ကော့ကရိတ် မောင်းမရွာတိုက်ပွဲတွင် စစ်တပ် အကျအဆုံးများပြီး တပ်ပြန်ဆုတ်

ကော့ကရိတ် မောင်းမရွာတိုက်ပွဲတွင် စစ်တပ် အကျအဆုံးများပြီး တပ်ပြန်ဆုတ်

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၆) နယ်မြေ၊ ကော့ကရိတ်မြို့နယ် တောင်ပိုင်းတွင် စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို မောင်းမရွာ၌ တော်လှန်ရေးတပ်များက ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က အကျအဆုံးပိုများပြီး တပ်ပြန်ဆုတ်သွားသည်ဟု မြေပြင်သတင်းရင်းမြစ်က ပြောသည်။

စစ်တပ်က ကော့ကရိတ်-ကျိုက်ဒုံလမ်းပိုင်းနှင့် ရေကျော်ကြီးရွာ ဘက်မှ စစ်ကြောင်းများ တပ်ဖြန့် ဝင်ရောက် လာခြင်းဖြစ်ပြီး တော်လှန်ရေးမဟာမိတ်တပ်များက ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ မောင်းမရွာဘုန်းကြီးကျောင်း ထိ စိုးမိုးထားနိုင်သည်ဟု မြေပြင် သတင်းရင်းမြစ်က ယခုလို ပြောသည်။

“စစ်တပ်စစ်ကြောင်းတွေက မြောက်ပိုင်းတိုး မရတော့တောင်ပိုင်းကိုတိုးလာတာ ကမိုင်ကုန်း၊ မောင်းမဘက်ကို ရေကျော်ကြီးရွာ၊ စကခ ၁၂ ဘက်နဲ့ ကျိုက်ဒုံ လမ်းပိုင်းဘက်ကနေဝင်လာတာ မောင်းမမှာ ၁၉ ရက် မနက်ပိုင်း တိုက်ပွဲ ဖြစ်တော့စစ်တပ်တပ်ရင်းမှူး အဆင့်ပါကျတယ်။ သူတို့ စစ်သားသစ်တွေကျတယ်။ ကိုယ်ဘက်ကလည်း ၂‌ ယောက်ကျတယ်။ ပြန်ဆုတ်‌ပြေးသွားတော့ အခုအဲနေရာတွေ ကိုယ့်တပ်ပေါင်းစုက ထိမ်းထားနိုင်တယ်” ဟု ၎င်းက ပြောသည်။

လက်ရှိ ကော့ကရိတ်မြို့နယ် တောင်ပိုင်းနှင့် မြောက်ပိုင်း ကျေးရွာများသို့ စစ်တပ် စစ်ကြောင်းဖြန့်ကာ အင်အား အလုံးအရင်းဖြင့် တိုက်ခိုက်နေပြီး နိုဝင်ဘာ ၁၇ မှ ၁၉ အထိ တိုက်ပွဲ ပြင်းထန်နေသည်ဟု ကလိုထူးဝါး စစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။

“စစ်တပ်က ကော့ကရိတ်ကို ကျုံဒိုးကနေစစ်ကူ တော်တော်ရောက်နေတယ်၊‌ နေ့တိုင်းပို့နေတာ။ ကောင်းမှု၊ အောက်ဘိုတဲ ဘက်လည်း စစ်ကြောင်း ၂‌ ကြောင်းတက်တယ်။ ကမိုင်ကုန်းဘက်လည်း ထိုးတယ်။ နောက်ကနေ ခလ ရ၉၇ တပ်၊ စကခ ၁၂ရဲ့ အရံတပ်ရင်း ၃၂၀ တပ်၊ လှိုင်ဝအမြောက်တပ်တွေကနေ လက်နက်ကြီး ပစ်ကူ တစ်နေ့လုံး တောင်ဘက်၊ မြောက်ဘက် ပစ်နေတယ်” ဟု ၎င်းက ပြောသည်။

ယခု နိုဝင်ဘာလ ၁ ရက်မှ ၁၇ ရက်အတွင်း ကော့ကရိတ် မြောက်ပိုင်းထီဖိုးစံ ကျေးရွာအုပ်စုနောင်ကိုင်း၊ မိဖာလဲ ကျေးရွာဘက်ရှိ KNLA မဟာမိတ်ပူး ပေါင်းတပ်များ လိုက်လံ ပိတ်ဆို့တိုက်ခိုက်သည့်အတွက် စစ်တပ် စစ်ကြောင်းများ အကျအဆုံးများပြီး ဒေါနတောင်အောက်ဘိုတဲလမ်းပိုင်းကို စစ်ဆင်သည့်စစ်ကြောင်း ထီဖိုးစံ ကျေးရွာအပြင်ဘက်တွင် ရပ်တန့် နေကြောင်းသိရသည်။

စစ်တပ်က ရွေးကောက်ပွဲအတွက် စစ်ကြောင်းထိုးနေသော်လည်း ကျုံဒိုးနှင့် ကော့ကရိတ် မြို့ပေါ်ရပ်ကွက် များကိုသာ ထိမ်းချုပ်ထားနိုင်ပြီး ကျေးရွာဒေသများ၊ ကျေးရွာခြင်းဆက်၊ မြို့ခြင်း ဆက်သွယ်သည့် လမ်းပိုင်း များကို ထိမ်းချူပ်သိမ်းပိုက်နိုင်ခြင်းမရှိသလို ကျုံဒိုး-ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းကိုလည်းအပြည့်အဝ မထိမ်းချုပ်နိုင်သေးကြောင်း သိရသည်။

ဓာတ်ပုံ - KIC
July 3, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ပိုင်းရှိ ဖလူး-မင်းလက်ပံဒေသတွင် တိုက်ပွဲများ တကျော့ပြန် ပြင်းထန်လာပြီး...
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ ရက်၊ ကရင်အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) နယ်မြေ အကျဉ်းထောင်တွင် ထိန်းသိမ်းထားသည့် အကျဉ်းသူ၊ အကျဉ်းသား ၁၀၄ ဦးအား လွတ်ငြိမ်းချမ်းသာခွင့် ပေးသည့် အခမ်းအနား (Photo: KNU)
July 2, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ၊ ဒူးပလာယာခရိုင် (တပ်မဟာ ၆)၊ ...
Photo: CJ
July 1, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့ကို စစ်အုပ်စုတပ်က ပြန်လည်ထိန်းချုပ်ပြီးနောက် ရပ်ကွက်များအတွင်း ညဘက်တွင်...
June 30, 2026
ကရင်ပြည်နယ်အတွင်းရှိ မြဝတီ-ကော့ကရိတ်-ဖားအံ အာရှလမ်းမကြီးပေါ်တွင် စစ်အုပ်စုက ခရီးသွားလူငယ်များကို...