ကရင်ယူနီကုဒ် စာရိုက်စနစ်အတွက် ‘Kawthoolei Typing Tutor’ App အခမဲ့ ဖြန့်ချိ

ကရင်ယူနီကုဒ် စာရိုက်စနစ်အတွက် ‘Kawthoolei Typing Tutor’ App အခမဲ့ ဖြန့်ချိ

ကရင်စာပေနှင့် နည်းပညာကဏ္ဍတွင် ကရင်ယူနီကုဒ် (Karen Unicode) စနစ်ကို ပိုမိုတွင်ကျယ် လာစေရန်နှင့် ကွန်ပြူတာအသုံးပြုသူများကြား ကရင်စာရိုက်ရာတွင် စနစ်တကျ ကျွမ်းကျင်လာစေရန် ရည်ရွယ်၍ 'Kawthoolei Typing Tutor' အမည်ရှိ စာရိုက်လေ့ကျင့်ရေး Application တစ်ခုကို အခမဲ့ စတင်ဖြန့်ချိလိုက်ကြောင်း သိရသည်။

အဆိုပါ Application ကို Windows နှင့် macOS အသုံးပြုသူများအတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်သည်။ ကရင်ယူနီကုဒ် ကီးဘုတ် လက်ကွက် (Kawthoolei Karen Unicode Keyboard Layout) ကို အခြေခံမှစ၍ စနစ်တကျ လေ့ကျင့်နိုင်ရန် ကရင်စာပေနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ လူငယ် နည်းပညာရှင်တစ်ဦးက ကိုယ်ပိုင်အစီအစဉ်ဖြင့် ရေးဆွဲထုတ်လုပ်ထားခြင်း ဖြစ်သည်။

Application ရေးဆွဲထုတ်လုပ်ဖြစ်ပုံနှင့်ပတ်သက်၍ နည်းပညာရှင် စောအောင်မြင်က “အခုမှ ကွန်ပျူတာစသင်မယ့် လူငယ်တွေအနေနဲ့ ဒီ App ကနေ စတင်လေ့ကျင့်ရင် သူတို့တစ်သက်လုံး ဒီကီးဘုတ် ဒီယူနီကုဒ်ပဲ သုံးတော့မယ်။ အဓိကကတော့ ဂျူနီယာကောလိပ်နဲ့ သင်တန်းတွေမှာ ဒီဂိမ်းလေးနဲ့လေ့ကျင့်ပြီး သွားနိုင်ဖို့ပါ။ အခုက စကောကရင်ပဲ ရှိသေးပေမဲ့ အရှေ့ပိုးနဲ့ အနောက်ပိုးကိုလည်း ဆက်လုပ်နိုင်ဖို့ ကြိုးစားနေပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ယခု ဖြန့်ချိလိုက်သည့် 'Kawthoolei Typing Tutor' တွင် ကရင်ယူနီကုဒ် လက်ကွက်ပုံစံကို အခြေခံမှစ၍ စနစ်တကျ လေ့လာနိုင်သည့်အပြင် စာရိုက်လေ့ကျင့်ရာတွင် Typing Games များဖြင့် လေ့ကျင့်နိုင်ခြင်း နှင့် Windows နှင့် macOS နှစ်မျိုးစလုံးတွင် အခမဲ့ ဒေါင်းလုဒ်ရယူ အသုံးပြုနိုင်ခြင်း စသည့် လုပ်ဆောင်ချက်များ ပါဝင်သည်။

လက်ရှိတွင် ကရင်စာပေ အသုံးပြုသူများအကြား ဇော်ဂျီစနစ်မှ ယူနီကုဒ်စနစ်သို့ ကူးပြောင်းအသုံးပြုသူ များလာသော်လည်း ကွန်ပြူတာတွင် လက်ကွက်အထိုင် အခက်အခဲရှိသူများအတွက် ယခု App သည် များစွာ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း နည်းပညာလေ့လာသူများက သုံးသပ်ပြောဆိုကြသည်။

ကရင်စာရိုက် လေ့ကျင့်လိုသူများအနေဖြင့် အဆိုပါ Application ကို www.kawthooleitypingtutor.com ဝက်ဘ်ဆိုက်တွင် အခမဲ့ ဝင်ရောက်ဒေါင်းလုဒ်ရယူကာ မိမိတို့၏ ကွန်ပြူတာများတွင် ထည့်သွင်းအသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - CJ
August 21, 2026
သောင်ရင်းမြစ်ရေသည် ယနေ့ (ဩဂုတ်လ ၂၁ ရက်) နံနက်ပိုင်းတွင် တစ်ရှိန်ထိုး မြင့်တက်လာသဖြင့် ထိုင်း-...
(ဓာတ်ပုံ - CJ / Crd)
August 20, 2026
ထိုင်း-မြန်မာနယ်စပ် မြဝတီဘက်မှ တင်သွင်းလာသည့် ထိုင်းကုန်စည်များကို စစ်အုပ်စုတပ်က...
ဓာတ်ပုံ - CJ
August 19, 2026
မွန်ပြည်၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ သထုံ/ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ဇီးပြောင်း (၅)...
ဓာတ်ပုံ - မယ်လဒုက္ခသည်စခန်း / Crd
August 18, 2026
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်ရှိ မယ်လဒုက္ခသည်စခန်းမှ ကလေး ၁၃ ဦးသည် စခန်း...