လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ပြုလုပ်သွားမယ်လို့ (RCSS) ဆို

လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ပြုလုပ်သွားမယ်လို့ (RCSS) ဆို

နိုင်ငံရေးပြဿနာတွေကို ဆွေးနွေးမှုတွေနဲ့ ဖြေရှင်းသွားမှာဖြစ်ပြီးတော့ လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ ဆွေးနွေးမှုတွေပြုလုပ်သွားမယ်လို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)က ၎င်းတို့နှစ်ပတ်လည်အစည်းအဝေးဆုံးဖြတ်ချက်ကနေ ထုတ်ပြန်ပြောဆိုလာပါတယ်။

RCSS/SSA ရဲ့ နှစ်ပတ်လည်အစည်းအဝေးကို ဖေဖော်ဝါရီ (၁၆)၊(၁၇)ရက်နေ့ နဲ့ လေးကြိမ်မြောက်ညီလာခံကို (၁၈)ရက်နေ့တို့တွင် ဗဟိုဌာနချုပ် လွယ်တိုင်းလျဲန်းတွင် ကျင်းပပြီးစီးခဲ့တာဖြစ်ပြီး အဖွဲ့ဝင်စုစုပေါင်း (၂၁၇)ဦးတက်ရောက်ခဲ့ကြောင်း သိရပါတယ်။

လာမယ့်ကာလတွေမှာ အဖက်ဖက်သော အဖွဲ့အစည်းများနဲ့ တွေ့ဆုံညှိနှိုင်းခြင်းများအပြင် အဖွဲ့အစည်းရဲ့ရှေ့(၄)နှစ်တာ လုပ်ငန်းစဉ်တွေကို ချမှတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီညီလာခံကနေ ဥက္ကဋ္ဌအဖြစ်ဆက်လက်တာဝန်ယူဖို့ ဗိုလ်ချုပ်ကြီးယွက်စစ်ကိုပဲ ပြန်လည်ရွေးချယ်တင်မြောက်ခဲ့ကာ သျှမ်းပြည်ဖက်ဒရယ်အခြေခံမူ(၃၃)ချက်နဲ့ အခြေခံအခွင့်အရေး(၃၈)ချက်တို့ကို အကောင်အထည်ဖော်နိုင်ဖို့ ကြိုးပမ်းသွားမှာဖြစ်ကြောင်း ထုတ်ပြန်ချက်ထဲ ပါရှိပါတယ်။

အခြေခံအခွင့်အရေး (၃၈) ချက်ထဲမှာ တစ်ဦးချင်းအခွင့်အရေး ၊ ပြည်နယ်သားနဲ့ နိုင်ငံရေးဆိုင်ရာအခွင့်အရေးဆိုပြီး ပါဝင်ပါတယ်။

ဒါ့အပြင် စစ်ဘေးဒဏ်ခံခဲ့ရတဲ့သူတွေ နေထိုင်ဖို့ (RCSS) က အိမ်ရာများကူညီဆောက်လုပ်ပေးသွားမှာဟု ဆိုထားပါတယ်။

(RCSS) လှုပ်ရှားနေသော ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ (၂၀၂၅) သြဂုတ်ကုန်ပိုင်းတွင် ပြည်သူ့စစ်တပ်ဖွဲ့များနဲ့ ထိတွေ့တိုက်ပွဲအနည်းငယ်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း တိုက်ပွဲငြိမ်သက်နေတာ ကြာမြင့်ခဲ့ပြီလည်း ဖြစ်ပါတယ်။

ဟုမ္မလင်းမြို့မှာ စစ်ကော်မရှင်ဥက္ကဌနှင့် ဒေသခံများတွေ့ရစဉ် /Credit
February 17, 2026
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက တချို့နေရာတွေမှာ ဆူပူသောင်းကျန်းမှုပေါများနေခြင်းဟာ...
February 16, 2026
ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာရှိ ခွန်ဆာကုန်း မြို့မရဲစခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့များက...
February 14, 2026
မြစ်ကြီးနားလေဆိပ်အနီးကို (KIA) ပူးပေါင်းတပ်တွေက (FPV Sucide Drone) တွေနဲ့ မနေ့က ဖေဖော်ဝါရီ (၁၂)...
February 13, 2026
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် နဘားတိုက်နယ်အတွင်းမှာ CDM ဝန်ထမ်း ၅ ဦးကို မြို့နယ်ပကဖ...