မြစ်ဆုံဆည်ဆောက်ဖို့ စစ်အုပ်စု ဆက်တိုက်စည်းရုံးနေ

မြစ်ဆုံဆည်ဆောက်ဖို့ စစ်အုပ်စု ဆက်တိုက်စည်းရုံးနေ
ပုံဟောင်းဖြစ်ပါသည်။
ပုံဟောင်းဖြစ်ပါသည်။

မြစ်ဆုံဆည်ဆောက်မယ့်အပေါ်  ကန့်ကွက်မှုတွေရှိနေပေမဲ့ စစ်အုပ်စုဟာ အကောင်အထည်ဖော်နိုင်ရေး အတွက် ဒေသခံတွေကို ဆက်တိုက်စည်းရုံးမှုတွေ လုပ်ဆောင်နေပါတယ်။ 

မေလ ၆ ရက်နေ့မှာဆိုရင်လည်း ကချင်ပြည်နယ်ထဲက ဌာနဆိုင်ရာတွေ၊ စီးပွားရေး လုပ်ငန်း ရှင်တွေ၊ အသင်းအဖွဲ့တွေနဲ့ ဒေသခံပြည်သူတွေကို "ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက် အကူပြုရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံကော်မတီ" အဖွဲ့ဝင်တွေက မြစ်ဆုံနဲ့ ပတ်သက်ပြီး မြစ်ကြီးနားမှာ စည်းရုံးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီစည်းရုံးပွဲမှာ စစ်အုပ်စုရဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က လျှပ်စစ်စွမ်းအင်ဟာ အရေးကြီးတဲ့အကြောင်းနဲ့ အနာဂတ်မျိုးဆက်သစ်တွေအတွက် အားလုံးပူးပေါင်းပြီး ကြိုးစား ဆောင်ရွက်သွားကြရမယ်လို့ ပြောခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့တုန်းကတော့ ကချင်ပြည်နယ်ဒေသခံတွေနဲ့ ကချင်အရပ်ဘက် အဖွဲ့အစည်းပေါင်း ၄၉ ဖွဲ့ဟာ မြစ်ဆုံကို အကောင်အထည်မဖော်ဖို့ ပူးပေါင်း ထုတ်ပြန်ခဲ့ကြပါသေးတယ်။ 

အဲဒီထုတ်ပြန်ချက်ထဲမှာတော့ တရုတ်အစိုးရပိုင် ကုမ္ပဏီ(SPIC-YN) အနေနဲ့ မြစ်ဆုံဆည်ကို ကန်ကွက်တဲ့ မြန်မာပြည်သူလူထုရဲ့ သဘောထားဆန္ဒကို မျက်ကွယ်ပြုပြီး အတင်းအဓမ္မ စည်းရုံး လှုံဆော်တာနဲ့ အကောင်အထည်ဖော်တာတွေကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုထားပါတယ်။

စစ်အုပ်စုဘက်ကတော့ စည်းရုံးရေးအပါအဝင် မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့ ဒေသခံပြည်သူတွေကို စည်းရုံးမှုဟာ ၁၆ ကြိမ်ထက်မနည်း ရှိနေပြီလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဦးမင်းအောင်လှိုင်ပါဝင်တဲ့ စစ်အုပ်စုရဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး မှာလည်း လျှပ်စစ်ဓာတ်အား တိုးထုတ်ဖို့အတွက် လျာထားတဲ့ လုပ်ငန်းတွေအကြောင်းကို ပြောဆိုခဲ့ပါ သေးတယ်။

July 2, 2026
အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်ရဲ့တရုတ်ခရီးစဉ်မှာ မြစ်ဆုံစီမံကိန်းကို ပြန်စဖို့...
June 30, 2026
စိုင်းခေ — ကော်ဖီသောက်ရင် သေဒဏ်ပေးမယ်ဆိုတဲ့ အမိန့်တစ်ခု စာဖတ်သူနေတဲ့ ဒေသမှာ ရှိတယ်ဆိုရင်...
June 29, 2026
ကချင်ပြည်နယ်မှာ စစ်အုပ်စုလုပ်တဲ့ တက္ကသိုလ်ဝင်တန်းအောင်မြင်သူဟာ အယောက် ၆,၀၀၀ ကျော်ရှိတယ်လို့...
June 25, 2026
အာဏာသိမ်းစစ်တပ်နဲ့ သတင်းပေးတာ၊ သတင်းယူတာအပြင် သူလျှို(ဒလန်)တွေ မပြုလုပ်ကြဖို့...