ဗန်းမောက်တိုက်ပွဲအတွင်း စစ်တပ်က လေယာဥ်နဲ့နှစ်ရက်ဆက်တိုက်ဗုံးကြဲ

ဗန်းမောက်တိုက်ပွဲအတွင်း စစ်တပ်က လေယာဥ်နဲ့နှစ်ရက်ဆက်တိုက်ဗုံးကြဲ
Photo credit - CJ
Photo credit - CJ

စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်တစ်ဝှိုက် နှစ်ဖက်တပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေယာဉ်နဲ့ နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာလ ၂၉၊ ၃၀ ရက် မနေ့ကနဲ့ ဒီနေ့မနက်ခင်းတွေမှာ တစ်မနက်လုံးနီးပါး ဂျက်ဖိုက်တာ၊ Y12 အမျိုးစားလေယာဉ်တွေနဲ့ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“လေယာဉ်ကလေ မကြဲတာကြာပြီ။ ဒီနှစ်ရက်ကို ဆက်တိုက်လာကြဲတာ။ အရင်လတွေကလည်း ကြဲပါတယ်။ ဒါပေမဲ့ ခပ်ခွာခွာပေါ့ တိုက်ပွဲကလည်း ငြိမ်တယ်လို့တော့ မရှိပါဘူး။ ဒါပေမဲ့ ပြင်းပြင်းထန်ထန် လာကြဲတာကတော့ ဒီနှစ်ရက်‌ပေါ့။ မနေ့တုန်းက တစ်မနက် လုံးလာကြဲတယ်။ ဒီမနက်ရောပဲ တစ်မနက်လုံးပဲ”လို့ စစ်ရေးအခြေနေ သိရှိတဲ့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီ၊ ရှမ်းနီအမျိုးသားတပ်မတော် SNA ပူးပေါင်းတပ်တွေဟာ ဗန်းမောက်မြို့ကိုပြန်လည်ရရှိရေး အင်အားသုံးထိုးစစ်ဆင် နေတာဖြစ်ပြီး နှစ်ဖက်တပ်တွေအကြား အချိန်မရွေး တိုက်ပွဲ ဖြစ်ပွားနိုင်တဲ့အခြေနေ ရှိနေတာလို့ သိရပါတယ်။

ဒါ့အပြင် ဒီရက်ပိုင်းတိုက်ပွဲတွေက အနည်းငယ် ပြင်းထန်တဲ့အကြောင်း အထက်ပါဒေသခံအမျိုးသားက ဆက်ပြောပါတယ်။

“နှစ်ဖက် တိုက်ပွဲရှိလို့ လေယာဉ်နဲ့ လာကြဲတာပါ။ မြို့နားပတ်ချာလည်ပဲ။ တိုက်ပွဲကတော့ ပုံမှန်ဆို ရက်ခြားပြီးတော့ ဖြစ်တယ်။ ဒါပေမဲ့ ဒီရက်ပိုင်းတော့ နှစ်ရက် ဆက်တိုက်ပေါ့”လို့ ပြောပါတယ်။

ဒါ့အပြင် နှစ်ဖက်တပ်တွေအကြား ဗန်းမောက်မြို့ကပ်လျှက်ရွာတွေမှာ တိုက်ပွဲပြင်းထန်နေကြတာကြောင့် အရပ်သားထောင်နဲ့ချီ ဘေးလွှတ်ရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

တစ်ဖက်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်နေ့ကဆိုရင်လည်း ဗန်းမောက်မြို့တောတွင်းတစ်နေရာက MOH ဆေးရုံနဲ့ ဗန်းမောက် အချုပ်ထောင်တို့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး ကျန်းမာရေးဝန်ထမ်း ၂ ဦးသေဆုံးခဲ့ရပါသေးတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ဧပြီလက နှစ်ပေါင်း၁၀၀ကျော်အတွင်းအပြင်းထန်ဆုံးလှုပ်ခတ်ခဲ့တဲ့ ငလျင်ပြီးတဲ့နောက်ပိုင်း ဧပြီလကနေ ဇူလိုင်လအထိ ၄လအတွင်း နိုင်ငံတစ်ဝှမ်းက ဆေးရုံးဆေးခန်းနေရာ ၃၀ ကို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှု တွေလုပ်ခဲ့တယ်လို့ NUG ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

Most read this week

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...