ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါမြို့နယ်ထဲက တိုက်ပွဲတွေမှာ စစ်ကော်မရှင်တပ်က ၁၀၀ ခန့်သေဆုံး

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါမြို့နယ်ထဲက တိုက်ပွဲတွေမှာ စစ်ကော်မရှင်တပ်က ၁၀၀ ခန့်သေဆုံး

- ချင်းပြည်နယ်မြောက်ပိုင်းကို ဦးတည်လာနေတဲ့ စစ်ကော်မရှင်စစ်ကြောင်းတွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကြား ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါမြို့နယ်ထဲမှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပြီး စစ်ကော်မရှင်တပ်က ဗိုလ်မှူး၊ ဗိုလ်ကြီးအဆင့် အရာရှိတွေအပါအဝင် တပ်ဖွဲ့ဝင် ၁၀၀ ခန့် သေဆုံးတယ်လို့ ချင်းပြည်အစိုးရက ပြောပါတယ်။

- တော်လှန်ရေးကာလ ၅ နှစ်နီးပါးမှာ အာဏာသိမ်းစစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်ထဲရှိ ချင်းတော်လှန်ရေးရဲဘော် ၁၁၅ ဦးထက်မနည်း သေဆုံးပြီး ချင်းပြည်နယ်ပြင်ပဒေသရှိ ချင်းတော်လှန်ရေးရဲဘော် ၁၆ ဦးထက်မနည်း သေဆုံးတယ်လို့ ချင်းရေးရာအဖွဲ့ချုပ်(ICA)က ပြောပါတယ်။

- ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့စစ်ကြောင်းထိုးမှုကြောင့် ကလေးငယ် ၃,၀၀၀ ကျော်အပါအဝင် ပြည်သူ ၂၀,၀၀၀ ကျော်ဟာ အိုးအိမ်စွန့်ခွာ စစ်ရှောင်နေရပြီး လက်ရှိမှာ အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။

Most read this week

September 11, 2026
- အာရက္ခတပ်တော်(ULA/AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ...
September 10, 2026
- ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှာ နှမ်းစျေးကျဆင်းတာကြောင့် အရှုံးပေါ်နေတယ်လို့...
September 9, 2026
- မယ်လဒုက္ခသည်စခန်းမှာ အမေရိကန်အစိုးရရဲ့ အကူအညီပေးရေး ရန်ပုံငွေတွေ ရပ်ဆိုင်းခံရပြီးတဲ့နောက်...
September 8, 2026
- အစားအစာမလုံလောက်မှုကြောင့် စစ်ရှောင်ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ ကျန်းမာရေး...