မောင်တောနှင့် ပေါက်တောတွင် သက်ငယ်မုဒိမ်းမှုဖြစ်ပွား

မောင်တောနှင့် ပေါက်တောတွင် သက်ငယ်မုဒိမ်းမှုဖြစ်ပွား

ရခိုင်ပြည်၊ မောင်တောမြို့နယ်တွင် သက်ငယ်မုဒိမ်းမှုနှင့် လူသတ်မှုကျူးလွန်သူကိုဖမ်းမိပြီး ပေါက်တောမြို့နယ်တွင် သက်ငယ် မုဒိမ်းမှု ကျူးလွန်သူမှာ ထွက်ပြေးလွတ်မြောက်နေသည်ဟု သိရသည်။  

မတ် ၁၆ ရက်နေ့က မောင်တောမြို့နယ်၊ အောင်သုခကျေးရွာတွင်အသက် (၃)နှစ်အရွယ်မိန်းခလေးငယ်တစ်ဦး မုဒိမ်းကျင့်ခံရပြီး သတ်ဖြတ်ခံခဲ့ရသည်။

၎င်းမိန်းကလေးငယ်မှာ မတ်လ ၁၆ ရက် ညနေပိုင်းက ကစားရန်ထွက်သွားပြီး အိမ်ပြန်မရောက်သည့်အတွက် ရွာသူ/ရွာသားတွေက လိုက်လံရှာဖွေရာ အဓမ္မပြုကျင့်ခံရပြီး သေဆုံးနေသည့် ရုပ်အလောင်းကိုသာ တွေ့ရှိခဲ့ရသည်ဟု ဒေသခံတစ်ယောက်က နိရဉ္စရာကိုပြောသည်။ 

" ကလေးပျောက်သွားလို့ ရွာသားတွေရှာကြတာ။ အဲ့ဒီရွာရဲ့နေအိမ်တစ်လုံးရဲ့နောက်မှာ ဆာလာအိတ်နဲ့ထုတ်ထားတဲ့ကလေးရဲ့အလောင်း‌ကိုပဲတွေ့ပါတယ်။ တော်တော်ရက်စက်တဲ့အမှုပါ။"

ကလေးငယ်မှာ အဓမ္မပြုကျင့် သတ်ဖြတ်ခံထားရတဲ့  လက္ခဏာများတွေ့ရှိရပြီး ကျူးလွန်သူက ရုပ်အလောင်းကို မြေမြှုပ်ဖျောက်ဖျက်ရန်မြေကျင်းတူးထားချိန်တွင် ဖမ်းဆီးမိခဲ့သည်ဟု ဆိုသည်။

အဓမ္မကျူးလွန်တဲ့  သံသယရှိသူ ၃ ယောက်ကို အာရက္ခတပ်တော်ရဲ့  ဒီလပ် (DLEPS) ကဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက် အသက် (၁၄) နှစ်အရွယ် လူငယ်တစ်ဦးက နောက်ပိုင်းတွင် ဝန်ခံခဲ့သည်ဟု သိရသည်။

အလားတူ ပေါက်တောမြို့နယ်၊ အလယ်ဖရုံကာကျွန်း၊ ဖဒူကြီးကျေးရွာတွင်လည်း မတ်လ ၃ ရက်နေ့ကဖြစ်ပြီး အသက် ၈ နှစ်အရွယ်ကလေးတစ်ယောက် မုဒိမ်းမှု ကျူးလွန်ခံခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက " သူအဒေါ်နဲ့စိုက်ခင်းကိုလိုက်သွားတာပါ။ ကလေးက စိုက်ခင်းကအပြန် လမ်းမသိတော့ အဲ့ဒီကျူးလွန်သူက တရွာထဲသားဆိုတော့ လမ်းပြခိုင်းတာမှာ လမ်းခုလတ်တစ်နေရာမှာ ပြုကျင့်ခံရတာ" ဟုပြောသည်။

ကျူးလွန်သူမှာ အသက် ၄၀ ကျော်အရွယ်အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းသည် ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ကျူးလွန်သူကို မတ်လ ၅ ရက်နေ့က  အာရက္ခတပ်တော်က ဖမ်းဝရမ်းထုတ်ပြန်ခဲ့ပြီး ကျေးရွာများအတွင်း "မုဒိမ်းမှုတရားခံအား အလိုရှိသည်။ တွေ့ရှိပါက နီးစပ်ရာအုပ်ချုပ်ရေးအဖွဲ့ထံ အကြောင်းကြားရန်" ဟူသည့်စာတမ်းများဖြင့် လိုက်လံကြေညာကာ ရှာဖွေလျက်ရှိကြောင်းသိရသည်။

June 8, 2026
နှင်းနွယ်နီ — လုံခြုံရေးအခြေအနေကြောင့် ရေလုပ်သားများအားငါးဖမ်းခွင့်ကိုပိတ်ပင်ထားရာမှ...
ရခိုင်ဒေသအတွင်း အထက်တန်းကျောင်းသူ၊ ကျောင်းသားအချို့ စာသင်နေကြစဉ်။
June 6, 2026
မောင်စာဂ၊ နိရဉ္စရာ  — အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ အာရက္ခအမျိုးသားပညာရေးဌာန(ဗဟို)...
June 5, 2026
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်နှင့် ရခိုင်ရိုးမအစပ်ရှိ ကြောင်လျှာရွာအနီးရှိ အာဏာသိမ်းစစ်တပ်၏...
June 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ မာန်အောင်မြို့တွင် လျှပ်စစ်မီးသည် တစ်နေ့လျှင် ၁...