ငါးနှစ်ကြာပိတ်ထားတဲ့ မိုးညှင်း-မြစ်ကြီးနား မီးရထားလမ်း ပြန်ဆွဲမယ်

ငါးနှစ်ကြာပိတ်ထားတဲ့ မိုးညှင်း-မြစ်ကြီးနား မီးရထားလမ်း ပြန်ဆွဲမယ်
ရပ်နားထားရတဲ့ မိုးညှင်းဘူတာကို ၂၀၂၅ ခုနှစ်ကုန်ပိုင်း မြင်ကွင်း/ShanNi Voice
ရပ်နားထားရတဲ့ မိုးညှင်းဘူတာကို ၂၀၂၅ ခုနှစ်ကုန်ပိုင်း မြင်ကွင်း/ShanNi Voice

ကချင်ပြည်နယ်အတွင်းရှိ ၂၀၂၁ ခုနှစ်ကနေ ငါးနှစ်အကြာပိတ်ထားတဲ့ မိုးညှင်းမြို့မှ မြစ်ကြီးနားမြို့အထိ မီးရထားလမ်းပိုင်းကို သုံးလအတွင်း ပြန်လည်ပြေးဆွဲနိုင်ဖို့ကို ပြင်ဆင်မှုတွေပြုလုပ်နေတယ်လို့ မြန်မာ့မီးရထားဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပျက်စီးနေတဲ့တံတားနဲ့ သံလမ်းတွေကို ပြင်ဆင်ခြင်း၊ ပြန်လည်ဖြည့်တင်းခြင်းများကို ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရရဲ့ ရက်ပေါင်း(၁၀၀)စီမံချက်နဲ့ ပြင်ဆင်လုပ်ဆောင်နေတယ်လို့ ဆိုထားပါတယ်။

ဧပြီ(၂၁)ရက်နေ့အထိမှာ မိုးကောင်းမြို့ကနေ မိုးညှင်းမြို့အကြားရှိ မင်းကုန်းဘူတာအထိ ပြင်ဆင်ထားပြီးဖြစ်တယ်လို့သိရပြီး ပြင်ဆင်မှုတွေအားလုံးပြီးဆုံးသွားပါက ပြန်လည်ပြေးဆွဲမှုစတင်မယ်လို့ ဆိုထားပါတယ်။

“ ရထားရပ်သွားတော့ ကုန်စျေးနှုန်းလည်း တော်တော်ကြီးလာတယ်လေ။ ရထားဖွင့်ရင် ကုန်စျေးနှုန်းဒဏ်ခံရတာလျော့ပါးသွားမယ်။ ရထားကြီးပြန်ထွက်တော့မယ်ဆိုတော့ ပျော်နေပြီ။ အမြန်ဖွင့်ခိုင်းစေချင်တယ်။ (၇၅)ရာခိုင်နှုန်းက ဒီရထားပေါ်မှာ မှီခိုကြရတာ အကျိုးရှိတယ်' လို့ ရထားဘူတာအတွင်း အလုပ်လုပ်ကိုင်နေသူ မိုးညှင်းဒေသခံတစ်ဦးက ဆိုပါတယ်။

ဒီရထားလမ်းပြန်လည်ပြေးဆွဲသွားလာဖို့ကို ပြီးခဲ့တဲ့ (၂၀၂၅)ခုနှစ်ကုန်ပိုင်းကတည်းက လမ်းပိုင်းကိုမှီခိုပြီးစီးပွားရေးလုပ်ကိုင်နေတဲ့ သံလမ်းဘေးနေထိုင်သူတွေနဲ့ ဒေသခံတွေအားလုံးက မျှော်လင့်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

မြစ်ကြီးနားမြို့ကနေ မိုးညှင်းမြို့အထိ ဘူတာပေါင်း (၃၃)ဘူတာရှိပြီး တံတားပေါင်း(၃၁၈)လုံး၊ သံလမ်းမိုင်ပေါင်း (၁၆၃)မိုင် ကျော်နဲ့ ခရီးမိုင်ပေါင်း (၁၁၀)မိုင် ရှိနေပါတယ်။

လက်ရှိမှာ မြစ်ကြီးနားကနေ မိုးကောင်းအထိ ပြေးဆွဲနေတဲ့ ခေါက်တိုရထားတွေသာရှိနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ (၂၀၂၁) ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း မီးရထားတွေပြေးဆွဲနိိုင်ခြင်းမရှိတော့သလို နောက်ပိုင်းမှာလည်း ရထားလမ်းပိုင်းတွေကို KIA+PDF ပူးပေါင်းတပ်တွေက ထောင်ချောက်မိုင်းတွေနဲ့ တိုက်ခိုက်တာကြောင့် ပြေးဆွဲမှုတွေရပ်နားထားရတာဖြစ်ပါတယ်။

Most read this week

ရှမ်းနီ အမျိုးသား ရိုးရာဝတ်စုံအမည် သတ်မှတ်ရေး အစည်းအဝေး ပြုလုပ်နေသည်ကို တွေ့ရစဉ်။ / Sai Aung Myo - ရှမ်းနီအသံ
September 18, 2026
ကချင်ပြည်ရှိ ရှမ်းနီ တိုင်းရင်းသားများ၏ အမျိုးသား ရိုးရာဝတ်စုံ (National Dress) အမည်...
Photo - Crd
September 17, 2026
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဗန်းမောက်မြို့နယ်အတွင်း စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များ...
ဓာတ်ပုံ - (မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီးကို တွေ့ရစဉ်။ / Crd)
September 16, 2026
မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီး၌ ရောဂါ ၁၂ မျိုးကို အထူးကုဆရာဝန်ကြီးများ လာရောက်ကုသပေးမည်...
September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...