စစ်သင်္ဘောက လက်နက်ကြီးပစ်၍ ကျောက်ဖြူဒေသခံ ၁ ဦး သေဆုံး၊ ၆ ဦး ဒဏ်ရာရ

စစ်သင်္ဘောက လက်နက်ကြီးပစ်၍ ကျောက်ဖြူဒေသခံ ၁ ဦး သေဆုံး၊ ၆ ဦး ဒဏ်ရာရ
စစ်ရေးလေ့ကျင့်နေသည့် စစ်တပ် နေဗီတစ်စီး။ ဓာတ်ပုံ - CINCDS
စစ်ရေးလေ့ကျင့်နေသည့် စစ်တပ် နေဗီတစ်စီး။ ဓာတ်ပုံ - CINCDS

စစ်အုပ်စုနှင့် AA တို့ တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်၏ စစ်သင်္ဘောကနေ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပေါက်ပြင်နှင့် ရွာသစ်ကေကျေးရွာတို့မှ ဒေသခံ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး သံဃာအပါဝင် ဒေသခံ ၆ ဦး ဒဏ်ရာခဲ့ကြောင်း သိရသည်။

မေလ ၁၇ ရက် ညအချိန်တွင် ဇင်ချောင်းကျေးရွာအနီးက ပင်လယ်ပြင်ကနေ ဒေသခံများနေထိုင်ရာ ကျေးရွာများကို လက်နက်ကြီး ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်အတွင်း ရွာသစ်ကေရွာမှ အသက် ၆၃ နှစ်အရွယ် ဒေါ်စံအေးနု သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းအပြင် ပေါက်ပြင်ရွာမှ အသက် ၅၉ နှစ်အရွယ် ဆရာတော် ဦးပညာဝံသ၊ အသက် ၁၇ နှစ်အရွယ် မအေးငြိမ်းသူ၊ ရွာသစ်ကေကျေးရွာမှ အသက် ၁၄ နှစ်အရွယ် မနန္ဒာအောင်၊ အသက် ၃၅ နှစ်အရွယ် ဒေါ်မဝင်း၊ အသက် ၃၉ နှစ်အရွယ် ဦးကျော်စိုးမိုး၊ အသက် ၆၀ အရွယ် ဦးစိုးတင်နှင့် အသက် ၇၉ နှစ်အရွယ် ဦးမောင်ဖိုးယဉ်တို့ အသီးသီး ဒဏ်ရာရရှိခဲ့ကြသည်။

အဆိုပါ ဖြစ်စဉ်တွင် ဇင်ချောင်းကျေးရွာအနီး ပင်လယ်ပြင်ကနေ အာဏာသိမ်းစစ်တပ်၏ စစ်သင်္ဘောကနေ လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဒဏ်ရာရသူတို့ကို အရေးပေါ် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

တိုက်ပွဲများပြင်းထန်းနေသည့် ကျောက်ဖြူတွင် စစ်အုပ်စုသည် အရပ်သား ကျေးရွာများကို လေကြောင်း အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်၊ အသေခံဒရုန်းများဖြင့် နေ့စဉ်တိုက်ခိုက်လျက်ရှိပြီး ဒေသခံ ထိခိုက်ဒဏ်ရာရမှုများလည်း မြင့်တက်နေသည်။

လက်ရှိ ကျောက်ဖြူတိုက်ပွဲများသည် ကျောက်ဖြူမြို့၏ တောင်ဘက် ၁၀ မိုင် ခန့် အကွာရှိ သိုင်းချောင်း၊ ဇိုင်ချောင်းအနီးတစ်ဝိုက်တွင်တစ်နေရာနှင့် တောင်မော်ဦး ရေတပ်စခန်း၊ စနဲမြို့နှင့်အနီးတစ်ဝိုက်တွင် နှစ်ဘက်တိုက်ပွဲများ ပြင်းထန်နေသည်။

အာဏာသိမ်းစစ်တပ်သည် ရေတပ်၊ လေတပ်အင်အားဖြည့်တင်းပြီး ခုခံတိုက်ခိုက်နေသဖြင့် ကျောက်ဖြူတွင် တိုက်ပွဲပြင်းထန်လာနိုင်ခြေရှိကြောင်း သုံးသပ်နေကြသည်။

July 6, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ရခိုင်ပြည်အတွင်း အရပ်သား နေထိုင်သည့် ကျေးရွာများကို စစ်တပ်က...
ကျောက်ဖြူခရိုင်တရားရုံးကို ၂၀၂၂ ဇွန်လက တွေ့ရစဉ်။ ဓာတ်ပုံ - DMG
July 6, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ သံဇစ်မြစ်အတွင်း ဖမ်းဆီးခံရသည့် စက်လှေပိုင်ရှင်နှင့် ခရီးသည် ၁၃...
July 4, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ဘူးသီးတောင်မြို့နယ်၊ ဝါးနက်ရုံကျေးရွာနှင့် အနီးအနားကို စစ်တပ်က...
July 3, 2026
လက်ရှိ ရခိုင်ပြည် ဈေးကွက်အတွင်း ကောက်ညှင်းစပါးဈေးနှုန်းများ အလွန်နည်းပါးနေပြီး ဝယ်ယူသူမရှိသဖြင့်...