စစ်ယာဉ်တန်းရာချီ မြစ်ကြီးနားမြို့ကိုရောက်ရှိ

စစ်ယာဉ်တန်းရာချီ မြစ်ကြီးနားမြို့ကိုရောက်ရှိ

မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည် ထိန်းချုပ်လိုက်ပြီးနောက် စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းများကို စစ်ယာဉ်တန်းများဖြင့် သယ်ဆောင်လာပြီး မြစ်ကြီးနားမြို့ကို ရောက်ရှိခဲ့တယ်လို့ ဒေသခံများထံမှ သိရပါတယ်။

ဒီစစ်ယာဉ်တန်းရာချီဟာ မေလ (၉) ရက်နေ့ထဲက မန္တလေးမြို့ကနေ ထွက်ခွာခဲ့တာဖြစ်ပြီး မေ (၁၂) ရက်နေ့တွင် မြစ်ကြီးနားကိုရောက်ရှိခဲ့တာလို့ နိုင်ငံပိုင်သတင်းစာတွေကနေလည်း ဖော်ပြမှုတွေရှိနေပါတယ်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနဲ့ အတူ ပြည်နယ်အစိုးရဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ဒေသခံများနဲ့ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ဝင်များက ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။

အလားတူ အဲဒီလမ်းတစ်လျှောက်ရှိ စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်၊ ကသာ၊ အင်းတော် နဲ့ မော်လူးမြို့များရှိ ဒေသခံများကလည်းကြိုဆိုခဲ့ကြတယ်လို့ လှုမှုကွန်ရက်စာမျက်နှာတွေမှာ ဒေသခံများက မျှဝေမှုတွေရှိနေပါတယ်။

ပစ္စည်းများတင်ဆောင်လာတဲ့ယာဉ်များမှာ စစ်မော်တော်ယာဉ်များအပြင် ကုန်သည်များလိုက်ပါလာတဲ့ယာဉ်များနဲ့ ဒေသခံခရီးသွားယာဉ်များလည်း ပါဝင်တာဖြစ်ပြီး အစီးရေ ( ၄၀၀) ကျော်တယ်လို့သိရပါတယ်။

ဒါ့အပြင် လမ်းကြောင်းတစ်လျှောက်ရှိ ပျက်စီးဆုံးရှုံးသွားသော မြို့၊ရွာများရှိ အစိုးရရုံးများ၊ စာသင်ကျောင်း၊ ဆေးရုံများပြန်လည်ဖွင့်လှစ်ပေးနိုင်ရေး နဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လုပ်ဆောင်ပေးသွားမှာဖြစ်တယ်လို့ စစ်တပ်ဘက်က ပြောဆိုထားပါတယ်။

ဒီထဲ အခြေခံစားသောက်ကုန်များ၊ ဆေးနဲ့ဆေးပစ္စည်းများ၊ ကျောင်းသုံးစာအုပ်များနဲ့ စက်သုံးဆီများတင်ဆောင်လာတာဖြစ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများမှတစ်ဆင့် ထောက်ပံ့ပေးသွားမှာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ(၆) ရက်နေ့ကစလို့ လမ်းပိုင်းပြန်လည်ဖွင့်လှစ်သွားပြီဖြစ်တဲ့အတွက် ဒေသတွင်း ကုန်ဈေးနှုန်းကြီးမြင့်မှုကို လျော့ချနိုင်တော့မှာဖြစ်သလို ၎င်းတို့စစ်တပ်ထိန်းချုပ်နိုင်တဲ့ မန္တလေး-မြစ်ကြီးနား ဗျူဟာလမ်းမကြီးကနေသာ သွားလာဖို့ကို အသိပေးထားတယ်လို့ ခရီးသွားများနဲ့ယာဉ်လိုင်းပြေးဆွဲနေသူများထံမှ သိရပါတယ်။

June 1, 2026
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)...
May 30, 2026
သျှမ်းပြည်တောင်ပိုင်း၊ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လက်သမားခ တစ်နေ့လျှင့် ကျပ်ငွေ...
May 29, 2026
သျှမ်းပြည် နမ့်စန်မြို့နယ် ခိုလမ်မြို့အနီးသို့ ရောက်ရှိနေသော RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး...
May 28, 2026
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး...