွက်နိုင်ဖို့ ဆိုကာ တီးတိန်မြို့နယ် လိုင်တွီးရွာ ကနေ အိန္ဒိယ - မြန်မာနယ်စပ်က ဖလမ်းခရိုင် ရိဒ်ခေါ်ဒါရ်မြို့အကြား လမ်းမကြီးကို အသုံးပြုချိန်ကန့်သတ်ထားခဲ့ရာကနေ  ဇွန်လ ၂ ရက်နေ့ကစလို့ ပုံမှန်လမ်းအသုံးပြုချိန်အတိုင်း ဖြတ်သန်းအသွားလာလို့ရပြီလို့ ရိဒ်ခေါ်ဒါရ်မြို့ကိုထိန်းချုပ်ထားတဲ့ CDF – Hualngoram က ထုတ်ပြန်ပါတယ်။

ဇွန်လ ၂ ရက်နေ့ကစလို့ ပုံမှန်လမ်းအသုံးပြုချိန် ( မနက် ၆ နာရီကနေ - ညနေ ၇နာရီ) အတိုင်း ပြန်လည် အသုံးပြုနိုင်ပြီ ဖြစ်တယ်လို့ CDF – Hualngoram က အသိပေးထုတ်ပြန်ထားပါတယ်။

လုံခြုံရေးလိုအပ်ချက်အရ ထုတ်ပြန်ချက်တွေကို လေးစားလိုက်နာပေးခဲ့ကြတဲ့ လမ်းအသုံးပြုသည့် မိဘပြည်သူတွေအပေါ် အထူးကျေးဇူးတင်ရှိတယ်လို့လည်း CDF – Hualngoram က ဆိုပါတယ်။

အိန္ဒိယ - မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ ရိဒ်ခေါ်ဒါရ်မြို့ကို  ဆက်သွယ်ထားတဲ့ ဖလမ်းမြို့ ၊ တီးတိန်မြို့နယ်က တွန်းဇံမြို့တို့ကို စစ်ကောင်စီ ပြန်လည်ထိန်းချုပ်လိုက်ပြီးနောက် ရိဒ်ခေါ်ဒါရ်မြို့ လုံခြုံရေးအတွက် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြင်ဆင်ခဲ့တာလို့လည်း သိရပါတယ်။

ရိဒ်ခေါ်ဒါရ်မြို့ကို CDF-Hualngoram ပါဝင်တဲ့ Chinland Council ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ  သိမ်းပိုက်ခဲ့ပြီး CDF – Hualngoram က အုပ်ချုပ်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေတာဖြစ်ပါတယ်။

June 27, 2026
ဆလိုင်းတင်မောင်ဦးရဲ့ ယုံကြည်ချက်နဲ့ ခံယူချက်တွေကို လက်ဆင့်ကမ်းသယ်ဆောင်ပြီး စစ်အာဏာရှင်စနစ်ကို...
June 26, 2026
အိန္ဒိယ - မြန်မာနယ်စပ် ကလေး - တမူးလမ်းမပေါ်က ခမ်းပတ်မြို့နေရာအများစု ထိန်းချုပ်ထားတဲ့...
June 25, 2026
ကလေးမြို့နယ်၊ ပြည်တော်သာကျေးရွာနေ ချင်းလူမျိုး လင်မယား (၂) ဦးဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့က...
June 24, 2026
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်ကို ဧပြီလ ၁၁ ရက်နေ့ကနေ ဇွန်လ ၂၂ ရက်အတွင်း လေကြောင်း...