လွိုင်ကော်မြို့မှာ အရပ်သားနှစ်ဦး မောင်းနှင်လာတဲ့ လယ်ထွန်စက် မိုင်းကြိတ်မိပြီး ဒဏ်ရာရ

လွိုင်ကော်မြို့မှာ အရပ်သားနှစ်ဦး မောင်းနှင်လာတဲ့ လယ်ထွန်စက် မိုင်းကြိတ်မိပြီး ဒဏ်ရာရ

ကရင်နီပြည် ၊ လွိုင်ကော်မြို့၊ ပန်ကန်းရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားနှစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ ရက်နေ့မှာ တောင်ယာခင်းကနေ အပြန်လမ်းမှာ မိုင်းထိပြီး ဒဏ်ရာရှိကာ ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပန်ကန်းရပ်ကွက် အနောက်ဘက်မှာရှိတဲ့ ဦးမိုးကျော် ပိုင်ဆိုင်တဲ့ တောင်ယာခင်းမှာ အလုပ်လုပ်ပြီး အပြန်လမ်းမှာ မောင်းနှင်လာတဲ့လယ်ထွန်စက်ဘီးနဲ့ မိုင်း ကြိတ်မိပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။

“မိုင်းတွေက ရှင်းပြီးပြီဆိုလို့ လူတွေက ဝင်လုပ်ကြတာလေ။ ဘယ်ဖက် ကပဲ ထောင်ထောင် နစ်နာတာတော့ ပြည်သူတွေပါပဲ ” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

အဆိုပါ အမျိုးသားနှစ်ဦးဟာ အသက် ၄၅ နှစ်အရွယ် ဦးရီးရယ် နဲ့ အသက် ၄၀ အရွယ် ဦးမိုးကျော် တို့ ဖြစ်ပါတယ်။ မိုင်းပေါက်ကွဲမှုကြောင့် အဆိုပါ အမျိုးသားနှစ်ဦးဟာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်ရှိမှာ လွိုင်ကော်မြို့က အမှတ် ၇ စစ်ဆေးရုံ (ကုတင် ၁၀၀) မှာ ဆေးကုသမှု ခံယူနေရပါတယ်။

စစ်ကော်မရှင်ကတော့ အဲ့ဒီမိုင်းဟာ တော်လှန်ရေးတပ်ဖွဲ့ ( PDF ) က ထောင်ထားတဲ့ မိုင်း ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

(၁၁၁၁) စစ်ဆင်ရေးအတွင်း တိုက်ပွဲဖြစ်ပွားခဲ့တဲ့ မြို့ပေါ် ရပ်ကွက်မှာ ဒေသခံတွေဟာ စစ်ဘေးရှောင်ပြီး နေအိမ် ပြန်လာနေထိုင်သူတွေ၊ နေအိမ် သန့်ရှင်းရေး ပြန်လုပ်ကြတဲ့ ပြည်သူတွေဟာ မကြာခဏ မိုင်းနင်းမိကြပေမယ့် စစ်ကော်မရှင်တပ်က သတင်းဖော်ပြခြင်း မရှိပါဘူး။

လွိုင်ကော်မြို့အတွင်း မိုင်းရှင်းလင်းရေးအတွက် စစ်ကောင်စီလက်အောက်ခံ စစ်အင်ဂျင်နီယာတပ် (GE) ကို ဒေသခံတွေက အခကြေးငွေ ပေးဆောင်နေရပေမယ့် လက်ကျန်မြေမြှုပ်မိုင်းတွေကို နင်းမိသူတွေ ရှိနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

April 21, 2026
ထိုင်း-ကရင်နီနယ်စပ်မှာရှိတဲ့ ကရင်နီ ဒုက္ခသည်စခန်း အမှတ် (၂) မှာ ဧပြီ ၁၉ ရက်နေ့မှာ နေအိမ် ၄ လုံး...
April 20, 2026
ဧပြီလ ၁၈ ရက်နေ့ ညနေပိုင်းအချိန် ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းက...
ဓါတ်ပုံ - ကန္တာရ၀တီတိုင်း (မ်)
April 11, 2026
ဧပြီလ (၁၀)ရက်နေ့မှာ ကျရောက်တဲ့ ( ၂၆ ) ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အခမ်းအနားကို...
April 10, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ဒေသတွေမှာ ဓာတ်ဆီတစ်လီတာကို နှစ်သောင်းကျပ်အထိ...