ဝိုင်းမော်-ကန်ပိုက်တည် လမ်းပိုင်းတစ်ချို့ အကန့်အသတ်မရှိပိတ်

ဝိုင်းမော်-ကန်ပိုက်တည် လမ်းပိုင်းတစ်ချို့ အကန့်အသတ်မရှိပိတ်

ဝိုင်းမော်မြို့ကနေ မှ တရုတ်နိုင်ငံနယ်စပ် ကန်ပိုင်တည်မြို့ကိုသွားတဲ့ လမ်းပိုင်းတွေမှာ တိုက်ပွဲတွေကြောင့် ဖြတ်သန်းခွင့်ပိတ်လိုက်တာလို့ သိရပါတယ်။

အဲ့ဒီလမ်းပိုင်းမှာ စစ်ကော်မရှင်တပ်နဲ့ KIA+ PDF ပူးပေါင်းတပ်တို့ နှစ်ဖက် တိုက်ပွဲ ပြင်းထန်နေပြီး ကုန်တင်ယာဉ်တွေအားလုံးကို ရက်အကန့်အသတ်မရှိဖြတ်သန်းခွင့်ပိတ်လိုက်တယ်လို့ ဒေသခံတစ်ဦးမှ သိရပါတယ်။

“ အကုန်ပြန်ခေါက်ခိုင်းတယ်ပြောတယ် ။ လွန်ခဲ့တဲ့ သုံးရက်လောက်ထဲကပိတ်လိုက်တာ။ လကုန်ထဲက တကယ်တမ်းတော့ ကန်ပိုင်တည် ဘက်ကပိတ်တာမဟုတ်ဘူး။ ဒီဘက်လမ်းမှာတိုက်ပွဲဖြစ်နေတော့ မဖြတ်ခိုင်းတဲ့ သဘော” လို့ သူက ဆိုပါတယ်။

ဖေဖော်ဝါရီ (၂) ရက်နေ့ မနက်ပိုင်းထဲက နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲ့ဒီလမ်းပိုင်းရှိ ပြည်သူ့စစ်ဂိတ်တစ်ခုကို KIA ကသိမ်းပိုက်ထားတာကြောင့် ဖြတ်သန်းခွင့် ပိတ်လိုက်တာလို့ သိရပါတယ်။

ကန်ပိုင်တည်မြို့ကို KIA က ၂၀၂၄ ခုနှစ် နိုဝင်ဘာလထဲက ထိန်းချုပ်ထားတာဖြစ်ပါတယ်။ ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာ ၊ ဝါးရှောင်ကျေးရွာ တောလမ်းပိုင်းတွေကနေ ကန်ပိုက်တည်ကို သွားရတာဖြစ်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ (၂၀) ရက်နေ့ကလည်း လမြန်ကျေးရွာနဲ့ ဝူယန်ကျေးရွာတွေဘက်မှာ တိုက်ပွဲရက်ဆက်ဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် အဲဒီဒေသအတွင်းရှိအင်တာနက် စတားလင့်ဝိုင်ဖိုင်စက်များကို ဇန်နဝါရီ (၂၈) ရက်ထဲကဖြတ်တောက်လိုက်တယ်လို့ သိရပါတယ်။

April 4, 2026
မကွေးတိုင်းဒေသကြီး မြိုင် နဲ့ ပေါက်မြို့နယ်အတွင်းရှိ ရေနံမှော်ဒေသတွေဆီကို မတ်လ ၃၀ ရက်နေ့မှာ NUG...
April 3, 2026
တိုက်ပွဲတွေကြောင့် ၂ နှစ်နီးပါး ပိတ်ထားခဲ့တဲ့ ထိုင်း-မြန်မာ ကုန်သွယ်ရေးလမ်းမဖြစ်တဲ့ အာရှလမ်းမကို...
April 2, 2026
စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းနယ်စပ်ဖြစ်တဲ့ ထီးချိုင့်မြို့ပေါ်ရပ်ကွက်တွေနဲ့ အနီးက...
April 1, 2026
နိုင်ငံရေးဆွေးနွေးပွဲတွေဖြစ်ပေါ်စေဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကြား ဆောင်ရွက်ရမယ့်...