စစ်တွေမြို့၊ ဆတ်ရိုးကျချောင်းထဲ ငါးရှာသူအမျိုးသားသုံးဦးဖမ်းဆီးခံရ

စစ်တွေမြို့၊ ဆတ်ရိုးကျချောင်းထဲ ငါးရှာသူအမျိုးသားသုံးဦးဖမ်းဆီးခံရ

စစ်ကော်မရှင် ထိန်းချုပ်ထားဆဲဖြစ်သည့် စစ်တွေမြို့တွင် ဟင်းစားရန်ငါးရှာထွက်သည့် အမျိုးသားသုံးဦးကို နိုဝင်ဘာ ၁၈ ရက်နေ့က အကြမ်းဖက် စစ်တပ်နှင့်ရဲက ဖမ်းဆီးသွားသည်ဟု သတင်းရရှိသည်။ 

ဖမ်းဆီးခံရသူများမှာ ဆတ်ရိုးကျရပ်ကွက်မှ ကိုကျော်ဝင်းနိုင်နှင့် ၎င်း၏ သူငယ်ချင်း နှစ်ဦး တို့ဖြစ်ကြသည်ဟု ရပ်ကွက်နေသူတစ်ဦးက နိရဉ္စရာကို ပြောသည်။

"သူတို့က ငါးရှာတဲ့အချိန်က ညလည်း မဟုတ်ပါဘူး။ မွန်းလွဲ ၂ နာရီခန့်မှာပါ။ စစ်တွေမြို့အပြင်ဘက်မှာ ဖမ်းတာလည်း မဟုတ်ဘူး၊ ဆတ်ရိုးကျချောင်းမှာဘဲ ငါးဖမ်းတာပါ။ အဲဒါကို မတရားဖမ်းသွားတယ်။" အဖမ်းခံရသူသုံးဦးမှာ လူလတ်ပိုင်းအရွယ်များဖြစ်ကြပြီး ဖမ်းဆီးပြီးနောက် စစ်တွေ အမှတ် (၂) ရဲစခန်းကို တန်းပို့ထားသည်ဟု ပြောသည်။

"သူတို့ကို အမှတ် ၂ ရဲစခန်းကို ပို့ထားတယ်။ အခုအချိန်ထိ မိသားစုနဲ့တော့အဆက်သွယ်မရသေးဘူး။"ဟု ပြောသည်။

ပင်လယ်ပြင်ကို ငါးရှာထွက်တာမဟုတ်ဘဲ ချောင်းတွင်းထဲတွင် ဟင်းစားရှာသူများကိုလည်း စစ်အုပ်စုက ဖမ်းဆီးမှုများ မကြာခဏ ပြုလုပ်နေပြီး ချောင်းအနီး နေထိုင်ကြသည့် ဆတ်ရိုးကျရပ်ကွက်နေသူများမှာချောင်းထဲ ငါးရှာရာမှ မကြာခဏ ဖမ်းဆီးခံနေရသည်ဟု ၎င်းက ပြောဆိုသည်။

ထိုသို့ဖမ်းဆီးရာ စစ်တပ်နှင့်ရဲကို ငွေပေးနိုင်လျှင် တချို့ကို ပြန်လွှတ်ပေးပြီး ငွေမပေးနိုင်သူများကို တရားရုံးတင်ကာ ထောင်ချမှုများ၊ငွေဒဏ်ရိုက်မှုများရှိနေသည်ဟု ပြောသည်။

နိုဝင်ဘာ ၁၆ ရက်တွင်လည်း အကြမ်းဖက်စစ်တပ်မှ စစ်သားများသည် စစ်တွေ၊ စက်ရုံစုရပ်ကွက်၊ ရွာသာယာအစုတွင်နေထိုင်သည့်အမျိုးသားတစ်ဦးကို အကြောင်းမဲ့ဖမ်းဆီးသွားခဲ့ပြီး ယနေ့အချိန်ထိ  ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဟု သိရသည်။

Most read this week

ဓါတ်ပုံ - Daily Times Of Bangladesh
August 19, 2026
အာရက္ခတပ်တော် (AA) သည် ရေပိုင်နက် ကျူးကျော်ဝင်ရောက်မှုဖြင့် ဖမ်းဆီးထားသော...
August 19, 2026
အာရက္ခ (ရခိုင်) ပြည်၊ မြောက်ဦးမြို့နယ်၊ လေးမြို့ချောင်းတစ်လျှောက်တွင် မိုးသည်းထန်စွာ...
August 17, 2026
အာရက္ခတပ်တော် (AA) က ဝိုင်းဝန်းပိတ်ဆို့ထားသော နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးဗျူဟာသို့...
စစ်အုပ်စုတပ်သား (ပုံဟောင်း)
August 17, 2026
ရခိုင်ပြည် (အာရက္ခပြည်)၊ ကျောက်ဖြူစစ်မျက်နှာ နှစ်ခုအနက် အဝတောင်စစ်မျက်နှာတွင် အထိအခိုက် အကျ...