ပွင့်ဖြူမှာ စစ်တပ်ထံ ဘက်ပြောင်းခိုလှုံသူတွေကြောင့် ဆက်တိုက် အဖမ်းခံရသူတွေရှိနေ

ပွင့်ဖြူမှာ စစ်တပ်ထံ ဘက်ပြောင်းခိုလှုံသူတွေကြောင့် ဆက်တိုက် အဖမ်းခံရသူတွေရှိနေ

မကွေးတိုင်း ပွင့်ဖြူမြို့နယ် အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ရင်းကနေ အာဏာသိမ်း စစ်တပ်ဘက်ကို ခိုလှုံလာတဲ့သူတွေကြောင့် ပြည်သူတချို့ ဆက်တိုက်ဖမ်းဆီးခံနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မင်းဘူးခရိုင် အမှတ် ၄ တပ်ရင်းက စစ်တပ်ထံ ဘက်ပြောင်းတဲ့ ရဲဘော်တစ်ဦးကြောင့် အဲဒီ တပ်ရင်းနဲ့ဆက်စပ်တယ်လို့ ယူဆရတဲ့ ကျေးရွာသား ၇ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့တာပါ။

"ရင်း ၄ က ပြေးလာတဲ့ ရဲဘော်က အကုန်ဖော်တာ။ အဲဒီ တပ်ဖွဲ့ကလည်း တပ်ပြေးတွေအများကြီးပဲ။ အခု လင်မယားနှစ်ယောက်ရယ်၊ ဆိုင်ကယ်ကယ်ရီလိုက်တဲ့သူ တစ်ယောက်ရယ်၊ ရွာခိုင်သား လေးယောက်ရယ် အဖမ်းခံရတယ်။ တချို့သူတွေလည်း ရှောင်ရပြေးရတယ်။"လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မင်းဘူးခရိုင်အမှတ် ၄ တပ်ရင်းကနေ ဇန်နဝါရီလမှာ လက်နက် ၃ လက်နဲ့အတူ ရဲဘော် ၇ ဦး၊ မေလအတွင်းမှာ လက်နက် ၃ လက်နဲ့ ရဲဘော် ၄ ဦးဟာ စစ်ကော်မရှင်ဘက်ကို ဘက်ပြောင်းလာတာလို့ သိရပါတယ်။

ပထမအကြိမ် ရဲဘော် ၇ ဦး ဘက်ပြောင်းစဉ်ကလည်း ကျောင်းကုန်းကြီးရဲ့ အနောက်ဘက်ကျေးရွာတွေကို ဘက်ပြောင်းရဲဘော်တွေနဲ့အတူ စစ်ကြောင်းထိုးပြီး နေအိမ် တချို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

မေလအတွင်း ဘက်ပြောင်းသူ ၄ ဦး နောက်ပိုင်းမှာတော့ အဲဒီ တပ်ရင်းနဲ့ ဆက်စပ်တယ်လို့ ယူဆရတဲ့သူတွေကို လိုက်လံဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဒီလိုမျိုး ဘက်ပြောင်းခိုလှုံသူတွေဟာ တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့ရွာတွေမှာစည်းရုံးဟောပြောတာ၊ ရိက္ခာကောက်ခံတာနဲ့ ထောက်ပို့ပြည်သူတွေနဲ့ ဆက်ဆံတာတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါကြောင့် အဲဒီ ကျေးရွာတွေကနေ အာဏာသိမ်း စစ်တပ်စိုးမိုးရာ ကျေးရွာတွေဘက်ကို စျေးဝယ်တာ၊ ကျန်းမာရေးကိစ္စ သွားတာတွေအတွက်ပါ စိုးရိမ်မှုတွေရှိနေတယ်လို့ သိရပါတယ်။

တပ်ပြေးရဲဘော်တွေ များနေတာကြောင့် NUG တာဝန်ရှိသူတွေအနေနဲ့ သေချာစိစစ်ဖို့ လိုအပ်နေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

June 11, 2026
အတွဲလိုက် ဆောင်းဘောက်တွေ ဖွင့်လှစ်ပြီး ဆူညံသံတွေကြောင့် နိုင်ငံသားများရဲ့ ကျန်းမာရေး...
June 10, 2026
လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့က ဆောင်ရွက်နိုင်စွမ်းရှိတဲ့ အဆို၊...
June 9, 2026
တနင်္သာရီတိုင်း ပုလောမြို့နယ်နဲ့လောင်းလုံးမြို့နယ်တို့မှာ တစ်ရက်တည်း မြေမြှုပ်မိုင်း...
June 8, 2026
မွန်ပြည်နယ် မုဒုံမြို့နယ် နှီးပဒေါကျေးရွာအနီးမှာ အာဏာသိမ်း စစ်တပ်ရဲ့ တပ်ကြပ်ကြီး နှစ်ဦး သေနတ်နဲ့...