ဟားခါးမြို့တွင်း ပစ်ခတ်တိုက်ခိုက်မှု ရဲအရာရှိအပါအဝင် တပ်သား ၃ ဦး ပွဲချင်းပြီးသေ

ဟားခါးမြို့တွင်း ပစ်ခတ်တိုက်ခိုက်မှု ရဲအရာရှိအပါအဝင် တပ်သား ၃ ဦး ပွဲချင်းပြီးသေ

ဟားခါးမြို့တွင်း ပစ်ခတ်တိုက်ခိုက်မှု ရဲအရာရှိအပါအဝင် တပ်သား ၃ ဦး ပွဲချင်းပြီးသေ

ချင်းပြည်နယ် မြို့တော် ဟားခါးမြို့အတွင်း မနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ညနေ (၇) နာရီခန့်မှာ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်လက်အောက်ခံရဲတပ်ဖွဲ့ဘက်က ရဲအရာရှိအပါအဝင် ရဲတပ်သား ၃ ဦး ပွဲချင်းပြီးသေဆုံးပြီး ၅ ဦး ပြင်းထန် ဒဏ်ရာရခဲ့တယ်လို့ ဟားခါးမြို့နယ်မှာ စစ်ရေးလှုပ်ရှားနေတဲ့ ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ CDF – Hakha ကို ထောက်ပံ့နေတဲ့ CDF-Hakha Support Team of North America က ထုတ်ပြန်ပါတယ်။

ဟားခါးမြို့အတွင်း တာဝန်ကျရဲမင်းကြီးရဲ့ လူမဆန်စွာ ကြမ်းကြုတ် ရိုင်းစိုင်းသလို ပြည်သူတွေထံကနေ မတရားငွေညှစ်တာတွေ လုပ်လေ့ ရှိတာကြောင့် ဟားခါးမြို့နယ်အခြေစိုက် CDF – Hakha တပ်ဖွဲ့က Operation ဖာ်ဆောင်ရတာဖြစ်တယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

CDF – Hakha Support Team of North America ဖော်ပြချက်အရ ဟားခါးမြို့အတွင်း တာဝန်ကျ ရဲမင်းကြီးဟာ ၎င်းလက်အောက်ခံတွေကို တနေ့ သိန်း ၃၀ ထက်မနည်း ငွေကြေးကို ပြည်သူတွေဆီကနေ မတရားလုယူခိုင်းပြီး ဟားခါးမြို့အခြေစိုက် တပ်ကုန်းနေ ဗျူဟာမှူးထံ ကန်တော့လေ့ရှိတာကြောင့် အခုလို ပစ်ခတ်တိုက်ခိုက်မှုတွေ ဖော်ဆောင်ရတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အေးချမ်းစွာနေထိုင်နေတဲ့ ဟားခါးမြို့အတွင်းက ပြည်သူတွေထံ ငွေကောက်ခံတာတွေ ထပ်လုပ်ရင် မနေ့ညနေက ဖော်ဆောင်ခဲ့တဲ့ Operation ထက်ပြင်းထန်တဲ့ ပစ်ခတ်၊ ဖောက်ခွဲမှုတွေ ထပ်မံ ပြုလုပ်သွားမှာဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။

ဟားခါးမြို့နေပြည်သူတွေအနေဖြင့် ဖေဖော်ဝါရီလ ၉ ရက်နေ့ကစလို့ ဟားခါးမြို့အနီးအနားရှိ တောတောင်ဒေသတွေအတွင်း သွားလာလှုပ်ရှားတာတွေ မလုပ်ဖို့ကိုလည်း CDF – Hakha က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့က အသိပေးထားခဲ့ပါတယ်။

Most read this week

ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...