ဘောလခဲမြို့‌ပေါ်မှာ ဆက်သွယ်ရေးဖုန်းလိုင်းပြန်ရ

ဘောလခဲမြို့‌ပေါ်မှာ ဆက်သွယ်ရေးဖုန်းလိုင်းပြန်ရ

စစ်ကော်မရှင်တပ်ထိန်းချုပ်ထားတဲ့ ကရင်နီပြည်၊ ဘောလခဲမြို့ပေါ်မှာ ဆက်သွယ်ရေးဖုန်းလိုင်းဖြစ်တဲ့ MPT နဲ့ CDMA ပြန်ရနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

ဒါက ဖားဆောင်းမြို့ကို စစ်ကော်မရှင်တပ် ထိန်းချုပ်နိုင်ပြီး လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို-ဘောလခဲ-ဖားဆောင်း ကို ဆက်သွယ်ထားတဲ့ ပြည်ထောင်စုလမ်းမကြီးကို မကြာခင်မှာပြန်လည်ဖွင့်လှစ်နိုင်တော့မယ်လို့ ကြေညာပြီးတဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့နောက်ပိုင်း ဆက်သွယ်ရေးဖုန်းလိုင်း ပြန်ရတာဖြစ်ပါတယ်။

“အရင်ထက်တော့ အဆင်ပြေလာတယ်ပြောတာဘဲ။ ဖုန်းလိုင်း‌တွေလည်းပြန်ရပြီ၊ရိက္ခာတွေလည်းပြန်ဝင်ပြီဆိုတော့လေ” လို့ ‌ဘောလခဲမြို့အခြေနေကိုသိတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။

စစ်ကော်မရှင်တပ်က လွိုင်ကော်- ဖားဆောင်း ပြည်ထောင်စုလမ်းမကြီးမှာ စစ်ရေးလှုပ်ရှားမှုရှိနေပြီး မြေပြင် ယာဥ်တန်းအဝင်တွေလည်း ရှိတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

အဲဒီယာဥ်တန်းတွေနဲ့အတူ ဘောလခဲမြို့တွင်းကို ပြန်၀င်ကြတဲ့ အရပ်သားတွေလည်း ပါလာနိုင်တယ်လို့လည်း ဒေသခံတွေက ခန့်မှန်းထားကြပါတယ်။

“အဲ့ဘက်မြေပြင်အခြေအနေထိတော့မသိဘူး။ ထိန်းချုပ်နိုင်၊ မနိုင်ဆိုတာတော့ ယာဉ်တန်းဝင်နိုင်သွားတာဘဲသိထားသေးတယ်။ ဝန်ထမ်းထဲက ပြန်ဝင်တာတော့ရှိတယ်။ ပြည်သူထဲကတော့မကြားမိသေးဘူး။ ဒီတိုင်းပုံမှန်ယာဉ်တန်းတွေသွားလာလို့ရရင်တော့ ပြန်ဝင်ကြမယ်ထင်တယ် စစ်ရှောင်တွေထဲက”လို့ ‌ဘောလခဲမြို့ခံတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ ဘောလခဲမြို့ပေါ်မှာ စတားလင့်အင်တာနက်လည်း ရနေပြီလို့ပြောပါတယ်။ 

ရွေးကောက်ပွဲ ကျင်းပပြီးကတည်းက ဘောလခဲမြို့ပေါ်မှာ ပြည်သူ့ဆေးရုံပြန်ဖွင့်နိုင်ဖို့ စစ်ကော်မရှင်က သန့်ရှင်းရေးပြုလုပ်တာတွေလည်း ရှိခဲ့ပါတယ်။

Most read this week

March 28, 2026
စက်သုံးဆီ မြှင့်တက်လာမှုကြောင့် ကရင်နီပြည် ၊ နန်းမယ်ခုံမြို့နယ်အတွင်းရှိ တောင်သူများ...
March 27, 2026
ခဲသတ္တုထွက်ရှိတဲ့ ကရင်နီပြည် ၊ ဖားဆောင်းမြို့နယ် ၊ မော်ချီးဒေသမှာ လတ်တလော ခဲဈေးမတည်ငြိမ်တာနဲ့...
ပုံဟောင်းအသုံးပြုထားသည်
March 26, 2026
ကရင်နီပြည်တွင်းက မြို့နယ်တရားရုံး အမှတ် (၄) နယ်မြေဖြစ်တဲ့ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းနဲ့...
March 25, 2026
စောအယ်ကညော — မိုးတိမ်တွေ အုံ့မှိုင်းနေတဲ့ ကောင်းကင်ကြီးအောက်မှာ ထွန်စက်တွေနဲ့...