ကျိုက်ထိုနဲ့ဘီးလင်းမှာ လက်နက်ကြီးကြောင့် ဒေသခံ ၅၀၀၀ ကျော် တိမ်းရှောင်နေရ

ကျိုက်ထိုနဲ့ဘီးလင်းမှာ လက်နက်ကြီးကြောင့် ဒေသခံ ၅၀၀၀ ကျော် တိမ်းရှောင်နေရ

မွန်ပြည်နယ်ရဲ့ ကျိုက်ထိုမြို့နယ်နဲ့ ဘီးလင်းမြို့နယ်တို့မှာ စစ်ကော်မရှင်တပ်ရဲ့ နေ့စဉ်ရက်ဆက် လက် နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၅၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU သထုံခရိုင်ထံကနေ သိရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင်ရဲ့ အချက်အလက်တွေအရ စစ်ကော် မရှင်တပ်ဟာ အခုလအတွင်း ကျိုက်ထိုမြို့နယ်နဲ့ ဘီးလင်းမြို့နယ်တို့မှာ လက်နက်ကြီး ပစ်ခတ်မှု အကြိမ် ၂၀ ထက်မနည်း ပြုလုပ်ခဲ့တာပါ။

လက်နက်ကြီးကြောင့် ဘီးလင်းမြို့နယ် ကျေးရွာ ငါးရွာက ဒေသခံ ၃၀၀၀ ကျော်၊ ကျိုက်ထိုမြို့နယ် ကျေးရွာလေးရွာက ဒေသခံ ၂၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်ကတော့ စစ်ကော်မရှင်တပ်ဟာ တိုက်ပွဲမရှိဘဲ အ ရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေကို ရည်ရွယ်ချက် ရှိရှိ လက်နက်ကြီး ပစ်ခတ်မှုတွေ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

လက်နက်ကြီးရန်ကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရတဲ့ ဒေသခံတွေဟာ လက်ရှိမှာတော့ စားနပ် ရိက္ခာအပါအဝင် လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ကျိုက်ထိုမြို့နယ်နဲ့ ဘီးလင်းမြို့နယ်တို့မှာ အာဏာသိမ်းကာလအတွင်း စစ်ကော်မရှင်တပ်ရဲ့ လက် နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေ မကြာခဏဆိုသလို နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

July 4, 2026
မဲမသမာမှု အကြောင်းပြချက်ဖြင့် စစ်တပ်က နိုင်ငံ့အာဏာကို ၅ နှစ်ကြာ သိမ်းယူခဲ့ပြီးနောက် အပိုင်းလိုက်...
ဓာတ်ပုံ - HOS
July 3, 2026
စစ်တပ်အသွင်ပြောင်း အစိုးရ၏ ရက်ပေါင်း ၁၀၀ စီမံချက်ပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍...
July 2, 2026
မွန်ပြည်နယ် သထုံမြို့အပြင် ဝင်းစိန်ကျေးရွာကနေ အာဏာသိမ်း စစ်တပ် ဖမ်းဆီးသွားတဲ့ ဒေသခံ ကိုးဦးဟာ...
ဓာတ်ပုံ-PDF
July 1, 2026
တော်လှန်ရေးနဲ့ နိုင်ငံရေး အင်အားစုတွေအနေနဲ့ အချင်းချင်းကြား လက်နက်သုံး ဖြေရှင်းမှုတွေကို...