Published
Wednesday, December 17, 2025
မယ်လဒုက္ခသည်စခန်းမှာ လာမဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလကစပြီး လစဉ်သောက်သုံးရေပေးဝေမှုကို ဖြတ်တောက်သွားမယ်။
- အုပ်ချုပ်နယ်မြေတွေ ကျယ်ပြန့်လာနေတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ထိတွေ့ဆက်ဆံပြီး ဒေသန္တရ အုပ်ချုပ်ရေးစနစ်အားကောင်းလာစေဖို့အတွက် အကူအညီပေးဖို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် KPSN က နိုင်ငံတကာအစိုးရတွေဆီ တောင်းဆိုလိုက်ပါတယ်။
- ထိုင်း–မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်မှာရှိတဲ့ မယ်လဒုက္ခသည်စခန်းမှာ လာမဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလကစပြီး လစဉ်သောက်သုံးရေပေးဝေမှုကို ဖြတ်တောက်သွားမယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။
- ထိုင်း–မြန်မာနယ်စပ် မဲဆောက်မြို့ကို ထွက်ပြေးခိုလှုံလာတဲ့ CDM မိသားစုတွေဟာ ဘဝရပ်တည်ရေးအတွက် ကရင်ရိုးရာ ဂျပ်ခုတ်အထည်ရက်ပညာကို သင်ယူနေကြတဲ့အကြောင်းကိုလည်း တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။







