စစ်ကော်မရှင်ကို ထိရောက်သည့်အရေးယူမှုများ ချက်ချင်းလုပ်ရန် အဖွဲ့အစည်း ၂၀၀ ကျော် တိုက်တွန်း

စစ်ကော်မရှင်ကို ထိရောက်သည့်အရေးယူမှုများ ချက်ချင်းလုပ်ရန် အဖွဲ့အစည်း ၂၀၀ ကျော် တိုက်တွန်း

စစ်ကော်မရှင်က မြောက်ဦးပြည်သူ့ဆေးရုံအား လူ့အခွင့်အရေးနေ့တွင် ဗုံးကြဲတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်နေခြင်းအပေါ် နိုင်ငံတကာအစိုးရများအနေဖြင့် ထိရောက်သည့် အရေးယူမှုများ ချက်ချင်းလုပ်ဆောင်ရန် ပြည်တွင်းပြည်ပအဖွဲ့အစည်း ၂၀၉ ဖွဲ့က ဒီဇင်ဘာလ ၁၉ ရက် နေ့တွင် ထုတ်ပြန်တိုက်တွန်းသည်။

စစ်ကော်မရှင်၏ အကြမ်းဖက်မှုများ၊ စစ်ရာဇဝတ်မှုများရပ်တန့်ပြီး ၎င်းတို့ကျူးလွန်ခဲ့သည့် ရာဇဝတ်မှု များအပေါ် အပြစ်ပေးအရေးယူမှု၊ သေချာစေသော တာဝန်ယူမှု တာဝန်ခံမှုများရှိလာရန် အာဆီယံ (ASEAN)၊ ကုလသမဂ္ဂ(UN)၊ ဉရောပသမဂ္ဂ(EU)နှင့် နိုင်ငံတကာအစိုးရများအနေဖြင့် ရှုတ်ချကန့်ကွက် ကြောင်း စာထုတ်ပြန်ခြင်းသာမပြုလုပ်ဘဲ ထိရောက်သော အရေးယူမှုများပြုလုပ်ရန် တိုက်တွန်းထား သည်။

နိုင်ငံတကာမှ လေယာဉ်ဆီများ မြန်မာပြည်တွင်းသို့ တင်ပို့၊ ရောင်းချ၊ လွဲပြောင်း (သို့) ဖြန့်ဖြူးနေမှုများ ကို ချက်ချင်း ပိတ်ဆို့ဖြတ်တောက်ရန်နှင့် လေယာဉ်ဆီထောက်ပံ့ရေး ကွင်းဆက်တွင်ပါဝင်နေသည့် အာဆီယံအပါအဝင် နိုင်ငံတကာကုမ္ပဏီများ၊ ကော်ပိုရိတ်များအားလုံးကို ထိရောက်စွာ ဒဏ်ခတ်ပိတ်ဆို့ အရေးယူရန် အဆိုပါ ပြည်တွင်းပြည်ပအဖွဲ့စည်းများက ထုတ်ပြန်ချက်တွင် တောင်းဆိုသည်။

နိုင်ငံတကာအစိုးရများ အထူးသဖြင့် ယူကေအစိုးရအနေဖြင့် မြန်မာနိုင်ငံသို့လေယာဉ်ဆီ သယ်ယူပို့ ဆောင်ရေးတွင်ပါဝင်နေသည့် ဆီတင်သင်္ဘောများနှင့် အခြေခံအဆောက်အအုံများအတွက် ရေကြောင်း အာမခံ ဝန်ဆောင်မှုပေးနေခြင်းများကို ပိတ်ဆို့ တားဆီးရမည်ဟုလည်း ဆိုသည်။

“စစ်အုပ်စု လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ အဆက်မပြတ် ကျူးလွန်တိုက်ခိုက်နိုင်နေခြင်းသည် အာဏာရှင် မိတ်ဖက် ရုရှား၊ တရုတ်၊ ဘယ်လာရုစ် စသည့် နိုင်ငံများမှ လေယာဉ်နှင့် ဗုံးတပ်ဆင်သည့် လက်နက် ကိရိယာများ ဝယ်ယူနိုင်ခြင်းကြောင့်ဖြစ်သည်”ဟု အဆိုပါအဖွဲ့အစည်းများက ပြောသည်။

“ထိုသို့ ဝယ်ယူနိုင်ရန် ထိုင်းနိုင်ငံပိုင် PTTEP ကုမ္ပဏီမှ လစဉ် ဓာတ်ငွေ့ ဝင်ငွေများ တရားမဝင် စစ်အုပ်စုကို ဒေါ်လာ သန်းနှင့်ချီ ငွေပေးချေနေမှုများကို ချက်ချင်း ရပ်တန့်ရမည်”ဟု ဆိုသည်။

ပြည်သူ့ဘဏ္ဍာ ရေနံဓာတ်ငွေ့ အခွန်ငွေများကို စစ်ကော်မရှင် ထုတ်ယူသုံးစွဲခွင့်မရှိသည့် အက်စ်ခရိုး အကောင့်တွင် သိမ်းဆည်းရန်လည်း တောင်းဆိုထားသည်။

စစ်ကော်မရှင်ကို ပြစ်ဒဏ်ကင်းလွတ်ခွင့် ဆက်လက်မရစေရန်နှင့် အရပ်သားပစ်မှတ်များအပေါ် ရည် ရွယ်ချက်ရှိရှိ စစ်ရာဇဝတ်မှုကျူးလွန်နေမှုများကို ချက်ချင်းရပ်တန့်ရန် နိုင်ငံတကာအစိုးရများ အားလုံး အနေဖြင့် တစုတစည်းတည်း ပြစ်ဒဏ်ပေး အရေးယူရမည်ဖြစ်ကြောင်းလည်း ပြောသည်။

စစ်ကော်မရှင်သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ရက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် ရခိုင်ပြည် နယ်၊ မြောက်ဦးပြည်သူ့ဆေးရုံအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၃၃ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရပြီး ၇၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ထို့ပြင် စစ်ကော်မရှင်အနေဖြင့် အနည်းဆုံး အရပ်သားရှစ်ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရစေခဲ့သည့် ဒီဇင် ဘာ ၁၁ ရက် ည ၇ နာရီ ကျောက်ဖြူမြို့နယ် င/လုံးစုကျေးရွာကို ဗုံးကြဲတိုက်ခိုက်မှုအပါအဝင် စစ်ရာဇ ဝတ်မှုများအား ရက္ခိုင်ပြည်နယ်ရှိ မြို့နယ် ခုနစ်ခုတွင် ကျုးလွန်နေကြောင်း သိရသည်။

စစ်ကော်မရှင်အားအရေးယူရန်တောင်းဆိုထားသည့် အဖွဲ့အစည်း ၂၀၀ ကျော်တွင် Justice for Myanmar (JFM)၊ Burma Campaign UK၊ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)၊ Arakan CSO Network စသည့် အဖွဲ့များလည်း ပါဝင်သည်။

January 10, 2026
စစ်အုပ်စုထောက်ခံသူတဦးဖြစ်တဲ့ ကျော်စိုးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းမိပြီ ဆိုတဲ့...
January 9, 2026
တိုက်ပွဲများ ဖြစ်ပွားနေသော ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အတွင်း ကျင်းပမည့် ရွေးကောက်ပွဲတွင်...
ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေကို စစ်ကော်မရှင်လက်အောက်ခံ ဗဟိုဘဏ်သတ်မှတ်ဈေး ကျပ်ငွေဖြင့် လဲလှယ်ပေးရမည့် ပမာဏကို ၁၀ ရာခိုင်နှုန်းလျှော့ချသတ်မှတ်လိုက်ကြောင်း ယနေ့ (ဇန်နဝါရီ ၈) ထုတ် စစ်ကော်မရှင် ထိန်းချုပ် သတင်းစာများတွင် ဖော်ပြသည်။  (MOI)
January 9, 2026
ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေကို စစ်ကော်မရှင်လက်အောက်ခံ ဗဟိုဘဏ်သတ်မှတ်ဈေး...
မုဒုံမြို့နယ် ကတုံးပေါ်ရွာ မီးလောင်မှုအတွင်း ပျက်စီးသွားသည့် နေအိမ်များ။ ကတုံးပေါ်ရွာ၌ ဇန်နဝါရီလ ၈ ရက်နေ့က မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၆၀ ထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
January 8, 2026
မွန်ပြည်နယ်၊ မုဒုံမြို့နယ် ကတုံးပေါ်ရွာ၌ ယနေ့ (ဇန်နဝါရီလ ၈ ရက်) မီးလောင်မှုဖြစ်ပွားရာ နေအိမ်...