MNDAA တပ်သားများက သီပေါမှ ရွာသားနှစ်ဦးကို ဖမ်းဆီး၊ အမျိုးသားတစ်ဦးကို ရိုက်နှက်

MNDAA တပ်သားများက သီပေါမှ ရွာသားနှစ်ဦးကို ဖမ်းဆီး၊ အမျိုးသားတစ်ဦးကို ရိုက်နှက်

သျှမ်းပြည် သီပေါမြို့နယ်တွင် လှုပ်ရှားနေသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA)တပ်သားများသည် နမ့်မကျေးရွာနေ အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး၊ ခြံသွားသည့် အမျိုးသားတစ်ဦးကို ထိုးကြိတ်ရိုက်နက်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ (ဇန်နဝါရီလ ၁၁ ရက်) မွန်းလွဲ ၂ နာရီဝန်းကျင်တွင် သီပေါမြို့နယ် နမ့်မကျေးရွာမှ ကြံစိုက်ခင်းသို့ သွားသည့် အမျိုးသားတစ်ဉီးကို MNDAA တပ်သားများသည် ဖမ်းဆီးရိုက်နှက်မှုပြလုပ်ခဲ့သည့်အပြင် နမ့်မကျေးရွာနေ အမျိုးသားနှစ်ဦးကိုလည်း ဖမ်းဆီးသွားခဲ့ကြောင်း သတင်းအရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ရဲ့လူပျောက်လို့ ဆိုပြီးလိုက်ရှာတာ။အဲ့တာကို အကြောင်းရင်းမရှိဘဲ ခြံစိုက်ခင်းသွားတဲ့လူကို သူ့ခြံထဲမှာပဲ ဖမ်းပြီးတော့ ထိုးကြိတ်တာ ရိုက်တာတွေ လုပ်ခဲ့တာ။နောက် အကြောင်းရင်းမရှိ ရွာသားနှစ်ဉီးကိုလည်း ဖမ်းသွားတယ်။ ဒီမနက်မှ ပြန်လွှတ်လာပေးတယ်” ဟု သတင်းအရင်းမြစ်တစ်ဦးက ပြောသည်။

ယမန်နေ့(ဇန်နဝါရီလ ၁၁ ရက်) တွင် MNDAA တပ်သားများ ဖမ်းဆီးသွားသည့် နမ့်မကျေးရွာနေ အမျိုးသားနှစ်ဦးကို ယနေ့ (ဇန်နဝါရီလ ၁၂ ရက်) မနက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် MNDAA တပ်ဖွဲ့သည် သီပေါမြို့နယ် နမ့်မကျေးရွာအတွင်း တပ်စွဲထားသည့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်ဖွဲ့ကို တပ်ဆုတ်ခိုင်းနေပြီး၊ စစ်ရေးတင်းမာမှုများရှိနေကြောင်း သိရသည်။

သီပေါမြို့နယ်တွင် စစ်ကောင်စီတပ်၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA) နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ သွားလာလှုပ်ရှားမှုရှိကြောင်းသိရသည်။

March 14, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့...
March 13, 2026
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည်...
March 12, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP...
March 11, 2026
စိုင်းဟန်လင်း — သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) တွင်...