လုပ်သက်ရင့် စစ်သားနှင့် ရဲများကို ကျပ် ၃၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ စစ်ကော်မရှင် တိုးပေး

လုပ်သက်ရင့် စစ်သားနှင့် ရဲများကို ကျပ် ၃၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ စစ်ကော်မရှင် တိုးပေး
စစ်ခေါင်းဆောင်နှင့် စစ်ကော်မရှင်တပ်သားများအား ၂၀၂၅ ခုနှစ် ၊ ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ်။
စစ်ခေါင်းဆောင်နှင့် စစ်ကော်မရှင်တပ်သားများအား ၂၀၂၅ ခုနှစ် ၊ ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ်။

လုပ်သက်ရင့် စစ်ကော်မရှင်တပ်သားနှင့် ရဲတပ်ဖွဲ့ဝင်များကို ကျပ် ၃၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ တာဝန်ထမ်းဆောင်မှု အထူးထောက်ပံ့ကြေး ပေးမည်ဟု စစ်ကော်မရှင်ထိန်းချုပ် MRTV က မတ်လ ၁ ရက် ညနေပိုင်းတွင် ထုတ်ပြန်သည်။

အမှုထမ်းသက်အပေါ်မူတည်၍ တာဝန်ထမ်းဆောင်မှုအထူးထောက်ပံ့ကြေးကို လစဉ်ပေးအပ်သွားမည်ဖြစ်ပြီး ထိုသို့ ပေးအပ်ခြင်းသည် မတ်လ ၁ ရက်တွင် စတင်အကျိုးသက်ရောက်မည်ဖြစ်ကြောင်း စစ်ကော်မရှင်က ဆိုသည်။

ယခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အမှုထမ်းသက် ၁၀ နှစ်ပြည့်မြောက်သည့် အမှုထမ်းသက် ၁၀ နှစ်နှင့် အထက် ရှိသူများကို လစဉ် ၃၀,၀၀၀ ကျပ်၊ အမှုထမ်းသက် ၁၅ နှစ်ပြည့်မြောက်သည့် အမှုထမ်းသက် ၁၅ နှစ်နှင့် အထက်ရှိသူများကို လစဉ် ၅၀,၀၀၀ ကျပ်နှင့် အမှုထမ်းသက် ၂၀ နှစ်ပြည့်မြောက်သည့် အမှုထမ်းသက် ၂၀ နှစ်နှင့် အထက်ရှိသူများကို လစဉ် ၁၀၀,၀၀၀ ကျပ် ပေးအပ်မည်ဟု ဖော်ပြသည်။

စစ်ကော်မရှင်တပ်သားနှင့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပင်ပန်းကြမ်းတမ်းစွာဖြင့် သက်စွန့်တာဝန်ထမ်းဆောင်ရခြင်း၊ တာဝန်ထမ်းခဲ့သည့် ကာလတလျှောက် ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခြင်းတို့အား အသိအမှတ်ပြုကာ ဂုဏ်ပြုချီးမြှင့်သည့်အနေဖြင့် ပေးအပ်ခြင်းဖြစ်ကြောင်းလည်း စစ်ကော်မရှင်က ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အဆိုပါ ပေးအပ်မှုတွင် စစ်ကော်မရှင်လက်အောက်ခံ အရပ်ဘက်ဝန်ကြီးဌာနများမှ Non-CDM ဝန်ထမ်းများ ပါဝင်ခြင်း မရှိပေ။

အာဏာသိမ်းကာလအတွင်း စစ်ကော်မရှင်လက်အောက်ခံ စစ်ဘက်၊ အရပ်ဘက်ဝန်ထမ်းများအား အပိုထောက်ပံ့ကြေးခေါင်းစဉ်ဖြင့် ကျပ် ၃၀,၀၀၀ တိုးပေးမှုကို စစ်ကော်မရှင်က သုံးကြိမ် ဆောင်ရွက်ထားသော်လည်း ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေသည့်အတွက် အဆိုပါ ပမာဏသည် မကာမိကြောင်း နေပြည်တော်ရှိ ဝန်ထမ်းတဦးက ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလအတွင်းက မဇ္ဈိမကို ပြောထားသည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...