မင်းပြားမြို့နယ်မှာ သုံးမြွှာပူးမွေးဖွား

မင်းပြားမြို့နယ်မှာ သုံးမြွှာပူးမွေးဖွား

သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈ ရက်နေ့ကမိခင်တစ်ဦးမှ သုံးမြွှာပူးကလေးငယ်များကို ဘေးကင်းလုံခြုံစွာမွေးဖွားနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါသုံးမြွှာပူးကလေးငယ်များကို ကမ်းနီကျေးရွာမှ အဖ ဦးမောင်ယေချေ (၄၀ နှစ်)နှင့် အမိ ဒေါ်အေးအေးငြိမ်း (၃၀ နှစ်) တို့မှ မွေးဖွားခဲ့ခြင်းဖြစ်သည်။

ကလေးငယ်များ မွေးဖွားရာတွင် မေလ ၈ ရက် နေ့လယ် ၁ နာရီခန့်၌ ပထမသားဦးလေးကိုမွေးဖွားခဲ့ပြီး၊ ယင်းနေ့ ည ၁၀ နာရီ ၃၅ မိနစ်နှင့် ၁၀ နာရီ ၃၇မိနစ်တို့တွင် အခြားသားငယ်တစ်ဦးနှင့် သမီးငယ်တစ်ဦးကိုထပ်မံမွေးဖွားခဲ့ခြင်း ဖြစ်သည်။

၎င်းကလေးငယ်အမြွှာပူး ၃ ဦးအား အာရက္ခကျန်းမာရေးဌာနက မွေးဖွားပေးခဲ့ပြီးလက်ရှိတွင် မိခင်နှင့် ကလေးငယ် (၃) ဦးစလုံး ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်းမိသားစုဝင်များထံမှ သိရသည်။

ယင်းကဲ့သို့ သုံးမြွှာပူးမွေးဖွားသည့်အတွက်ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) မှ တာဝန်ရှိသူများက ကလေးမိဘများထံသို့အားပေးစကားပြောကြားကာ ထောက်ပံ့ငွေ ကျပ် (၁၀) သိန်း ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။

June 2, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ရေသန့်စက်ရုံ ၄၆ ရုံရှိသည့်အနက် စံမီသည့်စက်ရုံ ရှစ်ရုံသာရှိသည်ဟု...
June 1, 2026
(အခုလို အောင်မြင်မှုတွေရရှိလာတာဟာ အာရက္ခစစ်သည်တော်တွေရဲ့ စွန့်လွှတ်အနစ်နာခံ ပေးဆပ်...
May 30, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်ကျောက်ဖြူမြို့မှ ဒေသခံ ၂ ဦးအား လွတ်ရက်စေ့သော်လည်း ပြန်မလွှတ်ဘဲ...
May 29, 2026
ပိုးဝါ — ရခိုင်ပြည်၊ ရမ်းဗြဲ၊ ကျောက်ဖြူ နယ်ခြားဒေသ၊ ပိန္နဲတောင်/မော်ဦးအနီး...