မိုးညှင်းမြို့နယ်အတွင်း သတ်ဖြတ်လုယက်မှုတွေကို ကျူးလွန်နေသူ (၈) ဦးကိုဖမ်းမိ

မိုးညှင်းမြို့နယ်အတွင်း သတ်ဖြတ်လုယက်မှုတွေကို ကျူးလွန်နေသူ (၈) ဦးကိုဖမ်းမိ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်း လုယက်မှုနဲ့ ဓားပြမှုအပြင် သတ်ဖြတ်မှုတွေကိုပါ ကျူးလွန်ပြုလုပ်နေသူ အဖွဲ့ဝင်(၈)ဦးတို့ကို ဖမ်းဆီးထားပြီဖြစ်တယ်လို့ မိုးညှင်းရဲတပ်ဖွဲ့ဝင်များနဲ့နီးစပ်သူများထံမှ သိရပါတယ်။

"သူတို့အဖွဲ့တွေ (၂၀)လောက်ရှိတယ်တဲ့။ ဒါပေမယ့် အခု (၈)ယောက်ပဲမိသေးတာ။ အုပ်စုလိုက်လုပ်ကြတာသူတို့က "ဟု မိုးညှင်းမြို့တွင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပြပါတယ်။

ဖမ်းမိသူတွေထဲမှာ အမျိုးသမီး(၂)ဦး၊ အမျိုးသား(၆)ဦးတို့ပါဝင်ပြီး လူသတ်မှု ၊ လုယက် ၊အကြမ်းဖက်မှုနဲ့ဓားပြမှု ပြစ်မှုပေါင်း (၉)မှု တို့ကိုပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ပြစ်မှုကျူးလွန်သူတွေထဲ ကသာမြို့ကနေ ဟိုပင်မြို့ကို ပြောင်းရွှေ့တိမ်းရှောင်လာသူတွေပါဝင်နေကြောင်း အုပ်ချုပ်ရေးနဲ့နီးစပ်သူများနဲ့ ဒေသခံများက ပြောဆိုမှုတွေရှိနေပါတယ်။

"ဒီလူတွေကို ဟိုပင်မှာမိတာတဲ့။ ဒါပေမယ့် ဟိုတစ်ခါဖြစ်တဲ့ မိသားစု(၆)ဦးသတ်ခံရတဲ့ တရားခံတွေမဟုတ်ဘူးတဲ့။ အခုမိတဲ့ဟာတွေလည်း ဟိုပင်နယ်ခံတွေမဟုတ်ဘူး။ တစ်ခြားနယ်က ရှောင်တိမ်းလာတဲ့သူတွေလေ။ မယုံနိုင်ဘူးဖြစ်နေတာ။ အများသူငါ ဒုက္ခတွေများနေကြတာကို အဲလိုကြီးမလုပ်သင့်ဘူးလေ။ အလွယ်လမ်းလိုက်ကြတာ "ဟု ဟိုပင်မြို့သားတစ်ဦးက ဆိုပါတယ်။

ဒါပေမယ့် မတ်လ(၄)ရက်နေ့က ဟိုပင်မြို့ ၊ မြသာယာရပ်ကွက်က မိသားစု(၆)ဦးကို လုယက်သတ်ဖြတ်သွားတဲ့ တရားခံတွေကိုတော့ ဖမ်းမိခြင်းမရှိသေးကြောင်း သိရပါတယ်။

ယခုဖမ်းမိသူတွေက ဟိုပင်မြို့ ရှိ မင်းသီဟ လယ်ယာသုံးပစ္စည်းဆိုင်လုယက်မှု၊ နန်းမားမြို့ လက်ပံတန်းကျေးရွာထိပ်က အိမ်စီးကားကို ဓားပြတိုက်မှု၊ မိုးညှင်းမြို့ မြို့ရှောင်လမ်းမှာ အမျိုးသားတစ်ဦးကို သေနတ်နဲ့ပစ်သတ်မှု စတဲ့အမှုများကို ကျူးလွန်ခဲ့သူတွေဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့ကို လက်လုပ်သေနတ်(၂)လက်နဲ့မောင်းပြန် MA သေနတ်(၁)လက်တို့နဲ့အတူ ဖမ်းဆီးနိုင်ခဲ့ဖြစ်ကြောင်း သိရပါတယ်။

မိုးညှင်းမြို့နယ်အတွင်း ဒီနှစ်ပိုင်းတွေအတွင်း နယ်မြေလုံခြုံမှုအလွန်ပင်နည်းပါးပြီး လုယက်ဓားပြမှုတွေ လစဉ်ဆိုသလို ဖြစ်ပွားနေတာကြောင့် ဒေသခံများစိုးရိမ်မှုတွေ မြင့်တက်နေတာလည်းဖြစ်ပါတယ်။

March 14, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ထီးချိုင့်မြို့နယ်တွင်းကို စစ်ကော်မရှင်တပ်တွေက မတ်လ ၈ ရက်နေ့ကနေ...
March 13, 2026
မန္တလေးတိုင်းဒေကြီး သပိတ်ကျင်းမြို့နယ် ၊ တကောင်းမြို့ကို NUG က သိမ်းပိုက်ပြီး...
March 12, 2026
တော်လှန်ရေး ဦးဆောင်အဖွဲ့တွေကြား နိုင်ငံရေးအရ ကျေလည်မှုရှိအောင် အချိန်ပေး တွေ့ဆုံဆွေးနွေးမှုတွေ...
March 11, 2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ကို ရောက်ရှိလာတဲ့ ဝိုင်းမော်မြို့နယ်က စစ်ရှောင်တချို့ရဲ့...