ဖလမ်းမြို့ဆီ ထိုးစစ်ဆင်လာတဲ့ ၄ လအတွင်း တိုက်ပွဲတွေမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၀၀ ကျော်သေဆုံး

ဖလမ်းမြို့ဆီ ထိုးစစ်ဆင်လာတဲ့ ၄ လအတွင်း တိုက်ပွဲတွေမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၀၀ ကျော်သေဆုံး

- အာဏာသိမ်းစစ်ကော်မရှင်ရဲ့ ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့ဆီ ထိုးစစ်ဆင်လာတဲ့ ၄ လအတွင်း တိုက်ပွဲတွေမှာ  စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၀၀ ကျော်သေဆုံးပြီး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ ၄၀ ကျော်ရှိတယ်လို့ ချင်းရေးရာအဖွဲ့ချုပ်(ICA)က ပြောပါတယ်။ 

- အာဏာသိမ်းစစ်ကော်မရှင်ရဲ့ ထိုးစစ်ဆင်မှုကြောင့် ဖလမ်းမြို့နယ်နဲ့ တီးတိန်မြို့နယ်က ကျေးရွာပေါင်း ၃၀ ကျော်က ဒေသခံပြည်သူ ၃,၀၀၀ ကျော်ဟာ ၄ လကျော်ကြာ အိုးအိမ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်နေရပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေပါတယ်။ 

- အာဏာသိမ်းစစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ မြေမြှုပ်မိုင်းတွေကြောင့် ချင်းပြည်နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း အရပ်သားပြည်သူ ၁၂ ဦးသေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ Women for Justice -WJ က ပြောပါတယ်။ 

Most read this week

September 15, 2026
- စစ်တပ်ရဲ့ တိုက်ခိုက်ဖျက်ဆီးမှုကြောင့် ရခိုင်မှာ သမိုင်းဝင်ဘုရားပုထိုးတွေ...
September 15, 2026
- ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်မှာ ဒေသထွတ် ရှမ်းစက္ကူပြုလုပ်ရောင်းချသူတွေ...
September 14, 2026
- စစ်အုပ်စုက ‘၄၉၂၆ စစ်ဆင်ရေး’ ဆိုတဲ့ နာမည်နဲ့ နေရာ ၅ ခုထက်မနည်းကနေ အပြင်းအထန် ထိုးစစ်ဆင်နေပေမဲ့...
September 14, 2026
- မွန်လူငယ်တွေအနေနဲ့ နိုင်ငံရေးမှာပါဝင်မှုမရှိစေရေးအတွက် စစ်အုပ်စုက မူးယစ်ဆေးဝါးနဲ့...