ချင်းပြည်နယ်တွင် အုပ်ချုပ်ရေးပြိုလဲနေ၍ စစ်အုပ်ချုပ်ရေးသက်တမ်းထပ်တိုး ဟုဆို

ချင်းပြည်နယ်တွင် အုပ်ချုပ်ရေးပြိုလဲနေ၍ စစ်အုပ်ချုပ်ရေးသက်တမ်းထပ်တိုး ဟုဆို
ချင်းပြည်နယ်ရှိ မြို့နယ် ကိုးမြို့နယ်အနက် တီးတိန်နှင့် ဟားခါးမြို့မှ အပ တော်လှန်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသည့် မြို့နယ်ခုနစ်မြို့နယ်ကို စစ်အုပ်ချုပ်ရေးသက်တမ်း တိုးမြှင့် လိုက်ခြင်းသည် ၎င်းတို့၏ အုပ်ချုပ်ရေးပြိုလဲနေခြင်းဖြစ်ကြောင်း ချင်းပြည်ကောင်စီအထွေထွေအတွင်း ရေးမှူးကပြောဆိုသည်။(Chinland Information Center)
ချင်းပြည်နယ်ရှိ မြို့နယ် ကိုးမြို့နယ်အနက် တီးတိန်နှင့် ဟားခါးမြို့မှ အပ တော်လှန်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသည့် မြို့နယ်ခုနစ်မြို့နယ်ကို စစ်အုပ်ချုပ်ရေးသက်တမ်း တိုးမြှင့် လိုက်ခြင်းသည် ၎င်းတို့၏ အုပ်ချုပ်ရေးပြိုလဲနေခြင်းဖြစ်ကြောင်း ချင်းပြည်ကောင်စီအထွေထွေအတွင်း ရေးမှူးကပြောဆိုသည်။(Chinland Information Center)

ပါခွီး — ချင်းပြည်နယ်အတွင်း စစ်ကော်မရှင်၏ အုပ်ချုပ်ရေးယန္တရားပြိုလဲနေခြင်းကြောင့် စစ်အုပ်ချုပ်ရေးသက်တမ်းထပ်မံ တိုးမြှင့်ခြင်းဖြစ်ကြောင်း ချင်းပြည်ကောင်စီ(Chinland Council- CC) အထွေထွေအတွင်းရေးမှူး ကပြောကြားသည်။

ချင်းပြည်နယ်မှ မြို့နယ် ခုနစ်မြို့နယ်အပါအဝင် မြန်မာနိုင်ငံတဝန်း မြို့နယ် ၆၃ မြို့နယ်ကို စစ်ကော်မရှင်က အရေးပေါ်အခြေအနေ ကြေညာထားပြီး စစ်အုပ်ချုပ်ရေးအမိန့်ကို ဇန်နဝါရီ ၂၉ရက်နေ့က နောက်ထပ်သုံးလ ဆက်လက်တိုးမြှင့်ထားသည်။

“ချင်းပြည်နယ်က မြို့နယ် ခုနစ်မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာတာဟာ မြေပြင်မှာ အမှန်တကယ် အုပ်ချုပ်နိုင်စွမ်း မရှိတော့ဘူးဆိုတာကို တရားဝင် ဖော်ပြလိုက်တာပဲ ဖြစ်ပါတယ်။ သူတို့ ကြေညာ လိုက်တဲ့ မြို့နယ်အားလုံးက လက်ရှိမှာတော်လှန်ရေးတပ်ဖွဲ့တွေက အပြည့်အဝ ထိန်းချုပ်ထား တဲ့နယ်မြေတွေဖြစ်ပါတယ်” ဟု CC အထွေထွေအတွင်းရေးမှူး ဆလိုင်းကဲပ်ချင်ထန် က မဇ္ဈိမ ကိုပြောသည်။

လွန်ခဲ့သည့် ဒီဇင်ဘာလ၂၈ ရက်တွင် ပြုလုပ်ခဲ့သော စစ်ကော်မရှင် ရွေးကောက်ပွဲ အပိုင်း(၁) ၌ တီးတိန်နှင့် ဟားခါးမြို့နယ်တွင် မဲပေးသူ ဦးရေ ၆,၀၀၀ခန့်သာရှိခြင်းသည် ၎င်းတို့၏ အုပ်ချုပ်မှုကို လက်မခံခြင်းဖြစ်သည့် သာဓကဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းမြို့နယ်နှစ်မြို့နယ်တွင် မြို့ပေါ်၌သာ စစ်ကော်မရှင်အုပ်ချုပ်မှုယန္တရားရှိပြီး ကျန်နယ်မြေများကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားကာ ပြည်သူ့အုပ်ချုပ်ရေးများဖော်ဆောင်လျက်ရှိကြောင်း CC အတွင်းရေးမှူးက ဆက်ပြောသည်။

စစ်ကော်မရှင်က လက်လွှတ်ထားရသည့် နယ်မြေများနှင့် ထိန်းချုပ်နိုင်ခြင်းမရှိသည့် မြို့နယ်များကို လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းမှုချုပ်ငြိမ်းရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး ၊ တရားဥပဒေစိုးမိုးရေးတို့ကို ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၂(က) အရ အရေးပေါ်အခြေအနေ စစ်အုပ်ချုပ်ရေးကို ၂၀၂၅ခုနှစ် ဇူလိုင်လ ၃၁ရက်နေ့က စတင်ပြဌာန်းခဲ့ပြီး ယခုထပ်မံသက်တမ်းတိုးခြင်းဖြစ်သည်။

စစ်အုပ်ချုပ်ရေးကြေညာသည့် မြို့နယ် ၆၃မြို့နယ်အနက် ချင်းပြည်နယ်မှ မင်းတပ် ၊ကန်ပက်လက် ၊ မတူပီ ၊ တွန်းဇံ ၊ ဖလမ်း ၊ပလက်ဝမြို့နယ်နှင့် ထန်တလန်မြို့နယ်များ ကို တော်လှန်ရေးတပ်ဖွဲ့များက

ထိန်းချုပ်ထားသည်။

“စစ်ခေါင်းဆောင်က စစ်အုပ်ချုပ်ရေးတိုးတာ သူတို့လုပ်ရိုးလုပ်စဉ်တခုပါပဲ။ ကျွန်တော်တို့ဘက်ကတော့ ဘာမှ စိုးရိမ်စရာမရှိပါဘူး” ဟု ချင်းပြည်အစည်းအရုံး/တပ်မတော်(CPU/CPA) သတင်း ပြန်ကြားရေးတာဝန်ခံ ဆလိုင်းအောင်မင်း ကမဇ္ဈိကိုပြောသည်။

ချင်းပြည်နယ်ကို စစ်ရေးအရ ဆက်လက်ဖိအားပေးပြီး ထိုးစစ်များပြုလုပ်နိုင်ကြောင်း ၎င်းကဆိုသည်။ ချင်းပြည်နယ်ဖလမ်းမြို့နယ်ကို အောက်တိုဘာလကုန်မှစ၍ တွင် စစ်ကော်မရှင်တပ်က စစ်ကြောင်းသုံးကြောင်းထိုးလာရာ ချင်းတော်လှန်ရေးတပ်ဖွဲ့များနဲ့ တိုက်ပွဲများဖြစ်ပွား နေကြောင်းသိရသည်။

February 20, 2026
ယင်းမာပင်ခရိုင်အတွင်း နေထိုင်နေကြပြီး BNRA အဖွဲ့က ထုတ်ပေးထားသည့် လက်နက်များ ကိုင်ဆောင်ထားသည့်...
February 19, 2026
ရောင်နီ — မြန်မာနိုင်ငံတဝှမ်းရှိ အကျဉ်းထောင်အသီးသီးတွင် ထိန်းသိမ်းခံထားရသည့်...
February 18, 2026
မောင်ခက်နွေ — စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)...
February 17, 2026
ဂျူချန်း — ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာရှိ...