နမ္မတီးမြို့ဘက် ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေအတွက် အနွေးအထည်နဲ့ အစားအသောက်တွေ လိုအပ်

နမ္မတီးမြို့ဘက် ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေအတွက် အနွေးအထည်နဲ့ အစားအသောက်တွေ လိုအပ်

ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ အနွေးအထည်နဲ့ အစားအသောက်တွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ဆောင်းရာသီ ရောက်ရှိလာပြီဖြစ်တာကြောင့် အနွေးအထည်တွေ လိုအပ်နေပြီး အထူးသဖြင့် ကလေးငယ်တွေအတွက် ပိုမိုလိုအပ်နေတယ်လို့ စစ်ရှောင်ပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

“အခုက အရမ်းအေးပြီ။ အကူအညီ မရောက်တာ တော်တော်ကြာပြီ။ ခက်ခဲတာတွေက အစားအသောက်တွေ လိုအပ်တယ်။ အေးလာပြီဆိုတော့ တစ်ချို့အိမ်ထောင်တွေက ကလေးကများ အကုန်လုံးကို အနွေးအထည် လောက်အောင်က မလွယ်ကူဘူး။ အဓိကကတော့ ကလေးတွေပေါ့။ အနွေးအင်္ကျီ၊ အနွေး ဘောင်းဘီလိုမျိုး လိုအပ်နေတယ်။ ရတဲ့ တစ်ထည်ကိုပဲ ဝတ်နေတာမျိုးပေါ့။” လို့ ဆိုပါတယ်။

ဒါ့အပြင် အထက်ပါ စစ်ရှောင်ပြည်သူရဲ့ ပြောပြချက်အရ စစ်ရှောင်စခန်းဘက် လာရောက်ကူညီတာတွေ နည်းပါးသွားတဲ့ အခြေအနေရှိနေတယ် ထပ်မံသိရှိရပါတယ်။

ဟူးကောင်းလီဒိုလမ်းတစ်လျှောက် စစ်ကောင်စီပူးပေါင်းတပ်တွေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလပိုင်းလောက်ကနေ စစ်ရေးလှုပ်ရှားမှု ခပ်စိပ်စိပ်ဖြစ်ပေါ် လာပြီးနောက်ပိုင်း စစ်ရေးလှုပ်ရှားတဲ့ နေရာနဲ့ အနီးတစ်ဝိုက်က ရွာတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတာပါ။

ခန့်မှန်းမရတဲ့ စစ်ရေးအခြေအနေတွေကြောင့် လီဒိုလမ်းပိုင်းတစ်လျှောက်က ဒွမ်ဘုံးခ၊ လဝါး၊ ခွမ်စိုင်ယန်၊ လဂေါင်တောင်၊ ဝါရာဇွပ်၊ ရှဒူးဇွပ်-စတဲ့ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာ နေရာတွေဆီ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ပြီး အကူအညီတွေလည်း အများအပြား လိုအပ်နေတာပါ။

ဒါ့အပြင် လက်ရှိအချိန် နမ္မတီးမြို့အတွင်း စစ်ရှောင်စခန်း ၆ ခုရှိပြီး လူဦးရေ စုစုပေါင်းကတော့ သောင်းဂဏန်း ရှိနိုင်တဲ့အပြင် အထက်ပါ ကျေးရွာတွေက ပြည်သူတွေသာမက နန့်ယားကျေးရွာက ဒေသခံပြည်သူတွေပါ တိမ်းရှောင် နေထိုင်နေကြတယ်လို့လည်း သိရှိရပါတယ်။

May 19, 2026
မြစ်ကြီးနား-တနိုင်း လီဒိုလမ်းမကြီးပေါ်မှာ တရုတ်လူမှုကွန်ရက် အက်ပလီကေးရှင်းတစ်ခုဖြစ်တဲ့ We Chat...
May 16, 2026
သေခြင်းတရားနဲ့ အနီးစပ်ဆုံး အခြေအနေကို ကြုံရပြီးတဲ့နောက် ဒေါ်ဆိုင်းပန်တစ်ယောက် သူ့ရဲ့...
May 14, 2026
ဖားကန့်ဒေသအတွင်း စစ်ရေးတင်းမာနေတာကြောင့် ကျောင်းသားမိဘအချို့ဟာ မိမိတို့သားသမီးတွေ ...
May 11, 2026
ပြီးခဲ့တဲ့ ဧပြီတစ်လတာအတွင်း နိုင်ငံတဝှမ်းမှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုကြောင့် အသက် ၁၈ နှစ်အောက်...