PDFက သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG ရဲ့ ဆက်ကြေးကောက်နေတဲ့သူတွေ ထွက်ပြေးနေတယ်လို့ သတင်းမှားဖြန့်ချိ

PDFက သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG ရဲ့ ဆက်ကြေးကောက်နေတဲ့သူတွေ ထွက်ပြေးနေတယ်လို့ သတင်းမှားဖြန့်ချိ

NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ ထွက်ပြေးနေတယ်ဆိုပြီးစစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေက သတင်းအမှား ဖြန့်ချိနေပါတယ်။

အဲ့ဒီအကြောင်းအရာကို စစ်ကောင်စီဝါဒဖြန့်ချန်နယ်တခုဖြစ်တဲ့ မှိုင်းဝေတယ်လီဂရမ်ချန်နယ်က

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ စတင်ဖြန့်ချိခဲ့တာ ဖြစ်ပြီးတော့ ဝင်ရောက်ကြည့်ရှု့သူ နှစ်သောင်းလေးထောင်ကျော်ရှိနေပြီး ပြန့်နှံ့မှုတွေ များနေပါတယ်။

ဖြန့်ဝေထားတဲ့ အကြောင်းအရာတွေကို အောက်ပါလင့်ခ်မှာ သွားရောက် ကြည့်ရှူနိုင်ပါတယ်။

ဖြန့်ဝေထားတဲ့အကြောင်းအရာ >>>> https://archive.ph/34jH0

အဲ့ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး Myanmar Fact-checking Network ရဲ့အဖွဲ့ဝင်ဖြစ်တဲ့ ဖက်ဒရယ် FMနဲ့ သျှမ်းသံတော်ဆင့်တို့ ပူးပေါင်းပြီး အချက်အလက် စစ်ဆေးကြည့်တဲ့အခါ သတင်းအမှား ဖြစ်နေတယ်ဆိုတာကိုစိစစ်တွေ့ရှိခဲ့ပါတယ်။

စစ်ဆေးတွေ့ရှိချက်

စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်ဖြစ်တဲ့ မှိုင်းဝေတယ်လီဂရမ်ချန်နယ်က ဖြန့်ချိလာတဲ့အကြောင်းအရာကို Google Search မှာ ( သစ်တော၊ ပတ်ဝန်းကျင်ကို သယံဇာတစီမံခန့်ခွဲမှုကို ယာယီရပ်ဆိုင်း) ဆိုတဲ့ စာသားနဲ့ ရှာဖွေကြည့်တဲ့အခါမှာ လွတ်လပ်တဲ့ပြီး ယုံကြည်စိတ်ချရတဲ့ သတင်းမီဒီယာသတင်းဌာနတွေဖြစ်ကြတဲ့ “ DVB၊ Myanmar Now တို့မှာ သတင်းဖော်ပြခဲ့ကြပြီးတော့ ‌ “သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ” ကလည်းအဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ထားတာကို တွေ့ရှိရပါတယ်။

Myanmar Now သတင်းဌာနရဲ့ သတင်းထဲမှာတော့ “ သစ်နဲ့သစ်တောထွက်ပစ္စည်း အရေးကိစ္စတွေကို ဆောင်ရွက်ရာမှာ အသက်အန္တရာယ်သာမက ဝန်ထမ်းတွေရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးနဲ့ ပဋိပက္ခများလျှော့ချရေးအတွက် ယာယီရပ်ဆိုင်းထာကြောင်း၊ NUG သယံဇာတဝန်ကြီးဌာနအောက်က ကဏ္ဍနှစ်ခုအနက် သစ်တောပတ်ဝန်းကျင်ကဏ္ဍရြ့ လုပ်ဆောင်မှုတွေကို ဒီဇင်ဘာလ ၁ ရက်နေ့မှစပြီးရပ်နားလိုက်ခြင်း ဖြစ်ကြောင်းနဲ့ အဆိုပါကိစ္စရပ်တွေကို ဖြေရှင်းနိုင်ရန် အစိုးရအဖွဲ့တွင်း ညှိနှိုင်းဖြေရှင်းသော်လည်း တိုးတက်မှုမရှိကြောင်း” သတင်းဖော်ပြထားပါတယ်။

Myanmar Now မှဖော်ပြထားသောသတင်း>>> https://shorturl.at/bx5Cr

အလားတူ လွတ်လပ်တဲ့မီဒီယာ သတင်းဌာတွေဖြစ်ကြတဲ့ DVB သတင်းဌာနမှာလည်း သတင်းဖော်ပြခဲ့ကြပြီးတော့ ‌ “သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ”ကလည်း သတင်းထုတ်ပြန်ထားခဲ့ကြပါတယ်။

DVB မှဖော်ပြထားသောသတင်း>>> https://burmese.dvb.no/post/736835

အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၏ထုတ်ပြန်ချက်>>> https://bit.ly/4rVMBtT

သုံးသပ်ချက်

လွတ်လပ်တဲ့ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်နဲ့ NUGရဲ့ ထုတ်ပြန်ချက်အရ သစ်နဲ့သစ်တောထွက်ပစ္စည်း အရေးကိစ္စတွေကို ဆောင်ရွက်ရာမှာ အသက်အန္တရာယ်သာမက ဝန်ထမ်းတွေရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးနဲ့ ပဋိပက္ခများလျှော့ချရေးအတွက် ယာယီရပ်ဆိုင်းထားကြောင်းကို တွေ့ရှိရပါတယ်။

ဒါပေမယ့် မှိုင်းဝေတယ်လီဂရမ်ချန်နယ်က ဖော်ပြနေသလိုမျိုး “NUG ကသူတွေကို PDFက သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ ထွက်ပြေးနေတယ်” ဆိုတဲ့ အကြောင်းအရာဟာ သတင်းဌာနတွေမှာ သတင်းဖော်ပြထားတာ မရှိပါဘူး။

စစ်ကော်မရှင်ရဲ့ ဝါဒဖြန့်ချန်နယ်တခုဖြစ်တဲ့ မှိုင်းဝေတယ်လီဂရမ်ချန်နယ်ကနေ ဖြန့်ဝေနေတဲ့ အကြောင်းအရာဖြစ်တဲ့ “ NUG ကသူတွေကို PDFက သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ ထွက်ပြေးနေတယ်”ဆိုတာ စကားလုံးတွေကို ပုံဖော်ပြီး လိုရာဆွဲရေးသားထားတဲ့ သတင်းအမှားဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့တယ်။

အဲ့ဒီတယ်လီဂရမ်ချန်နယ်က ဖော်ပြထားတဲ့အကြောင်းအရာဟာ လွတ်လပ်တဲ့ မီဒီယာရဲ့ ဖော်ပြထားတဲ့ သတင်းတွေကို ပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်အောင် စကားလုံးတွေကို ပုံဖော်ပြီး လိုရာဆွဲရေးသားပုံဖော် ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

စာဖတ်သူတွေအနေနဲ့ အခုလို ဒီဂျစ်တယ်လုံခြုံရေးနဲ့ပတ်သက်တာတွေ သိလိုရင်ဖြစ်ဖြစ် သတင်းတု၊ သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက် တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ် အတည်ပြု မေးမြန်းလိုရင်ပဲ ဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ ဖက်ဒရယ်FMနဲ့ သျှမ်းသံတော်ဆင့်ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web-https://myanmarfactcheckingnetwork.org/

Fb-https://www.facebook.com/myanmarfactcheckingnetwork

Fact-check, ဖက်ဒရယ် FM/ သျှမ်းသံတော်ဆင့်/ The Red Flag / MFCN

May 30, 2026
သျှမ်းပြည်တောင်ပိုင်း၊ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လက်သမားခ တစ်နေ့လျှင့် ကျပ်ငွေ...
May 29, 2026
သျှမ်းပြည် နမ့်စန်မြို့နယ် ခိုလမ်မြို့အနီးသို့ ရောက်ရှိနေသော RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး...
May 28, 2026
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး...
May 27, 2026
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် ရွာငံမြို့နယ် အောင်ပန်းမြို့နှင့် ပင်လောင်းဒေသဘက်များတွင်...