စစ်တွေထောင်ပိုင်အပါအဝင် ထောင်ဝန်ထမ်းတချို့ဖမ်းဆီးခံရ

စစ်တွေထောင်ပိုင်အပါအဝင် ထောင်ဝန်ထမ်းတချို့ဖမ်းဆီးခံရ
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်

ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင် ထောင်ဝန်ထမ်းတချို့ ဖမ်းဆီးခံလိုက်ရကြောင်း သတင်းရရှိသည်။ 

ဖမ်းဆီးခံရသူများမှာ စစ်တွေထောင်ပိုင်မောင်ဦး၊ ထောင်အရာရှိသူထွန်းကျော်နှင့်နောက်ထပ် ထောင်ဝန်ထမ်း၃ ဦးတို့ဖြစ်ကြသည်ဟု အမည်မဖော်လိုသည့် အကျဉ်းထောင်ဝန်ထမ်းမိသားစုတစ်ဦးက နိရဉ္စရာကိုပြောသည်။ 

ထောင်ပိုင်မောင်ဦးကို ဇန်နဝါရီလ ၁၈ ရက်ည ၁၀ နာရီခန့်တွင်စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ)က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ၎င်းက ပြောဆိုသည်။

“၁၂ ရက်နေ့ ည ၈ နာရီမှာ စရဖက ထောင်ကို ဝင်စစ်ခဲ့တာရှိတယ်။ အဲ့ဒီနေ့ကတည်းက ထောင်ထဲမှာ ထောင်သားဆီက ဖုန်းတွေ့လို့ ဒုအရာခံအပါအဝင် ထောင်ဝန်ထမ်း ၄ ယောက်၊ ထောင်သား ၂ ယောက် အရေးယူခံရပြီး ထောင်ပိုင်အစစ်ဆေးခံနေခဲ့ရတာ။ ၁၈ ရက်နေ့ကမှ ထောင်ပိုင်ကို ဖမ်းသွားတာပါ” ဟု ၎င်းက ပြောသည်။

စစ်တွေထောင်တွင်ဘင်္ဂလားဒေ့ရှ်မှမွတ်ဆလင် အကျဉ်းသားနှင့် ရခိုင်မှ မွတ်ဆလင် အကျဉ်းသား အချင်းချင်းရန်ဖြစ်ကြစဉ် ဘင်္ဂလားဒေ့ရှ် မွတ်ဆလင် အကျဉ်းသားများက စစ်တွေရှိ ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံးကို ဖုန်းဆက် တိုင်ကြားခဲ့သည့်အတွက် စစ်ကော်မရှင်ကလည်းအဆိုပါဖြစ်စဉ်ကို သိရှိသွားပြီးနောက် ဇန်နဝါရီလ ၁၂ ရက် ည ၈ နာရီခန့်မှာ စရဖကစစ်တွေအကျဉ်းထောင်ကို ဝင်ရောက် စစ်ဆေးခဲ့သည်။ 

ထိုဖြစ်စဉ်အတွင်း ထောင်သား ၂ ဦး နှင့်  ဒုအရာခံဗိုလ် ထွန်းကျော်အပါအဝင် ထောင် ဝန်ထမ်း ၄ ဦးကို စရဖက ဖမ်းဆီးခဲ့ပြီး ထောင်ပိုင်အား စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီးနောက် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ထောင်ပိုင်ကိုပါ ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။ 

အကျဉ်းထောင်သားများဖုန်းသုံးခွင့်မရှိသော်လည်း ထောင်အတွင်းတွင်ငွေကြေး ရယူပြီး အသုံးပြုခွင့်ပေးထားရာမှပြဿနာတက်ပြီးနောက်ယခုကဲ့သို့ ဖမ်းဆီးမှု ဖြစ်ပွားလာခြင်းဖြစ်သည်။

စစ်တွေထောင်ကို ဝင်ရောက်စစ်ဆေးစဉ်ဖုန်းအလုံး၅၀ ခန့်ကိုစရဖ အဖွဲ့က သိမ်းဆည်းရမိသွားသည်ဟုလည်း သိရသည်။ 

March 4, 2026
ယနေ့ မတ်လ ၄ ရက်နေ့တွင်ကျရောက်သည့်  ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)မှ...
March 2, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်တွင် ပြောင်းကျေးရွာအနီးတွင်ကုန်တင်ကားများကို စစ်တပ်ကလေကြောင်းမှ...
February 28, 2026
ကျော်သီဟ — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ စစ်ရှောင်စခန်းရှစ်ခုအတွက်...
February 27, 2026
ခိုင်လူလှ (ရိုးမမြေ) — ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရပြီး အချုပ်ကျကာ လွတ်ရက်စေ့၍ ပြန်ပို့ခံရသည့်...