ကျည်၊ ဘတ်ဂျတ်နဲ့ ရဲဘော်အင်အားနည်းလို့ မိုးကုတ်၊ မိုးမိတ်ကို ပြန်ပေးတာလို့ ဗိုလ်ချုပ်တားဘုန်းကျော်ပြော

ကျည်၊ ဘတ်ဂျတ်နဲ့ ရဲဘော်အင်အားနည်းလို့ မိုးကုတ်၊ မိုးမိတ်ကို ပြန်ပေးတာလို့ ဗိုလ်ချုပ်တားဘုန်းကျော်ပြော

ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ် ညှိနှိုင်းရတာ ဖြစ်တယ်လို့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ရဲ့ အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်က ရေးသားလိုက်ပါတယ်။

မိုးကုတ်ဋီကာ ဆိုတဲ့ စာတစ်ပုဒ်ကို ဒီနေ့မနက်အစောပိုင်းက သူ့ရဲ့ Facebook အကောင့်မှာ ရေးသားခဲ့တာပါ။

“ကျည်မရှိ ဘတ်ဂျတ်မရှိ သေစရာလူသူလည်းနည်းလာတော့ မိုးကုတ်-မိုးမိတ်နဲ့ ညှိပြီး အပစ်ရပ်ရတယ်။ ပွဲကမပြီးသေးပါဘူး.. ဒါပေမဲ့ အဆဲတွေက စုံလွန်းလှပါတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် တအာင်းနိုင်ငံရေးရဲ့ ပန်းတိုင်တခုဟာ မိုးကုတ်မြို့ကို တအာင်းပြည်နယ်ထဲ ပြန်ပါအောင် ကြိုးပမ်းရေး ဖြစ်တယ်တယ်လို့လည်း သူက ရေးထားပါတယ်။

အဲဒီမိုးကုတ်ဟာ လွန်ခဲ့တဲ့ နှစ်ထောင်ချီက တအာင်းလူမျိုးတို့တည်လာတဲ့ (မိုဂူ;-လင်းလင်တဲ့ကျောက်) နေရာဖြစ်တာကြောင့် အဲဒီလိုရည်မှန်းထားတာလို့ ဆိုပါတယ်။

“အခုတော့ လက်ထဲရောက်တဲ့ ကိတ်မုန့်ကို မစားရပဲ ပုတ်ချခံလိုက်ရသလိုမျိုး အသည်းကွဲရပါတယ်။ ကံမကုန်သေးရင်တော့ ကြိုးစားသူအတွက် ရလဒ်ရှိစမြဲလို့ ယုံကြည်ပါတယ်။” လို့ ဗိုလ်ချုပ်တာဘုန်းကျော်က ရေးသားထားပါတယ်။

ဒါ့အပြင် သူတို့အနေနဲ့လည်း ဆယ်စုနှစ်ကျော် တည်ဆောက်ခဲ့တဲ့ အရင်းအမြစ်တွေကို နွေဦးတော်လှန်ရေးအတွက် အကောင်းဆုံးပံ့ပိုးခဲ့သလို ၃/၄ နှစ်ကာလအတွင်း ရဲဘော်ထောင်ချီ ပေးဆပ်ခဲ့ရတာ အပြင် လက်နက်ဖိုးဒေါ်လာဘီလီယံချီ အကြွေးတင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အခုနှစ်ထဲမှာတော့ TNLA ထိန်းချုပ်ဒေသက ပြည်သူတွေနေထိုင်တဲ့နေရာတွေကို စစ်အုပ်စုက နေ့စဉ် ရက်ဆက်နီးပါး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အဲဒီနောက် မိုးကုတ်နဲ့ မိုးမိတ်ကို TNLA က စစ်အုပ်စုနဲ့ညှိပြီးပြန်ပေးလိုက်သလို မိုးကုတ်မြို့ထဲကို စစ်အုပ်စုတပ်ဖွဲ့တွေ မိုးကုတ်ထဲကို ဝင်လာတာကြောင့် ဝေဖန်ခံနေရတာဖြစ်ပါတယ်။

အဲဒီနောက် နိုဝင်ဘာ ၃၀ ရက်နေ့ ညပိုင်းကစလို့ မြို့ပြင်ထွက်လာတဲ့ စစ်အုပ်စုရဲ့ တပ်ဖွဲ့ဝင်တွေနဲ့ တော်လှန်ရေးအဖွဲ့တွေကြား ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

မိုးကုတ်မြို့ကိုတော့ ၁၀၂၇ စစ်ဆင်ရေးမှာ TNLA နဲ့ တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီလက်ကထဲကနေ ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

Most read this week

စက်တင်ဘာလ ၂ ရက်က စစ်အုပ်စု၏ စစ်သင်္ဘောပေါ်မှ ပါရှိသူများ လက်နက်ချနေစဉ်
September 9, 2026
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့များက စစ်အုပ်စုတပ်၏ စစ်သင်္ဘောပေါ်မှ ဖမ်းဆီးရမိ...
September 2, 2026
ယနေ့ စက်တင်ဘာလ ၂ ရက် နံနက် ၆ နာရီဝန်းကျင်မှ နေ့လယ်ပိုင်းအထိ ရွှေကူနှင့် ဗန်းမော်မြို့နယ်ကြား...
ဓာတ်ပုံ - (Banmaw Scout Team)
September 1, 2026
ကချင်ပြည်၊ ရွှေကူအထက် မြစ်ကျဉ်းမရောက်မီ ဇင်းဘုံကျေးရွာအနီး စစ်အုပ်စုတပ် လုံခြုံရေးယူ စခန်းချနေ...
ဓာတ်ပုံ - WFP
August 28, 2026
မြန်မာနိုင်ငံမှ လူများအတွက်မူ အသင့်စား ခေါက်ဆွဲခြောက်သည် အာသာပြေ စားရန် သို့မဟုတ် ထမင်းဟင်း...