ကရင်နီ ဒုက္ခသည်စခန်းက နေအိမ်မီးလောင်သွားတဲ့ မိသားစုတွေအတွက် ထောက်ပံ့

ကရင်နီ ဒုက္ခသည်စခန်းက နေအိမ်မီးလောင်သွားတဲ့ မိသားစုတွေအတွက် ထောက်ပံ့

ထိုင်း-ကရင်နီနယ်စပ်မှာရှိတဲ့ ကရင်နီ ဒုက္ခသည်စခန်း အမှတ် (၂) မှာ ဧပြီ ၁၉ ရက်နေ့မှာ နေအိမ် ၄ လုံး မီးလောင်ပြာကျခဲ့တဲ့ မိသားစုတွေအတွက် ထိုင်းအာဏာပိုင်တွေနဲ့ စခန်းတာဝန်ခံတွေက ထောက်ပံ့မှုပေးသွားနေတယ်လို့ စခန်းတာဝန်ခံတစ်ဦးက ပြောပါတယ်။ 

“ဒီနေ့ကတော့ ကျန်ောတို့ shelter ဖက်ကတော့ သွားပြီးတော့ ကွင်းဆင်းပြီးတော့ ထိခိုက်တဲ့ အိမ်ခြေတွေကို သွားစီစစ်တယ်။ နောက်ပြီးတော့ သစ်တို့ ဝါးတို့ ဖက်တို့ တစ်အိမ်ကို ဘယ်လောက်ဘယ်လောက်နှုန်းနဲ့ ပေးရမယ်ဆိုတာ ကွင်းဆင်းလေ့လာနေတုန်းပဲ။ ဒီရက်က သူတို့( ထိုင်းအာဏာပိုင်) ကြိုတင်ပြောထားတဲ့အရ ကျနော်တို့ သွားပြီးတော့ မတွေ့ရသေးဘူး။ သူတို့ ဆန်တို့ ဘာတို့ လာကူညီမယ်လို့တော့ သတင်းတော့ ပေးထားတယ်။ တဟာ(ထိုင်းစစ်တပ်) ဖက်ကပေါ့နော” လို့ စခန်း (၂) စခန်းတာဝန်ခံ စောဘီယားမီ က ပြောပါတယ်။ 

မီးလောင်မှုဖြစ်ပွားခဲ့ချိန်မှာ ထိုင်းအာဏာပိုင်တွေ လာရောက်ကြည့်ရှုသွားခဲ့ပြီး ရေသန့်အချို့ကို ယူလာပေးခဲ့တယ်လို့လည်း ပြောပါတယ်။ လက်ရှိမှာတော့ နေအိမ်ဆုံးရှုံးခဲ့တဲ့ မိသားစုတွေအတွက် အိမ်ထောင်စု နှစ်စုကို ဆန်တစ်အိတ်နှုန်းနဲ့ စခန်းက ထောက်ပံ့ထားတယ်လို့လည်း ပြောပါတယ်။ 

နေအိမ်တစ်လုံးရဲ့ မီးဖိုကနေ မီးစတင်စွဲလောင်ခဲ့ပြီးနောက် တခြားနေအိမ်သုံးလုံးအထိ ကူးစက်သွားတာကြောင့် စုစုပေါင်း နေအိမ် ၄ လုံး မီးလောင်ပြာကျသွားခဲ့ပြီး ပိုင်ဆိုင်မှုတွေလည်း အကုန်ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။ မီးဆက်မကူးနိုင်အောင်လို့ ဒေသခံတွေက ဘေးပတ်ပတ်လည်မှာရှိတဲ့ နေအိမ် ၉ လုံးကိုလည်း အိမ်ခေါင်မိုးတွေ ဖြုတ်ထားခဲ့ကြပြီး မီးငြိမ်းသတ်နိုင်ခဲ့ကြတယ်လို့ ပြောပါတယ်။ 

မီးလောင်ပြာကျခဲ့တဲ့ နေအိမ်တွေမှာ မိသားစုဝင်အားလုံး ၂၁ ဦး ရှိပြီး လူတွေကတော့ အထိအခိုက်တစ်စုံတရာ မရှိဘူးလို့လည်း စခန်းတာဝန်ခံက ပြောပါတယ်။ 

စစ်ကော်မရှင်တပ်ရဲ့ ရိုက်နှက်ခြင်းခံရတဲ့ စစ်ရှောင်အမျိုးသားတဦးကို တွေ့ရစဉ်
May 11, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ မေလ ၈ ရက်နေ့ ၂...
May 9, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှာ မနေ့က မေ ၇ ရက်ကစလို့ စက်သုံးဆီ...
ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမြို့နယ်
May 8, 2026
မေလ ၆ရက်နေ့မှာ ကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO Local PDF)ရဲ့ တပ်တည်ထောင်ခြင်း (...
May 7, 2026
ဧပြီလအကုန် မေလအစမှာ ဓာတ်ဆီဈေးတွေ အနည်းငယ် ပြန်လည်ကျလာတာကြာင့် ကရင်နီပြည်၊...