စစ်ထောက်လှမ်းရေးချုပ်သစ်အဖြစ် ဒုဗိုလ်ချုပ်ကြီး ကျော်ကိုထိုက် ခန့်အပ်ခံရ

စစ်ထောက်လှမ်းရေးချုပ်သစ်အဖြစ် ဒုဗိုလ်ချုပ်ကြီး ကျော်ကိုထိုက် ခန့်အပ်ခံရ

ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ကိုထိုက်ကို ခန့်အပ်လိုက်ကြောင်း စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်များထံမှ မဇ္ဈိမ စုံစမ်းသိရသည်။

အဆိုပါ စစ်ထောက်လှမ်းရေးချုပ် ရာထူးကို အရင်က တာဝန်ယူခဲ့သည့် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးမှာ တပ်ချုပ်ရာထူး ရသွားသဖြင့် ၎င်း၏နေရာတွင် ဒုဗိုလ်ချုပ်ကြီး ကျော်ကိုထိုက်က အစားထိုး ဝင်ရောက်လာခြင်း ဖြစ်သည်။

ဒုဗိုလ်ချုပ်ကြီး ကျော်ကိုထိုက်သည် ယခင်က ရာထူးတိုးရန် နှောင့်နှေးနေသူဖြစ်သော်လည်း နောက်ပိုင်းတွင် ရာထူးများ ဆက်တိုက် တိုးမြှင့်ခံခဲ့ရသူ ဖြစ်ကြောင်း စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်များက ဆိုသည်။

၎င်းသည် မန္တလေးအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ထိုမှတဆင့် လေ့ကျင့်ရေးအရာရှိချုပ် ဖြစ်လာခဲ့သည်။

ယခုအခါတွင်မူ အရေးကြီးသည့် စစ်ထောက်လှမ်းရေးချုပ် ရာထူးသို့ ခန့်အပ်ခံရခြင်း ဖြစ်သည်။

“သူက မမျှော်လင့်ဘဲ ရာထူးတက်လာတာ။ ရာထူးမတိုးဘဲ နောက်ကျနေတာကနေ လပခ(အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်)တိုင်းမှူး ဖြစ်တယ်။ ပြီးတော့ သိပ်မကြာဘူး လေ့ကျင့်ချုပ်၊ အခု စရခချုပ်။ ရာထူးတန့်နေတာကနေ မမျှော်လင့်ဘဲ စရဖချုပ်ထိ ဖြစ်လာတာ” ဟု အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ဗိုလ်မှူးနောင်ရိုးက ဆိုသည်။

ဒုဗိုလ်ချုပ်ကြီး ကျော်ကိုထိုက်သည် စစ်တက္ကသိုလ် အပတ်စဉ် (၃၈) ဆင်းဖြစ်ပြီး လက်ရှိ စစ်ကော်မရှင်တပ်ထိပ်ပိုင်း ခေါင်းဆောင်အချို့နှင့် တပတ်စဉ်တည်း ကျောင်းဆင်းခဲ့သူလည်း ဖြစ်သည်။

၎င်း၏ ရှေ့တွင် တာဝန်ယူခဲ့သည့် တိုင်းမှူးနှစ်ဦးစလုံးမှာ ပြဿနာများဖြစ်ပွားကာ အရေးယူခံခဲ့ရသော်လည်း ဒုဗိုလ်ချုပ်ကြီး ကျော်ကိုထိုက်မှာမူ အထက်လူကြီးများ၏ ယုံကြည်မှုကို ရရှိခဲ့သဖြင့် ရာထူးတိုးမြှင့်ခံရခြင်း ဖြစ်သည်ဟု ဆိုသည်။

ဗိုလ်မှူးနောင်ရိုးက “ထိပ်ပိုင်းက စတသ (စစ်တက္ကသိုလ်) ၃၈ တွေရဲ့ ထောက်ခံမှုလည်းပါမယ်။ လပခတိုင်းမှူးဖြစ်တဲ့အချိန်မှာ သဘောကျပုံရတယ်။ ကျော်ကိုထိုက် ရှေ့က လပခတိုင်းမှူး နှစ်ယောက်စလုံး ပြဿနာဖြစ် အရေးယူခံရပေမယ့် ကျော်ကိုထိုက် က ရာထူးတိုးသွားတာ” ဟု ဆိုသည်။

၎င်းသည် ၂၀၂၃ ခုနှစ်တွင် စစ်မှုထမ်းကောင်းတံဆိပ်ကိုလည်း ချီးမြှင့်ခြင်း ခံထားရသူ တဦးဖြစ် သည်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...