KnNC ကျောင်း ရဲ့ နှစ် ၃၀ ပြည့် အခမ်းအနား ပြုလုပ်

KnNC ကျောင်း ရဲ့ နှစ် ၃၀ ပြည့် အခမ်းအနား ပြုလုပ်
ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် )
ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် )

ကရင်နီအမျိုးသားကောလိပ် (KnNC) ကျောင်းရဲ့ နှစ် ၃၀ ပြည့်အခမ်းအနားကို ဇန်နဝါရီလ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့မှာ ထိုင်း-ကရင်နီနယ်စပ်က ကရင်နီ အမှတ်(၁) ဒုက္ခသည် စခန်းတနေရာမှာ ၂ ရက်တာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အခမ်းအနား ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကိုတော့ ပွဲဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ သိန်းမင်းထွေးက အခုလိုပြောပါတယ်။

“ဒီကျောင်းရဲ့ ရေရှည် တည်တံ့ခိုင်မြဲတဲ့ အစီအစဥ်ရယ် ပြီး ဒီကျောင်းရဲ့ကျောင်းသားဟောင်း ဆက်ဆံရေးတွေ ပိုမိုတိုးမြင့်လာဖို့အတွက်ပေါ့နော်။ ဘယ်လိုမျိုးလဲဆို ကျောင်းရဲ့ ရေရှည် အစီစဥ် ကျောင်းရဲ့ ကျောင်းသားဟောင်းတွေ ကြားမှာ တိုးတက်လာအောင် ကျနော်တို့ ပူးပေါင်း ဆောင်ရွက်ခြင်းလုပ်မယ် ပြီး networking လုပ်မယ်ပေါ့ ဆက်သွယ်မှုတွေ လုပ်ကြမယ်ပေါ့နော်။ “ လို့ သိန်းမင်းထွေးက ဆိုပါတယ်။

KnNC အမည်မတိုင်ခင် KnPT၊ KLMC၊ KnCC နဲ့ KnNC စတဲ့ ကျောင်းအမည် အပတ်စဉ်က ကျောင်းသားဟောင်းတွေလည်း အခု အစီအစဉ်မှာ ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။

အခမ်းအနားအတွင်းမှာတော့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ပါတီ ဥက္ကဌ ဖြစ်သလို ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ဥက္ကဌ ခူဦးရယ် မှ အဖွင့်အမှာစကားပြောကြားတာ၊ ကရင်နီအမျိုးသားကောလိပ်ကျောင်း (KnNC) ကျောင်းသူ/သားများမှ ရိုးရာအက ဖျော်ဖြေတင်ဆက်တာ၊ ကရင်နီအမျိုးသားကောလိပ်ကျောင်းတာဝန်ခံ ဆရာမကြီး အဲလစ်ဇဘက် မော်မိမာ မှ အားပေးအမှာစကားပြောကြားတာ၊ ကရင်နီပြည် လုံခြုံရေးအခြေအနေ ဆွေးနွေး သုံးသပ်တာ၊ လူငယ်များနှင့် ပညာရေးအကျပ်အတည်း ဆိုတဲ့ ပညာရေးအခြေအနေ ဆွေးနွေးကြတာ၊ ကျောင်းသူ/သားဟောင်းတွေရဲ့ အတွေ့အကြုံမျှဝေ ဖလှယ်တာ စတဲ့ အစီစဥ်တွေ ဆောင်ရွက်သွားခဲ့ပါတယ်။ 

KnNC ကျောင်းသားဟောင်းတွေအပါအ၀င် လက်ရှိ ပညာသင်ယူနေတဲ့ ကျောင်းသားတွေအပါအဝင် လူဦးရေ စုစုပေါင်း ၂၀၀ ဝန်းကျင် တက်ရောက်ခဲ့ကြပါတယ်။

KnNC ကျောင်းကို ၁၉၉၅ ခုနှစ် Karenni Post Ten (KnPT)ဆိုတဲ့ နာမည် စတင် တည်ထောင်ခဲ့တာ ဖြစ်ပြီး နောက်ပိုင်းမှာတော့ Karenni Leadership and Management Course (KLMC) ကျောင်းနှင့် ပူးပေါင်းက Karenni Community Colleage (KnCC)ပြောင်းလဲ ခေါ်ဝေါ်ခဲ့ပါတယ်။

၂၀၁၅ ခုနှစ် ညီလာခံမှာတော့ KnCC ကနေ Karenni National Colleage (KnNC) နာမည်နဲ့ ပြောင်းလဲကာ ယခုအချိန်ထိ ထူးချွန်တဲ့ ကျောင်းသား/သူတွေကို မွေးထုတ်ပေးနေဆဲ ဖြစ်ပါတယ်။

KnNC ကျောင်းကနေ မွေးထုတ်ပေးလိုက်တဲ့ လူငယ်ပေါင်းများစွာထဲမှာ ယနေ့အချိန်ထိ ပြည်နယ်နှင့် လူမျိုးအတွက် အကျိုးပြုနေကြသူတွေရှိသလို၊ အသက်ပေးဆပ်သွားခဲ့ရတဲ့သူတွေလည်း ရှိပါတယ်။

ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...